■ အများစိတ်ဝင်စားလာကြတဲ့ ဒရုန်းကာကွယ်ရေး နည်းပညာ

ဒရုန်းတွေဟာ စစ်မြေပြင်မှာ ပြင်းထန်တဲ့ လက်နက်တစ်ခု ဖြစ်လာရုံတင်မကဘဲ အတွင်းကျကျ ဝင်ရောက် တိုက်ခိုက်နိုင်စွမ်းလည်း ရှိကြပါတယ်။ ယူကရိန်းဆိုရင် ရုရှားကို စစ်မြေပြင်မှာ ဟန့်တားဖို့နဲ့ အရေးပါတဲ့ အခြေခံအဆောက်အဦတွေ၊ အရေးကြီးတဲ့ စစ်ဘက်ဆိုင်ရာ နေရာတွေ အပါအဝင် ရုရှားပိုင်နက်ထဲက တန်ဖိုးကြီးပစ်မှတ်တွေကို ဖျက်ဆီးဖို့အတွက် ဒရုန်းတွေကို အသုံးပြုနေတာပါ။

ယူကရိန်းနိုင်ငံသားတွေဟာ ရုရှားရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေနဲ့ AWACS လေယာဉ်တွေကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြပါတယ်။ ရုရှားရဲ့ နျူကလီးယား ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ အဝေးထိန်း ရေဒါတွေကို ဖျက်ဆီးခဲ့သလို ရေနံတပ်ဆင်မှုတွေ၊ ဆိပ်ကမ်း အဆောက်အအုံတွေနဲ့ ရုရှား ပင်လယ်နက်ရေတပ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေကိုပါ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။

ယူကရိန်းအနေနဲ့ ပင်လယ်ပြင်မှာ မောင်းသူမဲရေယာဉ် (USV) တွေကို အသုံးပြုနိုင်ခဲ့တာကြောင့် ရုရှားသင်္ဘောတွေ၊ ဆိပ်ကမ်း အခြေခံအဆောက်အဦတွေနဲ့ ဆီဗာစတိုပိုလ်လိုမျိုး ရုရှားအခြေစိုက် စခန်းတွေကို တိုက်ခိုက်နိုင်ခဲ့ပါတယ်။

ပုံမှန်အားဖြင့် ယူကရိန်းဟာ ဒရုန်းတိုက်ခိုက်မှုတွေကို လှိုင်းလုံးတွေလို အုပ်စုလိုက် လွှတ်တင်လေ့ရှိပါတယ်။ ရန်သူ့ရဲ့ ပစ်ခတ်မှုကို လမ်းလွှဲဖို့အတွက် လက်နက်ပါတဲ့ ဒရုန်းတွေကြားထဲမှာ အထပ်သားနဲ့ ပလတ်စတစ်တွေကို အဓိကသုံးပြီး ကော်နဲ့ကပ်ထားတဲ့ ဟန်ပြဒရုန်းတွေကို ရောနှောထည့်သွင်းထားပါတယ်။ ရုရှားက ဒီလိုပဲ လုပ်ပါတယ်။ ဒါပေမဲ့ ယူကရိန်းနိုင်ငံအတွင်းပိုင်းအထိ နက်နက်ရှိုင်းရှိုင်း တိုက်ခိုက်တဲ့ ရုရှားရဲ့ တိုက်ခိုက်မှုတွေမှာတော့ အဝေးပစ် ပဲ့ထိန်းဒုံးကျည်တွေနဲ့ ခရုဇ်ဒုံးကျည်တွေလည်း ပါဝင်ပါတယ်။

ဒရုန်းစစ်ပွဲဟာ ရုရှားနဲ့ ယူကရိန်းကြားထဲမှာတင် ကန့်သတ်မနေပါဘူး။ အီရန်ဟာ ဒရုန်းအမြောက်အမြားကို လွှတ်တင်ခဲ့ပြီး အဲဒီအထဲက အများစုဟာ ပင်လယ်ကွေ့ဒေသမှာ လှုပ်ရှားနေတဲ့ အမေရိကန် စစ်ဆင်ရေးတွေနဲ့ အမေရိကန် ရေတပ်အုပ်စုကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလနဲ့ မတ်လကြားထဲမှာ အီရန်ဟာ အမေရိကန်နဲ့ ၎င်းရဲ့ မဟာမိတ် အဆောက်အအုံတွေ၊ နိုင်ငံရေးပစ်မှတ်တွေ အပါအဝင် အခြေခံအဆောက်အဦတွေနဲ့ ပင်လယ်ပြင်က အမေရိကန်ရေတပ်နဲ့ မရိန်းသင်္ဘောတွေကို ဒရုန်းအစင်းရေ ၁,၀၀၀ ကနေ ၁,၅၀၀ ဝန်းကျင်အထိ ပစ်ခတ်ခဲ့ပါတယ်။

အီရန်ကတော့ သူတို့ဟာ ယူအက်စ်အက်စ် အေဘရာဟမ်လင်ကွန်း လေယာဉ်တင်သင်္ဘောကို ဒရုန်းတွေ၊ ဒုံးကျည်တွေ အုပ်စုလိုက် အပြုံလိုက်နဲ့ ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့တယ်လို့ ပြောဆိုခဲ့ပေမဲ့ အမေရိကန် ဗဟိုစစ်ဌာနချုပ်ကတော့ ဒါကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။ ယီမင်က ဟူသီတွေကလည်း ပင်လယ်နီထဲမှာ အဝေးပစ် အသေခံဒရုန်းတွေကို သုံးပြီး ယူအက်စ်အက်စ် ဟယ်ရီ အက်စ် ထရူးမန်း သင်္ဘောကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့လို့ ဆုတ်ခွာသွားစေခဲ့ရတယ်လို့ အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။

