နိုင်ငံခြားသို့ မထွက်မီ ရန်ကုန် နေ့ရက်များ
ဌေးဝင်း
ကိုရီးယားမှာ အလုပ်လုပ်နိုင်ရန် ချိတ်ဆက်ပေးနိုင်မဲ့ ပွဲစားကိုရဖို့ ရှာရပြန်တယ်။ လူတွေက ကိုးရီးယားကိုထွက်ပြီး အလုပ်လုပ်တာ အဆင်ပြေတယ်ဆိုလို့ ကိုရီးယား ကိုရီးယားနဲ့ ဖြစ်နေကြတာ။
ပွဲစားပို့ပေးတဲ့ အလုပ်ခေါ်စာနဲ့ ပတ်စပို့ လျှောက်ရတာ။ ပတ်စပို့ ရဖို့အတွက် ဟိုပေးရ ဒီပေးရ လုပ်ရတာလည်း မလွယ်။ ငွေကုန် အချိန်ကုန်။ လက်ထဲ ပိုက်ဆံရှိရုံနဲ့ ဟိုကိုတန်းပြီး ထွက်သွားလို့ မရဘူးဆိုတာ ကိုယ်တိုင်လုပ်ကြည့်မှ ငါ သိလာရတယ်။ သွားနေကြသူတွေ အများစုက ရန်ကုန်က ကိုးရီးယားကို တိုက်ရိုက်သွားလို့ မလွယ်ဘူး။ ထိုင်းကို အရင်ထွက်။ ပြီးမှ ဘန်ကောက်က အေးဂျင့် (ပွဲစား) နဲ့ ချိတ်ဆက်ပြီး ကိုးရီးယားကိုထပ်သွားရတာ။
ဒါကြောင့် ငါလည်း ပတ်စ်ပို့လုပ်ရင်း ရန်ကုန်မှာ သောင်တင်နေတယ်။ နေတာကတော့ အင်းစိန်။ ဒါပေမဲ့ သူငယ်ချင်း အပေါင်းအသင်းတွေက လှည်းတန်း။ ကျောက်မြောင်းနဲ့ တက္ကသိုလ်ဝန်းကျင် ကမာရွတ်မြို့နယ် လှိုင်မြို့နယ်တို့မှာ နေကြတာများတော့ ငါလည်း အင်းစိန်မှာ နေတယ်သာ ပြောတာ။ နေ့တိုင်းလိုလို သူငယ်ချင်းတွေရှိတဲ့ နေရာတွေကို သွားပြီး နေတတ်တာ။
အပေါင်းအသင်း သူငယ်ချင်းတွေကို အရမ်းခင်တွယ်တာ ငါတို့လူမျိုးတွေရဲ့ စရိုက်လား မသိလို့တောင် ထင်မိတယ်။ သူတို့လည်း ငါ့လိုဘဲ။ တချို့က သင်္ဘောတက်ဖို့ စောင့်နေကြသူ ရှိတယ်။ တချို့လည်း ရှိးဂျော့ Shore job နဲ့ နိုင်ငံခြားကို ထွက်ဖို့စောင့်။ တချို့ကျတော့လည်း တက္ကသိုလ်တွေက ခဏခဏ ပိတ်ထားတော့ ရန်ကုန် နဲ့ စစ်တွေကို ကုန်ပို့တဲ့ အလုပ်လုပ်နေကြသူတွေလည်း ရှိတယ်လေ။ သူတို့တွေက ငါ့ဘဝ ငါ့အခြေအနေကို သိထားတော့ ငါ့ကို အားပေးကြတယ်။ ငါ့မှာ အခက်အခဲ မရှိရလေအာင် ဝိုင်းရံ ကူညီပေးကြတယ်။
ပြီးတော့ ငါ့သူငယ်ချင်းတွေက ငါ့ကို ရန်ကုန်ရှိ ရက္ခိုင်အဖွဲ့အစည်းတွေနဲ့ ထိစပ်လို့ရအောင် ခေါ်ယူပြီး ဆက်သွယ်ပေးတာလည်း ရှိတယ်။ ရန်ကုန်မှာ ရက္ခိုင်ပြည် ဆယ့်ခုနှစ်မြို့နယ်လုံးက မြို့နယ် အသင်းအဖွဲ့ ဖွဲ့စည်းပြီး လူမှုရေး ဘာသာရေးကို ဆောင်ရွက်ပေးကတာ ရှိတယ်။ ရခိုင်သဟာယအသင်းဆိုရင် မြို့နယ်ကို အခြေမခံဘဲ လူမျိုးကို အခြေခံကာ ဖွဲ့စည်းထားတယ်။ ပုံမှန်အားဖြင့်တော့ ဒီအဖွဲ့က ပညာရေး လူမှုရေး ဘာသာရေးကို လုပ်တယ်လို့ မြင်ရပေမဲ့ တိုင်းပြည်အပြောင်းအလဲ ဖြစ်လာတဲ့အချိန်မှာ ချက်ချင်း နိုင်ငံရေးလုပ်မဲ့လူတွေ စုနေတဲ့နေရာ ဖြစ်နေတာကို တွေ့ရတယ်။ လက်တွေ့ပြောရရင် ရှစ်လေးလုံး ဖြစ်ပွါးပြီးနောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းတော့ ရခိုင်သဟာယအသင်းကလူတွေ အတော်များများဟာ အဲဒီထဲမှာ ပါဝင်ကြတဲ့ သမိုင်းရှိတယ်။
