Life Style

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (အပိုင်း ၂၈) *** ဌေးဝင်း *** ဆရာကြီးဆုံးပြီး နောက်တရက်မှာ ကြောင်ဒေါင်း (ခ) ကျော်သောင်းဆိုတဲ့ လူမိုက်တယောက်က “ဘာဖြစ်လဲ ဒီဆရာကြီး။ ဒီဆရာကြီး သေသွားလို့ ဘာဖြစ်လဲ။ ငါတို့အတွက် ဒီဆရာကြီးက ဘာကောင်းကျိုး ရှိလို့လဲ။ အဲဒီဆရာကြီး ထောင်ထဲဝင်လာတုန်းကလည်း ငါတို့အတွက်
Read more

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ပထမပိုင်း)

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (အပိုင်း ၂၈) *** ဌေးဝင်း *** စစ်တွေထောင်ထဲမှာ ငါကိုယ်တိုင် ဦးဆောင်ပြီးလုပ်ခဲ့တဲ့ လှုပ်ရှားမှုတခု ရှိခဲ့တယ်။ အဲဒါကတော့ ဆရာကြီး ဦးဦးသာထွန်းနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုပါ။ ဆရာကြီး ထောင်ထဲရောက်‌တော့ ထောင်အာဏာပိုင်တွေက ဆရာကြီးကို ငါအရင်နေခဲ့ရတဲ့ တစ် တိုက်မှာထားတယ်။ ဆရာကြီးရှိတဲ့
Read more

ချင်းတွင်းမြစ်ရဲ့ ရေနဲ့ငါးသယံဇာတ ဘာတွေဖြစ်နေလဲ

တာပလု ချင်းတွင်းမြစ်က မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ မြစ်တစင်း ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ဟာ ဧရာဝတီမြစ်ရဲ့ အကြီးဆုံး မြစ်လက်တက်ဖြစ်ပြီး အလျားမိုင် ၇၅၀၊ ကီလိုမီတာ ၁,၂၀၀ ခန့် ရှည်လျားတဲ့ မြစ်တစင်း ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ဟာ စစ်ကိုင်းတိုင်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊
Read more

အာရက္ခပြည်နှင့် ပြည်ထောင်စုစစ်တမ်း

သွေးစွန်းသွားသော အထိမ်းအမှတ်နေ့ရက်များ ၂၀၂၆ ခုနှစ်၊ မတ်လ (၁) ရက်၊ မြန်မာနိုင်ငံ တောင်သူလယ်သမားနေ့မတိုင်မှီ တရက်အလို အကြိုနေ့က ဖြစ်သည်။ အာရက္ခပြည်နှင့် မကွေးတိုင်းအစပ်ရှိ မင်းဘူးမြို့နယ်၊ ပြောင်းကျေးရွာကို စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ရက္ခိုင်အရပ်သားပြည်သူနှင့် ကုန်သည်ပွဲစား အနည်းဆုံး (၂၀) အထက်ကို သေဆုံးခဲ့ပြီး
Read more

စစ်တွေထောင်ထဲက အစာငတ်ခံ တိုက်ပွဲ (ဒုတိယပိုင်း)

အာရက္ခအားမာ် ရဲဘော်ကျော်ဟန် (အပိုင်း ၂၇) ဌေးဝင်း “ထောင်တထောင်လုံးမှာက ကျနော်တို့ ခြေမကျတဲ့နေရာမှ မရှိတာ ကိုကျော်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဝန်းကျင်တိုင်းကို ဝင်တယ်လေ။ အဲလိုဝင်ဝင်ပြီး ထိုးဖောက်တဲ့အခါ အကျဉ်းသားထုထဲမှာ ကာလာတွေ လုပ်ငန်းစဉ်တွေ တူသွားရင် ညီညွတ်သွားတာဘဲ ကိုကျော်။ ကျနော်တို့ စည်းရုံးတာက အစားအသောက်တွေနဲ့
Read more

မြစ်ဝကျွန်း‌ပေါ်အရပ်မှာ ရေရှားနေပြီလား

တာပလု မြစ်ဝကျွန်းပေါ်အရပ်ဟာ ရေတွေဘောင်းလံ၊ ဘောင်းလျှံရှိတဲ့အရပ်၊ ရေလမ်းခရီးကိုပဲ အားထားရတဲ့အရပ်၊ ရေဆိုတာ အိမ်အောက်ဆင်းလိုက်တာနဲ့ ရေချိုရနိုင်တဲ့ အရပ်ဒေသတခု ဖြစ်ပါတယ်။ လှေမရှိရင် တအိမ်နဲ့ တအိမ် ကူးလူးသွားလာဖို့ အဆင်မပြေပါဘူး။ ရွာ သာရေး၊ နာရေး ကိစ္စရပ်တွေနဲ့ ကလေးတွေ ကျောင်းသွားဖို့အတွက်ပါ လှေ၊ စက်လှေတွေကို အဓိကအားထား
Read more