ဟူသီတွေဟာ ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ထဲက ကုန်သွယ်ရေးသင်္ဘောတွေကို တိုက်ခိုက်ဖို့အတွက် မောင်းသူမဲ့ရေယာဉ်တွေအပါအဝင် ဒရုန်းတွေကိုလည်း အကြိမ်ကြိမ် အသုံးပြုခဲ့ကြတာပါ။

ဟက်ဇဘိုလာကလည်း အစ္စရေးမြောက်ပိုင်းနဲ့ လက်ဘနွန်တောင်ပိုင်းဒေသတွေမှာ ဒရုန်းတွေကို မကြုံစဖူး အရေအတွက် အမြောက်အမြားနဲ့ အသုံးပြုနေပါတယ်။ ဟက်ဇဘိုလာဟာ ဆန်းပြားတဲ့ နည်းဗျူဟာတွေကို အသုံးပြုပြီး အီရန်ဆီကနေ စစ်ဆင်ရေးဆိုင်ရာ အကူအညီ အများကြီး ရယူကာ ဖိုက်ဘာအော့ပတစ်သုံး ဒရုန်းတွေကိုလည်း ပိုမို တပ်ဖြန့်လာနေပါတယ်။

ဟက်ဇဘိုလာရဲ့ ဒရုန်းထောက်ပံ့ရေးကွင်းဆက်ဟာ ဗဟိုချုပ်ကိုင်မှု လျှော့ချထားပြီး အဆင့်ဆင့် ဖွဲ့စည်းထားတဲ့ ကွန်ရက်တစ်ခု ဖြစ်ပါတယ်။ ဒီမဟာဗျူဟာကြီး တစ်ရပ်လုံးကို အီရန်က အဓိက ကြိုးကိုင်စီမံနေတာ ဖြစ်ပေမဲ့ ဒီကိရိယာတွေအတွက် အစိတ်အပိုင်းတွေကို ရယူရာမှာတော့ ကမ္ဘာလုံးဆိုင်ရာ အရပ်ဘက်စစ်ဘက် နှစ်မျိုးသုံးဝယ်ယူရေး လမ်းကြောင်းတွေ၊ ကုမ္ပဏီအယောင်ဆောင်တွေနဲ့ လက်ဘနွန်နိုင်ငံအတွင်းမှာ ဝှက်ထားတဲ့ ပြည်တွင်းအလုပ်ရုံတွေကို အားကိုးနေရတာ ဖြစ်ပါတယ်။

ဒရုန်းတွေကို ကြားဖြတ်ဟန့်တားရေးအတွက် ကုန်ကျစရိတ်တွေဟာ တကယ်တမ်း ဒရုန်းတစ်စင်းကြောင့် ဖြစ်လာနိုင်တဲ့ ပျက်စီးဆုံးရှုံးမှုကို မကာမိပါဘူး။ ဥပမာအားဖြင့် ရုရှားဟာ သူတို့ရဲ့ ပိုင်နက်ထဲမှာ ညတိုင်း ဒရုန်းအစင်းရေ ၁၅၀ ကနေ ၃၀၀ အထိ ရင်ဆိုင်နေရပြီး တိုက်ခိုက်လာတဲ့ ဒရုန်းတွေရဲ့ ၇၀ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းဝန်းကျင်ပဲ တားဆီးနိုင်စွမ်း ရှိပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ကတော့ ကိန်းဂဏန်းအရ ပိုကောင်းအောင် လုပ်နိုင်ကောင်း လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ လွတ်ထွက်သွားပြီး ဝင်တိုက်တဲ့ ဒရုန်းတွေကြောင့် ရလာတဲ့ အပျက်အစီးက မနည်းလှပါဘူး။ အစ္စရေးနိုင်ငံရဲ့ ဖြစ်ရပ်မှာဆိုရင် ပြည်သူတွေနဲ့ စစ်သားတွေရဲ့ စိတ်ဓာတ်ကို ထိခိုက်ပျက်စီးစေတာမျိုး အထိ ဖြစ်နေရပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန်ဟာ ရုရှား၊ အီရန်နဲ့ သူတို့ရဲ့ လက်ဝေခံအဖွဲ့တွေရဲ့ ထောက်ပံ့ရေးကွန်ရက်တွေကို ပိတ်ပစ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ တကယ်တမ်းတော့ ပိတ်ဆို့မှုအတွက် မယ်မယ်ရရကို မလုပ်ခဲ့တာပါ။ ရုရှားနဲ့ အီရန် လက်နက်တွေထဲမှာ အာရှ (အထူးသဖြင့် တရုတ်နိုင်ငံ ဖြစ်သော်လည်း ၎င်းတစ်ခုတည်းတော့ မဟုတ်ပါ) က အစိတ်အပိုင်း အမြောက်အမြားနဲ့အတူ အမေရိကန်လုပ် အစိတ်အပိုင်းတွေ အပြည့် ထည့်သွင်းထားတာကို မကြာခဏ တွေ့ရတတ်ပါတယ်။

ဒါကြောင့် အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေ၊ မိတ်ဖက်နိုင်ငံတွေဟာ ဒီဒရုန်းစိန်ခေါ်မှုကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုအနေနဲ့ ဒရုန်းရန်ကာကွယ်ရေး စနစ်တွေအပေါ်မှာပဲ အာရုံစိုက်လာကြပါတယ်။