နောက် ရွှေတိဂုံရခိုင်မောင်မယ်တံမျက်စည်းလှည်းအသင်း ဆိုတာလည်း ရှိတယ်။ ဒီအသင်းမှာတော့ ရန်ကုန်တိုင်းထဲမှာ အလုပ်လုပ်နေကြတဲ့ လူငယ်လူရွယ်တွေ အဓိက ပါဝင်ကြတယ်။ တနင်္ဂနွေနေ့ ညနေတိုင်း ဘုရားရင်ပြင်တော်ပေါ်မှာ တံမျက်စည်းလှည်း ကုသိုလ်ယူကြတယ်။ အပျိုလူပျိုတွေ အများစု ပါဝင်ကြတာမို့ ပျော်စရာကောင်းတဲ့ အဖွဲ့အစည်းပါ။
ပြီးတော့ ငါ ယူဂျီဘဝကို မခံယူမီအချိန်ထိ စိတ်ကူးယဉ်အိမ်မက် မက်ခဲ့ဘူးတဲ့ တက္ကသိုလ် ပုရဝုဏ်ထဲကိုလည်း ရောက်တယ်။ ငါ့ညီတယောက် ကျောင်းတက်နေတာလည်း ပါတယ်။ ညီလေးက ဒဂုံဆောင်မှာနေပြီး တက်ရတယ်။ ဘူမိဗေဒ မေဂျာကပါ။
ငါ့သူငယ်ချင်းတွေက ကျောင်းပြီးသွားပေမဲ့ ကျောင်းထဲကို အဝင်အထွက် မပြတ်ကြဘူး။ ကျောင်းနေဘက် သူငယ်ချင်းတချို့က မဟာတန်းတွေ ဆက်တက်နေကြလို့ ဖြစ်သလို တချို့က အဆောင်တွေမှာ ဟောကျူတာ ဖြစ်နေတာလည်း ပါတယ်။
ဒါကြောင့် ငါလည်း ကျောင်းထဲကို မကြာခဏ သွားသွားလည်ဖြစ်တယ်။ တက္ကသိုလ်ထဲမှာ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ တက္ကသိုလ်ပေါင်းစုံက ရက္ခိုင် ကျောင်းသား ကျောင်းသူတွေကို စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ – ရန်ကုန်) ဆိုတာ ရှိတယ်။ ဆေးတက္ကသိုလ်၊ စက်မှတက္ကသိုလ်၊ စီးပွါးရေးတက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ စက်မှုသိပ္ပံ (အင်းစိန်) နဲ့ သူနာပြုတက္ကသိုလ်တွေက ကျောင်းသူ ကျောင်းသားတွေနဲ့ စုဖွဲ့ထားတာမို့ ငါ့အတွက် စိတ်ဝင်စားစရာ အဖွဲ့တခု ဖြစ်နေတယ်။
ဒီကျောင်းသားတွေကို အနီးကပ် ကြီးကြပ်လမ်းညွှန်ပေးနေတာက ကွန်ပြူတာတက္ကသိုလ်က ပါမောက္ခချုပ် ဒေါက်တာကျော်သိန်းတို့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ထွန်းမောင်တို့လို့ နားလည်ရတယ်။ သူတို့တွေက နာယကတွေပါ။ ကထိက၊ လက်ထောက်ကထိက၊ နည်းပြ သရုပ်ပြ ဆရာတွေက ဥက္ကဌ နေရာတွေယူပြီး လှုပ်ရှားကြသလို ကျောင်းသားတွေက အထွေထွေအတွင်းရေးမှူး အပါအဝင် အမှုဆောင် ကော်တီဝင်တွေအဖြစ် ပါဝင်ဆောင်ရွက်ကြတာကို တွေ့ရတယ်။
ဒီလိုနဲ့ ငါ့သူငယ်ချင်းတွေ မိတ်ဆက်ပေးလို့ ငါဟာ ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီက အထွေထွေအတွင်းရေးမှူး ကိုဌေးဝင်း အပါအဝင် အဖွဲ့ဝင် ဆရာတချို့ ကျောင်းသားတချိုနဲ့ ခင်မင်ခွင့် ရခဲ့တယ်။ အတူတူ သွားလာ စားသောက်ရင်း ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်လာခဲ့ကြတယ်။