စစ်တွေထောင်ထဲက အစာငတ်ခံ တိုက်ပွဲ (ပထမပိုင်း)

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (အပိုင်း ၂၇) *** ဌေးဝင်း *** စစ်တွေထောင်ဆိုတာ မြန်မာနိုင်ငံရဲ့ သတ်မှတ်ချက်အရ (က) အဆင့် ထောင်ဖြစ်တယ်။ အကျဉ်းသား ထောင်နဲ့ချီကို ချုပ်နှောင် အကျဉ်းချထားနိုင်တဲ့ နေရာပေါ့။ ဒီထောင်ဟာ အင်္ဂလိပ်ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့တဲ့ ထောင်။ ဒီထောင်တွင်းမှာ အချုပ်ဆောင် ၂
Read more

မရဏနာရီ (ဒုတိယပိုင်း)

  အာရက္ခအားမာန်ရဲဘော်ကျော်ဟန် (အပိုင်း ၂၆)   ဌေးဝင်း အသားက ခပ်ညိုညို။ အရပ်က နည်းနည်း မြင့်မြင့် ဆံပင်ကတော့ ထောင်ပုံစံ တိုနံ့နံ့နဲ့။ အမိန့်ချ မခံရသေးတော့ အရပ်ဝတ်အင်္ကျီ ရှပ်လက်ရှည် ကွက်ကြားကြီးကို လက်ခေါက်ပြီးဝတ်ကာ လုံချည်ကို လယ်သမားတွေ ဝတ်သလို ခပ်တိုတိုဘဲ ဝတ်ထားတယ်။ လက်မှာလည်း ခြင်္သေ့သုံးကောင် ဖက်ကြမ်းဆေးပေါ့လိပ်ကို ညှပ်ထားပြီး တချက်ချက် အားရပါးရ ရှိုက်ဖွါလိုက်သေးတယ်။ သူက ဆက်ပြောတာက “ဒီလို အတော်လေး ခေါင်းပေါ်ထဲကဆိုတော့ နေရာတကာတိုင်းမှာ ပါတယ်။ မရောက်တဲ့ နေရာမရှိ။ ကုလားပြဿနာ ဖြစ်တော့လည်း ပါတယ်။ ဒီလိုနဲ့ ရှစ်လေးလုံးဖြစ်တော့ ဖိုးတက်ကြွ ကျနော် ပါသွားပြန်ရော။ ရှစ်လေးလုံးက ရန်ကုန်မှာ ရှစ်ရက်နေ့ (၈. ၈. ၈၈) မှာ ဖြစ်ပေမဲ့ စစ်တွေမှာတော့ ၉ ရက် ဩဂုတ်လမှာဘဲ စဖြစ်တာ။ ချိန်းထားတဲ့နေရာမှာ ကျောင်းသားတွေဟာ ခွပ်ဒေါင်းအလံကို မထူဝံ့ဘဲ ဖြစ်နေကြတယ်။ ကျနော်က ငါ ထူတယ်ကွာဆိုပြီး အလံကို ဝါးလုံးမှာချိတ်ဆွဲပြီး မြို့နယ်ကောင်စီရုံးရှေ့က အလံတိုင်မှာ သွားတင်ပေးခဲ့တာ”   “အေး ငါ ယုံတယ်။ သိန်းအောင်ကျော်က ရဲတယ်။ သတ္တိရှိတယ်ဆိုတာ ကရာတေး ကစားတဲ့အခါမှာလည်း ငါတို့ မြင်တွေ့နေကျဘဲလေ” “အမှန်ကတော့ ရဲတာ သတ္တိရှိတယ်ဆိုတာက အမျိုးသားရေးဆိုတဲ့ စိတ်သန္ဓေက ကျနော့်ရင်ဘတ်ထဲမှာ အမြဲတမ်း ကိန်းအောင်းနေတယ်။ မခံချင်စိတ် ရှိတယ်ပေါ့။ အမြဲတမ်း တွန်းလှန်ချင်စိတ်။ တော်လှန်လိုစိတ် ရှိနေတာ။ လူငယ်အများစုကလည်း တခုခုဖြစ်ရင် ကိုသိန်းအောင်ကျော် ကျနော်တို့ ဘာလုပ်ရမလဲ လာလာပြီး မေးကြတယ်။ တိုင်ပင်ကြတယ်။ ကျနော့်ညီ သူငယ်ချင်း ညီမရဲ့ သူငယ်ချင်းတွေကအစ။ ဒါ့ပြင် ကျနော့်အကိုလတ်ရဲ့ သူငယ်ချင်းတွေကပါ အားလုံးက ကျနော့်သူငယ်ချင်း ဖြစ်နေတယ်။ ကုန်ကုန်ပြောရရင် ဈေးက ပွဲစားလောကထိ။ ငါးဈေးတန်းထိ။ ကျနော့်ကို သိကြတယ်။ ကျနော့်အဖေကလည်း ဟိုတုန်းက ပြောက်ကျားတွေကိုး။ မိဘက ပြောက်ကျားတွေဆိုတော့ ဒီအသွေးအသား ခံယူချက်တွေက ကျနော့်ရဲ့ သွေးထဲမှာ ဖျောက်ဖျက်မရဘူး။ ဆက်လက်စီးဆင်းနေတာပေါ့။ အာဏာပိုင်အစိုးရကို မကျေနပ်တာကို သိတယ်။ နေရင်းထိုင်ရင်း အလိုလိုကို မကျေမနပ်ကို ဖြစ်နေတာ။ ကိစ္စတခုခု ပေါ်လာပြီဆိုရင် ဥပမာ မင်းပြားကိစ္စ ဖြစ်တုန်းကဆို ကျနော်ဟာ ဆိုက္ကားသမားကိုလည်း ကျနော်ဟောတာဘဲ။ မြေအောက်သမားတွေနဲ့ ကျနော် အဆက်အသွယ်ရှိလားဆိုတော့ မရှိဘူး။ မရှိ‌ေပေမဲ့ ယူဂျီထဲမှာ သူငယ်ချင်းတွေ ရှိနေကြပြန်တယ်။ ဥပမာ ကိုကျော် ယူဂျီလုပ်နေတာကို ကျနော်မသိတာမျိုးပေါ့။ ရှစ်ဆယ့်ရှစ်မှာ လျှို့ဝှက်လုပ်က်တဲ့ အစည်းအဝေးဆိုလည်း ကျနော်ပါတာဘဲ။ အဲဒီလို။ အဲဒီလို ဖြစ်နေတာ” “ငါတို့ မြေအောက်ယူဂျီအလုပ်ဆိုတာကလည်း လူမသိအောင် ခြေသံလုံအောင်နေနိုင်မှ ရှင်သန်နိုင်တာကိုး။ ခု ငါ့ဘဲကြည့်လေ. ကိုယ့်လုပ်ဖော်ကိုင်ဖက်က အင်ဖော်မာဖြစ်နေတော့ ဂျေးအောင်းရတာဘဲ မဟုတ်လား သိန်းအောင်ကျော်။ ငါတို့မှာက ရန်သူဆိုတာ ကိုယ့်နဲ့ အနီးကပ်ဆုံးမှာ ရှိနေတတ်လို့ ကိုယ့်အရိပ်ကိုယ်တောင် သံသယနဲ့ကြည့်ပြီး လှုပ်ရှားရတဲ့ အလုပ်မျိုးလေ။ ဒါနဲ့ ငါ့ညီတို့က ရှစ်လေးလုံးကာလမှာ ဘယ်လိုဘယ်လို ဒီအမှုက ဖြစ်ရတာလဲ”   “ပြောရရင် ကိုကျော်ရေ။ အဲဒီနေ့ ဝင်္ကဘာကွင်းမှာ တရားပွဲဖြစ်တယ်။ အဲဒီနေ့အခြေအနေက စစ်တွေတမြို့လုံးက ဆန္ဒပြနေကြတာကိုး။ ကျနော်တို့လည်း ဦးဆောင်အဖွဲ့မှာ ပါတာ‌ပေါ့လေ။ ဒီတော့ ဘယ်နေ့ ဘာလုပ်မယ်။ ဘာအစီအစဉ် လုပ်မယ်ဆိုတာတွေကို စီစဉ်ရတဲ့ ကော်မတီဝင်ပေါ့။ ဘာမှမဆိုင်တဲ့ အပြင်လူတော့ မဟုတ်ဘူးပေါ့။ သပိတ်ကော်မတီမှာက ထောင့်စုံက ပါကြတယ်ပေါ့။ ဘုန်းကြီးတွေ ကျောင်းသားတွေ အရပ်ထဲက တက်ကြွလူငယ်တွေ နိုင်ငံရေးသမားတွေ အစုံပါကြတယ်။ သူ့စစ်ကြောင်းနဲ့သူ ဝင်္ကဘာကွင်းကို ဦးတည် ချီတက်ကြတယ်။ လူကြီး လူငယ် လူလတ် အလွှာစုံ ချီတက်ကြတာ။ အရမ်းစည်တယ်။ စည်ရတာက အဲဒီနေ့က