ဒရုန်းရန်ကာကွယ်ရေး နည်းပညာ

ဒရုန်းရန်ကာကွယ်ရေး နည်းပညာဟာ လျင်လျင်မြန်မြန် တိုးတက်ပြောင်းလဲနေပါတယ်၊ ဒါပေမဲ့ အဝေးပစ်နဲ့ အနီးပစ် ခြိမ်းခြောက်မှု နှစ်မျိုးလုံးကို တုံ့ပြန်ရာမှာတော့ ကြီးမားတဲ့ အတားအဆီးတွေ ရှိနေဆဲပါ။

ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံလုံးဟာ ဒရုန်းသတ်ဒရုန်း (Drone killers) တွေကို တီထွင်ခဲ့ကြပါတယ်။ ဒရုန်းတွေကို ဝင်တိုက်ပြီး ဖျက်ဆီးပစ်တဲ့ အထူးဒရုန်းတွေ ဖြစ်ပါတယ်။ ပြည်တွင်းမှာပဲ ထုတ်လုပ်တဲ့ ယူကရိန်းရဲ့ စနစ်ဟာ သိသိသာသာ အလားအလာကောင်းတာကို ပြသနိုင်ခဲ့ပါတယ်။ အခုဆိုရင် ယူကရိန်းဟာ ဒီထုတ်ကုန်ကို အရှေ့အလယ်ပိုင်းနဲ့ နေတိုးအဖွဲ့ဆီကို ဈေးကွက်တင် ရောင်းချနေပါတယ်။

အာရုံစိုက်မှုအခံရဆုံး ဖြစ်လာတဲ့ ယူကရိန်းရဲ့ ဖြေရှင်းချက်ကိုတော့ စတင်း (Sting) လို့ ခေါ်ပါတယ်။ ယူကရိန်းမှာရှိတဲ့ ဝိုင်းဟောနက် (Wild Hornets) လို့ခေါ်တဲ့ စေတနာ့ဝန်ထမ်း အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့က တီထွင်ခဲ့တာပါ။

သူက ကျည်ဆန်ပုံသဏ္ဍာန်ရှိပြီး သရီးဒီ ပရင်တာနဲ့ ထုတ်ထားတဲ့ လေခွင်းကိုယ်ထည် ဖြစ်ပါတယ်။ လိုက်လံဖမ်းဆီးနိုင်တဲ့ အရှိန်က တစ်နာရီကို ၂၁၃ မိုင်ရှိပြီး အမြင့်ဆုံး ပေတစ်သောင်းအထိ ပျံတက်နိုင်ပါတယ်။ စစ်ဆင်ရေးပျံသန်းနိုင်တဲ့ ဧရိယာက ၁၂ မိုင်ခွဲ ဝန်းကျင် ရှိပါတယ်။ အပူအာရုံခံ ကင်မရာ တပ်ဆင်ထားတာကြောင့် ရန်သူ့ဒရုန်းတွေကို ညဘက်မှာပါ ပစ်ချနိုင်ပါတယ်။

စတင်း ကြားဖြတ်စနစ်ရဲ့ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂,၁၀၀ ဖြစ်ပါတယ်။ ယူကရိန်းဟာ သီးသန့် ကြားဖြတ်တိုက်ခိုက်ရေး တပ်မဟာအချို့ကို ဖွဲ့စည်းထားပြီး အောင်မြင်မှုနှုန်း ၉၅ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ ဒီစနစ်ကို ပိုင်းလော့က ထိန်းချုပ်တာ ဖြစ်ပေမဲ့ နောက်ဆုံးထွက် ဗားရှင်းတွေမှာတော့ စတင်း ဆော့ဖ်ဝဲထဲက အလိုအလျောက်စနစ်ကို သုံးပြီး သူ့အလိုလို ကြားဖြတ်တိုက်ခိုက်နိုင်စွမ်း ပါဝင်လာပါတယ်။ သူ့ထဲမှာပါတဲ့ အေအိုင်စနစ်က ရန်သူ့ဒရုန်းရဲ့ ပုံရိပ်ကို အတိအကျ မှတ်သားနိုင်တဲ့အတွက် ပိုင်းလော့အနေနဲ့ ပစ်မှတ်ကို လိုက်ကြည့်နေစရာ မလိုတော့ပါဘူး။ သူ့အသိနဲ့သူ လမ်းကြောင်းရှာ ပျံသန်းနိုင်ပါတယ်။

ယူကရိန်းဟာ ရုရှားထက် သာလွန်တဲ့ အားသာချက် အများအပြား ရှိနေပါတယ်။ သူတို့မှာ ကျွမ်းကျင်တဲ့ အဝေးထိန်း ပိုင်းလော့တွေ ရှိပါတယ်။ အရေးကြီးတဲ့ ဒရုန်းအစိတ်အပိုင်းတွေကို၊ အထူးသဖြင့် အပူပုံရိပ်ဖမ်း ကင်မရာတွေကို ပြည်တွင်းမှာပဲ အလွယ်တကူ ရနိုင်ပါတယ်။ စိတ်အားထက်သန်မှု မြင့်မားတဲ့ အရည်အချင်းရှိ ဆော့ဖ်ဝဲ အင်ဂျင်နီယာတွေ ရှိပါတယ်။ စစ်မြေပြင် အတွေ့အကြုံလည်း အများကြီး ရှိပါတယ်။

စတင်းဟာ ဖောက်ခွဲရေးပစ္စည်းပါတဲ့ ဒရုန်းတစ်စင်း ဖြစ်တာကြောင့် ကိုင်တွယ်ရာမှာ အန္တရာယ်ရှိပါတယ်။ ဒီဒရုန်းဟာ ပစ်မှတ်ကို လွဲချော်သွားခဲ့ရင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးပစ်မယ့် အလိုအလျောက် အသေခံခလုတ် (Kill switch) ပါဝင်ပုံရပါတယ်။