တက္ကသိုလ်ကျောင်းဆိုတာ ဘဝရဲ့ အနာဂတ်အတွက် အကောင်းဆုံးကို တည်ဆောက်ပေးမဲ့ ပညာတွေကို သင်ယူနေကြသလို ဘဝတသက်တာမှာ အမှတ်ရစရာ မမေ့ရက်စရာ အကောင်းဆုံး နေ့ရက်များအဖြစ်လည်း တင်စား ပြောဆိုကြတာဟာ မမှားပါဘူး။ တည်ငြိမ် ခန့်ငြားထယ်ဝါတဲ့ စာသင်ဆောင်တွေ ကျောင်းသား ကျောင်းသူတွေရဲ့ အဆောင်တွေ။ ဂျဒ်ဆင်ဘုရားရှိခိုးကျောင်း သစ်ပုတ်ပင်နဲ့ ဘွဲ့နှင်းသဘင် အဓိပတိလမ်း ဝိဇ္ဇာခန်းမ ကံ့ကော်တန်း စိန်းပန်းပြာ စတဲ့ တက္ကသီလာရဲ့ ကြည်နူးဆွတ်ပျံ့ဖွယ် အလှတရားတွေဟာ ကျောင်းတော်သူ ကျောင်းတော်သားတွေရဲ့ နှလုံးသားမှာ ထာဝရစွဲထင်နေကြမဲ့ ပုံရိပ်တွေပါ။
ငါ့လို ခဏတာ လာလည်တဲ့သူတောင် ကျောင်းအရိပ်ဟာ အေးချမ်းမှုကို ပေးသလို ခံစားရတယ် မဟုတ်လား။ ပြီးတော့ ငါ့ကို ပိုမို အမှတ်ရစေတဲ့ တက္ကသိုလ်နဲ့ပတ်သက်တဲ့ ဖြစ်ရပ်တခုလည်း ရှိသေးတယ်။ အဲဒါကတော့ ရခိုင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ- ရန်ကုန်) က ကြီးမှူးကျင်းပတဲ့ အာစရိယ ပူဇော်ပွဲနဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို တက်ရောက်ခွင့် ရခဲ့တာပါဘဲ။ ၁၉၉၄ ခုနှစ်ကပါ။ လတွေ ရက်တွေကိုတော့ မမှတ်မိတော့ပါဘူး။
အဓိပတိလမ်းအတိုင်း ဝင်သွားပြီး စာကြည့်တိုက်ကိုကျော်။ ဘွဲ့နှင်းသဘင်ကို မရောက်ခင် ဘယ်ဘက်ကို ချိုးလိုက်တာနဲ့ ထုထည် ကြီးကြီးမားမားနဲ့ ခန့်ငြားတဲ့ ဝိဇ္ဇာခန်းမကို တွေ့ရတာပါဘဲ။ အခမ်းအနား ပြင်ဆင်ထားမှုထဲမှာ ငါ့ကို ပထမဆုံး စိတ်ဝင်စားစေတာက အခမ်းအနား စင်မြင့်ထက်က စာတန်းပါ။ စာက ယခုခေတ် အသုံးပြုနေကြတဲ့ အက္ခရာမဟုတ်ဘဲ ဝေသာလီခေတ် ကျောက်စာအက္ခရာနဲ့ ရေးထားကြတာကို တွေ့ရတယ်။
ပြီးတော့ စင်မြင့်ဘေးက နံရံထက်မှာ ရက္ခိုင်ရိုးမပေါ်က ကောင်းကင်ထက်ကို ထိုးထွက်နေတဲ့ မီးရှူးတန်ဆောင်ကို အားမာန်အပြည့်နဲ့ ကိုင်ထားတဲ့ လက်ကြီးတချောင်း။ အဲဒါ ရက္ခိုင်တန်ဆောင် မီးရှူးတိုင်။ ပန်းချီဆရာ လက်မှတ်မှာ ကျော်ဝင်း တဲ့။ စီးပွါးရေးတက္ကသိုလ် ကျောင်းသားတဲ့ ပန်းချီရေးသူက။ ခွန်အားကို ဖြစ်စေလိုက်တဲ့ ပန်းချီကား။ ငါ သိပ်ကို သဘောကျမိခဲ့တာ။
တက်ရောက်လကြတဲ့ ဆရာ ဆရာမတွေ ကျောင်းသူ ကျောင်းသားတွေတိုင်းနီးပါးဟာ ရင်ဘတ်မှာ ရက္ခိုင်တံဆိပ်နဲ့ ရင်ထိုးကို ထိုးထားကြသလို ရက္ခိုင်လုံချည် ကာလာစုံကို တွေ့ရတာ ပန်းခင်းကြီးတခုလို လှပနေလိုက်တာ။ ခါးမှာလည်း ရက္ခိုင်တံဆိပ်နဲ့ သော့ချိတ်ကလေးတွေကို ချိတ်ထားကြသေးတယ်။
ငါ့ကို ထပ်ပြီး ဆွဲဆောင် ဖမ်းစားလိုက်တာက တီးဝိုင်းနဲ့ သီချင်း သီဆိုဖျော်ဖြေခြင်း အစီအစဉ်မှာပါ။ စင်မြင့်ထက်မှာ တူရိယာအစုံအလင်နဲ့ သီဆိုကြတဲ့ တကယ့် တီးဝိုင်းပါဘဲ။ ရက္ခိုင်ကျောင်းသားတွေကဘဲ တီးသလို ရက္ခိုင်ကျောင်းသူ ကျောင်းသားတွေကဘဲ တကယ့် ပရော်ဖက်ရှင်နယ် အဆိုတော်တွေလို ခံစားမှု အပြည့် စတိုင်အပြည့်နဲ့ ဆိုသွားကြတာကို တွေ့ရတယ်။
အသားညိုညို အရပ်မြင့်မြင့် ကိုယ်ခန္ဓာ အချိုးအစား ကျကျနနနဲ့ ကျောင်းသားတယောက်ဟာ မြတ်ခိုင်ကျော်ရဲ့ သာစွရခိုင်ကို အားရပါးရ ဆိုသွားခဲ့တာဟာ မျိုးချစ်စိတ်တွေ တဖွါးဖွါး ဖြစ်စေလောက်အောင် စွမ်းဆောင်နိုင်ပါဘိ။
