ရက္ခိုင်ကို တင်ပို့မယ့် ဘိလပ်မြေ တန် ၄၀ နဲ့ လူ ၄ ဦးကို ဘင်္ဂလားဒေ့ချ် ကမ်းခြေစောင့်တပ်ဖွဲ့ ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၂ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်ကို တင်ပို့မယ့် ဘိလပ်မြေ ၄၀,၀၀၀ ကီလိုဂရမ် (၄၀ တန်) နဲ့ ကုန်တင်ဘုတ်တစ်စီးကို သိမ်းဆည်းပြီး လူ ၄ ဦးကို ဘင်္ဂလားဒေ့ချ် ကမ်းခြေစောင့်တပ်ဖွဲ့ (BCG) က ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

BCG ရဲ့ ဖော်ပြချက်အရ နိုဝင်ဘာလ ၁ ရက် နံနက် ၈ နာရီခန့်မှာ စစ်တကောင်းမြို့၊ ပတင်္ဂါရဲစခန်းနယ်မြေ၊ ကာနာဖူလီ (Karnafuli) ရေလက်ကြားက အမှတ် ၁၅ ဆိပ်ကမ်းအနီးမှာ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက စစ်ဆေးဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ပတင်္ဂါ ကမ်းခြေစောင့်စခန်းခွဲက တပ်ဖွဲ့ဝင်တွေက မသင်္ကာဖွယ် ကုန်တင်ဘုတ်ကို တားဆီးရှာဖွေခဲ့ရာ ဘင်္ဂလားဒေ့ချ်တာကာ ၄ သိန်းနီးပါး တန်ဖိုးရှိတဲ့ ဘိလပ်မြေအိတ်တွေကို တွေ့ခဲ့ပြီး လူ ၄ ဦးကိုပါ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ဖမ်းမိတဲ့ ဘိလပ်မြေ၊ ကုန်တင်ဘုတ်နဲ့ လူ ၄ ဦးကို ဥပဒေအရ အရေးယူနိုင်ဖို့ သက်ဆိုင်ရာဌာနတွေကို လွှဲပြောင်းအပ်နှံဖို့ ဆောင်ရွက်နေကြောင်း ကမ်းခြေစောင့်တပ်ရဲ့ ပြန်ကြားရေးအရာရှိ ဆဘီးရ် အာလမ် ဆူဂျွန် (Sabbir Alam Sujon) က သတင်းမီဒီယာကို ပြောခဲ့ပါတယ်။

ကမ်းခြေစောင့်တပ်က မှောင်ခိုကုန်ကူးမှု တားဆီးရေးနဲ့ ရေကြောင်းလုံခြုံရေးအတွက် စစ်ဆေးဖမ်းဆီးမှုတွေကို ဆက်လုပ်သွားမယ်လို့လည်း ပြောထားပါတယ်။

Related posts

ကျောက်တော်မှာ ဘုန်းကြီးကျောင်းကို ဗုံးကြဲလို့ ဆရာတော်ဒဏ်ရာရ၊ ကျောင်းဆောင်ပြိုကျ

ဥတုရာသီ အပြောင်းအလဲနှင့်အညီ သီးနှံများ ပြောင်းလဲစိုက်ပျိုးလာရသည့် အာရှတောင်သူများ

၂၀၃၀ မှာ ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေးအတွက် အမေရိကန်က ‌ထောက်ပံ့မယ်