ရုရှားရဲ့ စတင်း

ရုရှားမှာလည်း ယူကရိန်းရဲ့ စတင်းလိုပဲ ဒရုန်းကာကွယ်ရေးစနစ် ရှိပါတယ်။ ဒါကို ယိုလ်ကာ (ထင်းရှူးပင်) လို့ ခေါ်ပါတယ်။ ဒီနေရာမှာတော့ ယိုလ်ကာလို့ပဲ ဆက်လက်သုံးနှုန်းသွားပါမယ်။

ယိုလ်ကာအတွက် ကုန်ကျစရိတ်ဟာ ဒေါ်လာ ၅၀၀ ဝန်းကျင်ပဲ ရှိပါတယ်။ လူသယ်ဆောင်နိုင်ပြီး တိုက်ရိုက်ဝင်တိုက်နိုင်တဲ့ ကြားဖြတ်ဒရုန်း ဖြစ်ပါတယ်။ အလေးချိန် ၃.၃ ပေါင် သာရှိပြီး ပစ္စတိုလို လက်ကိုင်ပါတဲ့ လွှတ်တင်ကိရိယာနဲ့ လွှတ်ရပါတယ်။ ယိုလ်ကာမှာ အလင်းအာရုံခံစနစ်တွေပါသလို ရေဒီယိုနဲ့ အချိန်ပြည့်ချိတ်ဆက်မှု မလိုတော့အောင် လုပ်ပေးနိုင်တဲ့ အေအိုင်ပရိုဆက်ဆာ နည်းစနစ် ပါဝင်ပါတယ်။

ယိုလ်ကာရဲ့ ပျံသန်းနှုန်းက တစ်နာရီကို ၁၈၆ မိုင်ခန့် ရှိပါတယ်။ လေးဘက်လှည့်ဒရုန်း (Quadcopters) တွေနဲ့ ဒရုန်းအသေးစားတွေရဲ့ ပန်ကာဒလက်တွေကို ဖျက်ဆီးဖို့ ဒီဇိုင်းထုတ်ထားတာပါ။ သိသလောက်တော့ ယိုလ်ကာကို အခြား ဒရုန်းရန်ကာကွယ်ရေး စနစ်တွေနဲ့ ဖြစ်စေ၊ ရေဒါတွေ ဒါမှမဟုတ် အခြား အာရုံခံစနစ်တွေနဲ့ဖြစ်စေ ပေါင်းစပ်ချိတ်ဆက်ထားခြင်း မရှိသေးပါဘူး။

ရုရှားဟာ ယိုလ်ကာနဲ့ ပတ်သက်ပြီး ပြဿနာသုံးခု ရင်ဆိုင်နေရပါတယ်။ ထောက်ပံ့ရေးကွင်းဆက် ပြဿနာကြောင့် ယိုလ်ကာကို အလုံအလောက် မထုတ်လုပ်နိုင်ပါဘူး။  ရုရှားမှာ ပိုင်းလော့တွေလည်း ရှားပါးနေပြီး အရည်အချင်းပြည့်မီတဲ့ အော်ပရေတာတွေကို လေ့ကျင့်ပေးဖို့ အခက်အခဲရှိပါတယ်။ နောက်တစ်ခုက ဒီစနစ်ဟာ နေ့ခင်းဘက်တွေမှာပဲ အထိရောက်ဆုံး ဖြစ်နေတာပါ။

ညဘက်တွေမှာဆိုရင်တော့ မီးရောင်မရှိရင် အလုပ်မလုပ်ပါဘူး၊ ပြီးတော့ အော်ပရေတာရဲ့ မြင်ကွင်းအတွက် ရာသီဥတု ကောင်းဖို့လည်း လိုပါသေးတယ်။ ယူကရိန်းရဲ့ စတင်းနဲ့ မတူတာကတော့ ယိုလ်ကာကို လက်ရှိအချိန်မှာ အဝေးကနေ ထိန်းချုပ်မောင်းနှင်လို့ မရနိုင်သေးတာပါ။ အော်ပရေတာတွေဟာ ရှေ့တန်းစစ်မျက်နှာတွေမှာ ရှိနေရင် ကာကွယ်ရေးကျင်းတွေထဲမှာ မဟုတ်ဘဲ အပြင်ဘက်မှာ ရှိနေရမှာဖြစ်လို့ ထိခိုက်လွယ်ပါတယ်။

ယိုလ်ကာ တွေကို စစ်အခြေစိုက်စခန်းတွေနဲ့ အရေးကြီး အခြေခံအဆောက်အအုံ တပ်ဆင်မှုတွေလိုမျိုး ထိခိုက်လွယ်တဲ့ နေရာတွေရဲ့ ပတ်ပတ်လည်မှာ တပ်ဖြန့်ထားနိုင်ပါတယ်။ ဖောက်ခွဲရေး ထိပ်ဖူးမပါတဲ့ ယိုလ်ကာ ဟာ ပလတ်စတစ် ကွာဒရိုကော်ပတာထက်ကြီးတဲ့ ဒရုန်းကို ဖျက်ဆီးနိုင်မလား ဆိုတာကတော့ မသေချာပါဘူး။  သို့သော်လည်း အနာဂတ် ယိုလ်ကာ ဗားရှင်းတွေကိုတော့ ဖောက်ခွဲရေးထိပ်ဖူးတွေနဲ့ ပေါင်းစပ်သုံးစွဲနိုင်ခြေ ရှိပါတယ်။