ကျောင်းသူတယောက်က မလတ်ရဲ့ “လှိုင်းလုံးချေ” သီချင်းကို ဆိုတယ်။ စကားလုံး အနုအရွတွေနဲ့ ပညာတွေ တတ်မြောက်လာတဲ့သူတွေ ကိုယ့်ပြည်ကိုကိုယ်ပြန်လာဖို့ တိုက်တွန်းနေတဲ့အသံက ငါ့ကို တသိမ့်သိမ့် ခံစားမိစေတယ်။
တခါ ကျောင်းသားတယောက်က ကိုသန်းမောင်ရဲ့ “ဝီးလို့ကျန်လိုက် မြို့စစ်တွေ” သီချင်းက ငါ့ကို စစ်တွေကို ပြန်ခေါ်နေသလို ခံစားရတယ်။
နောက်ကျောင်းသားတယောက် သီချင်းဆိုဖို့ နာမည်ကို ကြေညာလိုက်တဲ့အခါ ကျောင်းသူ ကျောင်းသားတွေဟာ ဝိဇ္ဇာခန်းမတခုလုံး ဟိန်းထွက်သွားအောင် လက်ခုပ်တီးသံ လက်ခေါက်မှုတ်သံ အော်ဟစ်သံတွေ ညံထွက်သွားတယ်။ ငါလည်း သူ့အကြောင်းမသိတော့ ဘာကြောင့်လဲလို့ စိတ်ဝင်တစား စင်မြင့်ထက်ကို လှမ်းကြည့်နေမိတယ်။
သူ့သီချင်းထဲက ရင်ခေါင်းသံနဲ့ ရက္ခိုင်တန်ဆောင်မီးရှူးတိုင်လို အမျိုးဂုဏ်ကို မြှင့်တင်နိုင်သူတွေ အမျိုးကို ချစ်သူတွေကို ကိုယ့်မှာရှိတဲ့ အားမာန်တွေ ခွန်အားတွေကို အလံအဖြစ် အမြင့်ဆုံးမှာ လွှင့်ထူပစ်ကြဖို့ စင်မြင့်ပေါ်က သူ ဟစ်ကြွေး သီဆိုနေတယ်။ ဘင်္ဂလားပင်လယ်ကမ်းခြေက အဖပြည်ကို ပညာတွေ ပြည့်စုံတဲ့နေ့ မဖြစ်ဖြစ်အောင် ပြန်လာကြဖို့ သူ နှိုးဆော်နေတာကို ငါ့နှလုံးသားထဲ စူးစူးနစ်နစ် နားလည် သဘောပေါက်နေမိတယ်။
ဒီလို သီချင်းတေးသွားနောက်မှာ ရက္ခိုင်ကျောင်းသူ ကျောင်းသားတွေ အရူးအမူး ဈာန်ဝင်ပြီး လိုက်ပါ သီဆိုနေကြတာက အာစရိယပူဇော်ပွဲ ကျင်းပနေကြတယ်ဆိုတာထက် ရက္ခိုင်တွေရဲ့ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့ ကိုယ့်ပြည်ကို ပြန်လည်ရယူလိုမှုကို အော်ဟစ် သီဆိုနေကြတယ်လို့ဘဲ ငါခံစားမိတယ်။
သန်းရွှေ ခင်ညွန့်တို့ရဲ့ ဦးစီးတဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ရဲ့ ရက်စက်သော အုပ်ချုပ်မှုအောက်မှာ ထောက်လှမ်းရေးတွေ မျက်စိဒေါက်ထောက် ကြည့်နေမှုရဲ့အောက်မှာ ကျောင်းသားတွေဟာ ဒီလို သီချင်းတွေ ဒီလို အမျိုးသားရေး လက္ခဏာအပြည့်ပါတဲ့ အခမ်းအနားမျိုးကို ကျင်းပနေကြတာကို ကြည့်ရင်း ငါ့စိတ်ထဲမှာ ဖြစ်ပေါ်လာတာက ဒီအထဲမှာ ဆရာစံကျော်ထွန်း လက်သစ်တွေ ခိုင်မိုးလင်း လက်သစ်တွေ မပါဘူးလို့ ဘယ်သူပြောနိုင်မလဲ။ တနေ့နေ့ တချိန်ချိန်မှာ ဒီကျောင်းသားမျိုးဆက်သစ်တွေထဲကဘဲ ငါတို့ ရက္ခိုင်တော်လှန်ရေးမှာ ခေါင်းဆောင်နိုင်မဲ့သူ မပေါ်လာဘူးလို့ ဘယ်သူပြောနိုင်မလဲ။
ငါ့မိသားစုအတွက် သုံးနှစ်လောက် အလုပ်လုပ်ပြီးရင် ထောင်ထဲမှာတုန်းက ငါ့ရည်မှန်းချက်အတိုင်း ရက္ခိုင်လူငယ်များကို စုစည်းပြီး တော်လှန်ရေး စာမျက်နှာသစ်တရပ် ဖွင့်တဲ့အခါ ဒီလို တက္ကသိုလ်ကျောင်းသားတွေ ပါဝင်လာအောင် ကြိုးစားအားထုတ်ရမယ်ဆိုတဲ့ အတွေးနဲ့ တက္ကသိုလ်ကျောင်းက အပြန်မှာ ငါ့အတွက် အိမ်မက်ကြီးကြီးတခု ငါ့နှလုံးသားထဲမှာ တွဲခိုပြီး ပါလာခဲ့တော့တယ်။
46 Comment
References:
Hard rock casino hollywood florida
References:
https://bookmarkzones.trade
References:
Top poker players
References:
intensedebate.com
References:
Random number generator online
References:
http://www.compmatphys.org
References:
Dover casino https://de.kzen.dev/index.php/user/planeepoch9
References:
Best games on mac dudoser.com
References:
Hollywood casino bay st louis https://firsturl.de/
References:
Petoskey casino moiafazenda.ru
References:
Hard rock casino vegas eggswiki.site
References:
Casino oyunlari https://jasperbzlx469896.dreamyblogs.com/41871508/casino-of-gold-dein-ultimativer-guide
References:
Country club casino launceston https://pbase.com/canoesea68/
References:
Majestic casino https://hedgedoc.info.uqam.ca/s/PJ5dqFLd2n
References:
Genting casino https://sonnik.nalench.com/user/nailbag3/
References:
No deposit poker bonus https://headlinelog.space/
References:
Video poker juego https://neolatinswiki.site
References:
Green valley casino bbs.pku.edu.cn
References:
Best slots to play https://boardgameswiki.site/wiki/Betano_Promo_Code_2026_JBVIP20_20_Freiwette_ohne_Einzahlung
References:
Instant Casino App
References:
https://mccaffrey-burns-3.thoughtlanes.net/instant-casino-login-2026-zugang-anleitung-und-hilfe-bei-problemen
References:
Casino vilamoura https://nomadwiki.space/wiki/Monro_Casino_Online_Casino_Spiele_Online_Casino_mit_echtem_Geld
References:
Club regent casino https://buyandsellhair.com/author/animalcurler1/
References:
Crown casino melbourne https://livebookmark.stream/story.php?title=betano-promo-code-mai-2026-20-freebet-gratis-80-bonus
References:
Zodiac casino http://okprint.kz/user/yarnarch86/
References:
Casino macau https://sonnik.nalench.com/user/eyeregret02/
References:
Kenosha casino https://molchanovonews.ru/user/leafdenim1/
References:
Instant Casino Bonus Code
References:
https://g.clicgo.ru/user/timerramie3/
References:
Online casino schweiz https://www.instapaper.com/p/17728627