ရုရှားဟာ အများအားဖြင့် ပန်ဆာလိုမျိုး ကုန်ကျစရိတ်ပိုများတဲ့ မြေပြင်အခြေစိုက် စနစ်တွေကိုပဲ အားကိုးနေရပါတယ်။ ဒါပေမဲ့ ပန်ဆာတပ်ဖွဲ့တွေဟာ ပေါပေါများများ မရှိပါဘူး။ ရုရှားမှာ ယူကရိန်းက တိုက်ခိုက်နိုင်တဲ့ တန်ဖိုးကြီးပစ်မှတ်တွေ ထောင်နဲ့ချီပြီး ရှိနေပါတယ်။ ပန်ဆာဟာ စစ်မြေပြင်မှာ အသုံးပြုရတာ တစ်ဖြည်းဖြည်း အားနည်းလာနေပါတယ်။ အဓိက အကြောင်းရင်းကတော့ သူ့ရဲ့ ရေဒါဟာ ယူကရိန်းလက်နက်တွေအတွက် လမ်းပြမီးပြတိုက်တစ်ခုလို ဖြစ်နေလို့ပါပဲ။

အာရုံခံစနစ်များနှင့် ပေါင်းစပ်ချိတ်ဆက်ခြင်း

ဒရုန်းရန်ကာကွယ်ရေး စစ်ဆင်ရေးတွေမှာ အဓိက အချက်ကတော့ ပစ်မှတ်ကို ရှာဖွေဖော်ထုတ်မှုနဲ့ စီမံခန့်ခွဲမှု ဖြစ်ပါတယ်။ သီးခြားရပ်တည်နေတဲ့ စနစ်တွေဟာ လိုက်လံရှာဖွေပစ်ခတ်ရတာမျိုး ဖြစ်ပြီး အုပ်စုလိုက် တိုက်ခိုက်မှုတွေကို ရင်ဆိုင်နိုင်စွမ်း အားနည်းပါတယ်။ ဒရုန်းတိုက်ခိုက်မှုတွေကို တန်ပြန်ခုခံဖို့အတွက် ဆိုရင် ခုခံရေးဒရုန်းတွေကို အာရုံခံစနစ်တွေ၊ ပစ်မှတ်စီမံခန့်ခွဲမှုတွေနဲ့ ပေါင်းစပ်ချိတ်ဆက်ဖို့ အရေးကြီးပါတယ်။

ဒရုန်းရန်ကာကွယ်ရေး အာရုံခံစနစ်တွေဟာ ပုံစံအမျိုးမျိုးနဲ့ လာပါတယ်။ သမားရိုးကျ ပုံစံကတော့ အီလက်ထရွန်နစ်စနစ်ကို ရှာဖွေခြင်းနဲ့ လှိုင်းနှောင့်ယှက်ခြင်း (Jamming) ဖြစ်ပါတယ်။ ယနေ့ခေတ် စစ်မြေပြင်မှာတော့ ဒေတာချိတ်ဆက်မှုတွေကို ကြားဖြတ်ပိတ်ဆို့တာ၊ GPS ကို လှည့်စားတာ ဒါမှမဟုတ် ပိတ်ဆို့လည်း ရှိပါတယ်။ ဒရုန်းပိုင်းလော့ ဆက်သွယ်ရေးကို လမ်းလွဲစေနိုင်တဲ့ အီလက်ထရွန်နစ် တန်ပြန်နှောင့်ယှက်မှု နည်းစနစ်တွေလည်း အမျိုးမျိုး သုံးကြပါတယ်။

ခေတ်ပေါ်ဒရုန်းတွေကလည်း လှိုင်းနှောင့်ယှက်မှုကို တုံ့ပြန်ဖို့အတွက် လှိုင်းနှုန်းပြောင်း ရေဒီယိုတွေ၊ နှောင့်ယှက်ရခက်တဲ့ အထူးမိုဒမ်တွေ၊ လှည့်စားဖို့ ကြိုးစားမှုတွေကို သိရှိနိုင်တဲ့ ဆော့ဖ်ဝဲတွေလိုမျိုး နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြပါတယ်။

မကြာသေးခင်ကဆိုရင် ဒရုန်းတွေဟာ စွမ်းဆောင်ရည် မြှင့်တင်ဖို့အတွက် ထပ်တလဲလဲ ပုံစံတူ အပြုအမူတွေကို မှတ်သားခြင်း (Pattern Recognition)၊ မြေပြင်အနေအထားအတိုင်း လိုက်ပါပျံသန်းခြင်း၊ အလိုအလျောက် ရှောင်တိမ်းမောင်းနှင်ခြင်းနဲ့ အေအိုင်သုံးပြီး အလိုအလျောက် လုပ်ဆောင်တဲ့ ဆော့ဖ်ဝဲတွေကို အသုံးပြုလာကြပါတယ်။ စတားလင့်ခ်တာမီနယ်တွေနဲ့ မက်ရှ်ကွန်ရက် (Mesh networks) တွေကလည်း လှိုင်းနှောင့်ယှက်မှုကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

စစ်မြေပြင်အဆင့်မှာတော့ ဖိုက်ဘာအော့ပတစ် “ကြိုး” တွေ ဒါမှမဟုတ် ကေဘယ်ကြိုးတွေကို သုံးပြီး မောင်းနှင်တဲ့ ဒရုန်းတွေဟာ နှောင့်ယှက်လို့မရတဲ့ စနစ်တွေ ဖြစ်ပါတယ်။ သူ့မှာလည်း အကန့်အသတ် ရှိနေပြန်ပါတယ်။ ဒါကတော့ ခရီးအကွာအဝေးပါ။