References:
Boulevard casino poker https://philosophywiki.space/wiki/ZetCasino_Deutschland_Ein_verspielter_Weg_zu_Spa_und_Glck
References:
Hialeah casino https://www.forum-joyingauto.com/member.php?action=profile&uid=145729
References:
Instant Casino Kontakt
References:
https://urlscan.io/result/019c8386-e004-76da-8cfc-c136bcedb083/
References:
Super scratch programming adventure https://hedgedoc.eclair.ec-lyon.fr/s/JadE6Dksq
References:
Santa barbara casino https://www.instapaper.com/p/17728531
References:
Play online slots https://mensvault.men/story.php?title=betano-im-test-mai-2026-bonusbedingungen-zahlungen
References:
Casino grand luxe https://www.instapaper.com/p/17728587
References:
Cherokee casino nc https://nutritionwiki.space/wiki/Spielen_Sie_verantwortungsbewusst_in_einem_sicheren_Online_Casino
References:
Seminole casino hollywood https://earthwiki.space/wiki/Spielen_Gewinnen_Sie_noch_heute
References:
Casino oregon https://gamingwiki.space/wiki/Ice_Casino_Bonus_1500_270_Freispiele
References:
Santa ana star casino http://okprint.kz/user/armytown4/
References:
21 grand casino https://gaiaathome.eu/gaiaathome/show_user.php?userid=1977582/gaiaathome/show_user.php?userid=1977582
References:
Fremont street casinos https://linkagogo.trade/story.php?title=zahlungen-monro-casino-24-48-stunden-e-wallets-1-5
References:
Slots online https://sargent-pontoppidan-5.federatedjournals.com/nv-casino-auszahlungszeiten-entschlusseln-das-komplett-handbuch-fur-limits-and-dauer-foodbites
References:
Roulette on line https://nomadwiki.space/wiki/500_Bonus_200_Freispiele
References:
Gold strike casino tunica https://notes.medien.rwth-aachen.de/RP_GeVAgSd-Pg6KCF2y8og/
References:
Instant Casino
References:
https://sibze.ru/index.php?subaction=userinfo&user=flagguilty7
References:
Hardrock casino florida https://actualites.cava.tn/user/routerbowl70/
References:
Silver sevens casino https://firsturl.de/CA0MIyh
References:
Red dragon casino http://adrestyt.ru/user/rundinner05/
References:
Best casino slots http://www.qazaqpen-club.kz/en/user/catcarol2/