ဒရုန်းတစ်ခုကို ရေဒီယိုလှိုင်းနှုန်းပြ အာရုံခံစနစ်တွေကနေတစ်ဆင့် ရှာမတွေ့နိုင်ဘူးဆိုရင် သူ့ကို ရှာဖို့အတွက် ရေဒါ၊ အလင်းစနစ်တွေနဲ့ အသံအာရုံခံစနစ်တွေအပေါ်မှာပဲ အားကိုးရမှာ ဖြစ်ပါတယ်။

ဒရုန်းရှာဖွေရေးမှာ သုံးတဲ့ ရေဒါအမျိုးအစား အများကြီး ရှိပါတယ်။ ဒါတွေထဲက အချို့ကတော့ မီလီမီတာလှိုင်း (MM wave)၊ FMCW (Frequency-Modulated Continuous Wave) ရေဒါတွေ၊  X နဲ့ Ku-band ရေဒါ၊ Passive Coherent Location ရေဒါတို့ ဖြစ်ပါတယ်။

အလိုအလျောက် အလင်းစနစ်တွေကလည်း ဖိုက်ဘာအော့ပတစ်လိုမျိုး အသံပျောက်ဒရုန်းတွေကို တုံ့ပြန်ရာမှာ ပိုမိုအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနေပါတယ်။ ပုံမှန်အလင်းစတစ်နဲ့ မတူတာက သူ့မှာ သုံးထားတဲ့ SWIR စနစ်ဟာ ထူထပ်တဲ့ မြူနှင်းတွေ၊ မီးခိုးတွေ၊ စစ်မြေပြင် မှုန်မှိုင်းမှုတွေနဲ့ ပင်လယ်ပြင် အလင်းပြန်မှုတွေကို ထိုးဖောက်မြင်နိုင်စွမ်း ရှိတာပါတယ်။

အာရုံခံစနစ် အအေးခံဖို့ လိုအပ်တဲ့ အလယ်အလတ်နဲ့ အဝေးပစ် စနစ်တွေလည်း ရှိပါသေးတယ်။ ဒီလို အပူအာရုံခံစနစ်တွေဟာ ဒရုန်းရဲ့ လျှပ်စစ်မော်တာတွေ၊ လည်ပတ်နေတဲ့ ဒလက်ဝင်ရိုးတွေ သို့မဟုတ် အတွင်းပိုင်း ဘက်ထရီအိုးတွေကနေ ထွက်ပေါ်လာတဲ့ အပူကို ဖမ်းယူဖော်ထုတ်တာ ဖြစ်ပါတယ်။

အသံအာရုံခံစနစ်တွေကတော့ ဒရုန်းသံတွေကို နားထောင်တာ ဖြစ်ပါတယ်။ မိုက်ကရိုဖုန်း တစ်လုံးတည်းအစား မိုက်ကရိုဖုန်း အစုအဖွဲ့တွေကို အသုံးပြုပြီး ဒရုန်းကို လိုက်လံရှာဖွေပါတယ်။

ဒရုန်းရန်ကာကွယ်ရေး နည်းပညာဟာ လျင်လျင်မြန်မြန် တိုးတက်ပြောင်းလဲနေပြီး ပိုမို စွမ်းဆောင်ရည် မြင့်မားလာနေပါတယ်။ ရည်ရွယ်ချက်ကတော့ ကြားဖြတ်တားဆီးနိုင်စွမ်းကို လက်ရှိ ၇၀ ရာခိုင်နှုန်း ကနေ ၈၅ ရာခိုင်နှုန်း၊ ဒီနောက် ၉၉ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ဖို့ ဖြစ်ပါတယ်။ ရန်သူ့ဒရုန်း အမြောက်အမြား အပြုံလိုက် တပ်ဖြန့်မှုတွေကို ကိုင်တွယ်နိုင်မယ့်၊ တိုးတက်ပြောင်းလဲနေတဲ့ ခြိမ်းခြောက်မှု နည်းပညာတွေကို ရင်ဆိုင်နိုင်မယ့်၊ ပြီးတော့ ရှေ့တန်းစစ်မျက်နှာတွေနဲ့ နောက်တန်းတိုက်ခိုက်မှုတွေမှာ နှစ်မျိုးလုံး အလုပ်လုပ်နိုင်မယ့် ဖြေရှင်းချက်တွေ တိုးတက်ထွက်ပေါ်လာဖို့ လိုအပ်ပါတယ်။

အရေးကြီးဆုံးကတော့ ဒရုန်းရန်ကာကွယ်ရေး ကွန်ရက်တွေကို လျင်လျင်မြန်မြန် တပ်ဖြန့်ဖို့ပါပဲ။ နောက်ဆုံးပေါ် အာရုံခံစနစ်တွေနဲ့ ကြားဖြတ်စနစ်တွေ ပါဝင်ပြီး အပြည့်အဝ ပေါင်းစပ်ထားတဲ့ စနစ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ဖို့၊ စနစ်တကျ ထောက်ပံ့ပေးနိုင်ဖို့နဲ့ လုပ်ငန်းဆောင်ရွက်မယ့် အဖွဲ့တွေ ကျွမ်းကျင်ပြီး အတွေ့အကြုံ ရှိလာဖို့အတွက် အနည်းဆုံး နောက်ထပ် ငါးနှစ်လောက်တော့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။ ဒရုန်းခြိမ်းခြောက်မှုတွေကို ၉၉ ရာခိုင်နှုန်းအထိ တားဆီးဟန့်တားနိုင်မယ် ဆိုရင်တော့  သေကြေပျက်စီးမှုလည်း အများကြီး လျော့နည်းသွားပါလိမ့်မယ်။

ရဲမွန်လှ

Substack မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Stephen Bryen ရဲ့ The Struggle Against the Drones ကို ကောက်နုတ် ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ မူရင်းဓာတ်ပုံ – X

Related posts

တရုတ်ဖိအားကြောင့် TNLA အပြင် တခြားအဖွဲ့တွေ ငြိမ်းချမ်းရေး ဆွေးနွေးလာနိုင်

အာရက္ခလူ့ဘောင်သစ်ကို ပညာရေးဖြင့် ကြိုဆိုခြင်း

ရွေးတုအစိုးရက ကမ်းစပ် ၃ နေရာကို လက်နက်ကြီးနဲ့ပစ်၊ ၁ ဦး သေဆုံးပြီး ငါးဖမ်းလှေ ၁ စီး မီးလောင်ပျက်စီး

39 Comment

https://www.telugustatusvideo.com/@alexcatts64347?page=about ဇွန် 24, 2026 - 7:28 ညနေ
https://slowdating.ca/@madelainerau60 ဇွန် 24, 2026 - 10:59 ညနေ

References:

Casino wien https://slowdating.ca/@madelainerau60

rapid.tube ဇွန် 26, 2026 - 12:58 မနက်

References:

Slots games download rapid.tube

bertelsen-mcmillan.federatedjournals.com ဇွန် 26, 2026 - 1:25 ညနေ

References:

Leggiano Casino bertelsen-mcmillan.federatedjournals.com

https://bfreetv.com/ ဇွန် 26, 2026 - 10:18 ညနေ

References:

Legiano Casino Bewertung https://bfreetv.com/

https://lasigal.com/aiuaugustus626 ဇွန် 26, 2026 - 10:24 ညနေ

References:

Legiano Casino Spielen https://lasigal.com/aiuaugustus626

https://worship.com.ng ဇွန် 27, 2026 - 1:46 မနက်

References:

Legiano Casino sicher https://worship.com.ng

https://www.haphong.edu.vn/profile/aguilarofxkincaid98179/profile ဇွန် 28, 2026 - 11:14 မနက်
https://qarisound.com/ ဇွန် 29, 2026 - 8:01 မနက်

References:

Legiano Casino Login https://qarisound.com/

https://wellnessbeauty.ru/bitrix/redirect.php?event1=click_to_call&event2=&event3=&goto=https://de.trustpilot.com/review/owowear.de ဇွန် 29, 2026 - 11:11 မနက်
http://images.google.co.il/url?sa=t&url=http://wiki.fd.io/api.php?action=http://de.trustpilot.com/review/owowear.de ဇူလိုင် 6, 2026 - 5:59 မနက်
https://akmrko.ru/bitrix/redirect.php?goto=https://chaturbate.com/external_link/?url=https://de.trustpilot.com/review/owowear.de ဇူလိုင် 6, 2026 - 9:11 မနက်
https://plitkat.ru/ ဇူလိုင် 6, 2026 - 3:01 ညနေ

References:

Ligiano Casino https://plitkat.ru/

https://images.google.tk/url?q=https://de.trustpilot.com/review/owowear.de ဇူလိုင် 7, 2026 - 2:07 မနက်
images.google.am ဇူလိုင် 7, 2026 - 4:27 မနက်

References:

Legiano Casino Auszahlung Dauer images.google.am

offers.sidex.ru ဇူလိုင် 7, 2026 - 4:52 မနက်

References:

Legiano Casino Jackpot offers.sidex.ru

http://www.google.com.ua/url?q=https://de.trustpilot.com/review/owowear.de ဇူလိုင် 7, 2026 - 5:08 ညနေ
https://bbs.pinggu.org ဇူလိုင် 7, 2026 - 5:19 ညနေ

References:

Legiano Casino Bonus Code https://bbs.pinggu.org

http://www.google.com.eg/url?q=https://lollybet.com.de/ ဇူလိုင် 22, 2026 - 5:44 ညနေ

creek casino montgomery

References:
http://www.google.com.eg/url?q=https://lollybet.com.de/

https://payidpokies1.com/payid-pokies-instant-deposit ဇူလိုင် 22, 2026 - 8:35 ညနေ

Click Here For The Best Real Money Payid Casino

Your first withdrawal is typically slower while identity checks are done. Each pick is fact-checked by our senior casino reviewer, and placement is earned — never paid for. The single biggest complaint Australian players have about offshore casinos isn’t bonuses or pokies — it’s slow, painful withdrawals. All of our top-rated operators utilize HTML5 technology, meaning you can play mobile casinos directly through your Safari or Google Chrome browser on any iOS or Android device. These altcoins carry significantly lower network miner fees than Bitcoin and process block confirmations in under 5 minutes, allowing you to hit the casino tables much faster. You are free to play, but you do so without local Australian consumer protections. The Interactive Gambling Act 2001 (IGA) restricts operators from legally advertising or offering real-money services within Australia.
The goal is to enjoy the experience, cash out when things go well, and step back when you need a break. Fair Go and King Billy are great choices for everyday players who want steady, reliable payouts, while Ritzo and SkyCrown are ideal if you’re chasing the fastest crypto withdrawals. Casinos with complex or high rollover rules slow players down, while those offering low-wager or wager-free bonuses allow winnings to be withdrawn much sooner. Even at the fastest withdrawal casinos, your cashout won’t be processed until the wagering requirements are met. Some casinos attach wagering requirements to deposits, not just bonuses. This practice is a timing-based obstacle, not a legitimate verification requirement.
It doesn’t replace a BSB and account number, which stays exactly the same, but is easier to remember. Please contact your financial institution if someone you don’t know has sent money to your account. PayID lets you receive money in your online banking fast, using a piece of information such as a mobile number or email address. If you believe you have been scammed, please contact your financial institution and report it to the police.
High RTP slots (97% and above) usually contribute 100% towards wagering and help clear wagering faster. VIP benefits vary, but many Aussie sites, including Inclave casinos in Australia, offer same-day priority withdrawals and higher cashout limits reaching AUD $35,000 per month. This is one of the fastest withdrawal promos because it comes with no or low wagering requirements, like 3x. These are more speed-friendly, and the wagering requirements are usually lower (like 10x) than welcome bonuses. The problem is that bigger percentages come with heavier wagering requirements, which is why welcome bonuses at new casino sites need extra checking before you claim.
Any PayID casino features a big collection of pokies for Australian players, offering high RTP rates for different titles depending on your choice. Once you’ve narrowed down your choices, focus on the selection and quality of pokies available. When choosing pokies with instant withdrawals in Australia, there are a few key factors to consider for a smooth and enjoyable gaming experience. Therefore, visit the withdrawal section before you make a deposit to double-check and choose an alternative of the most popular payment methods in Australia.
As a bank-based transaction service operated by reputable financial institutions in the country, PayID implies that security is not an issue here. Some games, such as online pokies, are designed for faster cashouts, while table games and live dealer experiences may vary depending on the chosen withdrawal method. We prioritise bonuses with low wagering requirements, enabling players to meet the conditions and achieve faster withdrawals without undue frustration. Slots Palace is the go-to choice for Australian players prioritising local AUD payments. These average withdrawal times are based on the fastest payment methods like crypto, e-wallets, and PayID, which are processed instantly once account verification is finalized. Our ranking is based on verified withdrawal speeds, clear limits, and local Australian payment options. Traditional banking methods remain slow and take several business days to process, while crypto coins like Bitcoin and Tether let you cash out in under an hour.
PayID scammers will avoid doing this, often because, contrary to their claims, they aren’t located in your local area and may even be overseas. PayID is a free service that doesn’t allow you to pay for “upgrades” or require any payment to set up, register or otherwise operate. “I think they’re actually quite well-placed to do a national-based campaign, perhaps in tandem with the banks to really push the benefits of the platform.” The RBA is also acknowledging a lack of awareness of PayID, recently noting consumers have been slower to adopt it than it had expected. In reality, PayID is free and doesn’t have these sorts of conditions or account tiers. Scammers will commonly say, as in Andrew’s experience, that your PayID needs to be “upgraded” to a “business” account. “If you check, there’s an email that looks very much like a bank email saying there’s a problem with your PayID”
Australian Payments Plus (AP+) is continuing to step up its efforts to make payments safer, faster, and more secure, by (read the article) Always verify your casino account early, use smart banking choices, and check terms before you play at the online casinos with fast payout options. That is how the best fast payout casinos operate efficiently. The best online casinos with fast payouts still require verification, but they make the process quick and secure, often completing it within a few hours.

References:
https://payidpokies1.com/payid-pokies-instant-deposit

jobaaty.com ဇူလိုင် 23, 2026 - 11:40 ညနေ
a2znaukri.com ဇူလိုင် 24, 2026 - 3:52 မနက်
https://thekissmet.com/@branden52u3444 ဇူလိုင် 24, 2026 - 8:30 မနက်

References:

Play chuzzle online https://thekissmet.com/@branden52u3444

http://privatelink.de/?https://instantcasinodeutschland.de/da-dk// ဇူလိုင် 24, 2026 - 9:47 မနက်
https://lookingforjob.co/profile/karolinboyes01 ဇူလိုင် 24, 2026 - 2:35 ညနေ

References:

Prairie knights casino https://lookingforjob.co/profile/karolinboyes01

ramrokaam.com.np ဇူလိုင် 24, 2026 - 11:51 ညနေ
https://jandlfabricating.com/employer/best-online-pokies-australia-with-payid-2026-online-pokies/ ဇူလိုင် 25, 2026 - 6:19 ညနေ
https://worldaid.eu.org/discussion/profile.php?id=2061339 ဇူလိုင် 26, 2026 - 10:00 မနက်
tubisocial.com ဇူလိုင် 26, 2026 - 2:08 ညနေ
https://kigalilife.co.rw ဇူလိုင် 26, 2026 - 6:10 ညနေ

References:

Los angeles casino https://kigalilife.co.rw/author/fayemilerum

http://cse.google.com.kh/ ဇူလိုင် 26, 2026 - 8:47 ညနေ
https://behired.eu/employer/candy96-casino-australia-your-premier-gaming-destination-down-under-7 ဇူလိုင် 27, 2026 - 5:39 မနက်
http://maps.google.cz ဇူလိုင် 27, 2026 - 7:26 မနက်
https://jobszimbabwe.co.zw/ ဇူလိုင် 27, 2026 - 12:38 ညနေ
images.google.cl ဇူလိုင် 28, 2026 - 7:45 မနက်
cse.google.com.jm ဇူလိုင် 29, 2026 - 8:23 မနက်
https://www.amiral-services.com/ ဇူလိုင် 31, 2026 - 1:23 ညနေ

References:

Manoir de lebioles https://www.amiral-services.com/jesenia04k679

zimerov ertover ဩဂုတ် 2, 2026 - 8:50 ညနေ

There is noticeably a bundle to know about this. I assume you made certain nice points in features also.

https://jobaaty.com/ ဩဂုတ် 5, 2026 - 4:21 မနက်
Add Comment