အထွေထွေသပိတ် ပြုလုပ်တဲ့နေ့။ (၂၅. ၈. ၈၈) ရက်နေ့ပေါ့။ မြို့နယ်ပေါင်းစုံက လာစုကြတာ။ ရသေ့တောင်က မြအေးသိန်းတို့ ဘာတို့ လာတဲ့နေ့ပေါ့။ ရက္ခိုင်ပြည်မြောက်ပိုင်းက သပိတ်စုံ လာဆုံကြ စုကြတဲ့နေ့ပေါ့။ အဲဒီမှာ ကျနော်က အခမ်းအနား ပြင်ဆင်ရေးမှာပါတယ်။ မိုက်တွေ ဆင်ရတယ်။ ပြီးတော့ လုံခြုံရေးဘက်လည်း ဝင်ပါရတယ်။ ကြိုတင်လာပြီးတော့ လုပ်စရာရှိတာ လုပ်ကြရသူတွေပေါ့။ ကျောက်တိုင်အောက်ကနေ လုံခြုံရေးယူထားတယ်” “အင်း.. ကရာတေးသမား လက်ဝှေ့လည်းထိုးတတ်သူ လုံခြုံရေးတာဝန်ယူတာ ကောင်းတာပေါ့ သိန်းအောင်ကျော်။ ဒါနဲ့ ဘာတွေများ ထူးထူးခြားခြား ကြုံခဲ့ရလဲ ကွ”   “ထူးပြီလား ကိုကျော်ရေ… ထူးသမှ ထူးလွန်းလို့ ခုလို ထောင်ထဲ ရောက်သွားတာပေါ့ဗျာ”   “အေး.. စိတ်ဝင်စားစရာဘဲ။ ငါ့ကို ပြောပြပါလား” “အေးလေ. ကိုကျော် စိတ်ဝင်စားရင် ပြန်ပြောရတာပေါ့”   လို့ ဆိုရင်း သိန်းအောင်ကျော်သည် သူ့လက်ထဲက ဆေးပေါ့လိပ်ကို ပါးစပ်ထဲထည့်ကာ အားပါးတရ ဖွါရှိုက်လိုက်တယ်။ ဆေးလိပ်သမားဆိုတာကလည်း သူတို့အတွက် ဒီဆေးလိပ်အငွေ့လေး တရှိုက်ဟာ သူတို့ရဲ့ ခွန်အားကို ဖျတ်ကနဲ လန်းဆန်း လတ်ဆတ်သွားကြသလား မသိ။ ငါလည်း သူ စတင်ပြောလာမဲ့ စစ်တွေမြို့မှာ ဖြစ်ပွါးခဲ့တဲ့ ရှစ်လေးလုံးသမိုင်းထဲက ရုပ်ပုံလွှာ အပိုင်းအစတခုကို ကြားချင်စိတ်နဲ့ ငံ့လင့်နေခိုက်။ သိန်းအောင်ကျော်ကိုယ်တိုင်ကလည်း သူ့မီးခိုးငွေ့‌နောက်မှာ သူ့အတွေးများ လိုက်ပါသွားသလား ထင်ရလောက်အောင် ငြိမ်သက်သွားတယ်။ ဘုရားဝင်းတခုလုံးလည်း လေတိုးသံ သဲ့သဲ့။ ပတ်ဝန်းကျင်က ငှက်တို့ရဲ့ အသံတချို့ကို ကြားနေရ။ ခပ်လှမ်းလှမ်းက အကျဉ်းသားတွေရဲ့ စကားပြောသံတွေကို ကြားနေရသော်ငြား ငါနဲ့သူ နှစ်ယောက်ကြားမှာ သမိုင်းတခုကို မကြားရခင် ကြီးမားသော တိတ်ဆိတ်မှုကြီးက ဖုံးလွှမ်းထားတယ်။ ငါးမိနစ်ခန့် ငြိမ်သက်နေပြီးမှ   “အဲဒီအချိန်မှာ လူကြီးတယောက်က လာပြောတယ် ကိုကျော်။ ဟေ့ကောင်တွေ မင်းတို့ သတိဝိရိယနဲ့ လုပ်ကြ။ ငါတို့ကို ထောက်လှမ်းရေးက ဓာတ်ပုံရိုက်နေတာ ငါတွေ့ခဲ့တယ်။ သူတို့ အထိုင်ချတဲ့ နေရာက ဝင်္ကဘာကွင်းနဲ့ မျက်နှာချင်းဆိုင် လမ်းထောင့်က အိမ်မှာဘဲလို့ လာပြောတယ်။ ဒါကြောင့် သပိတ်အဖွဲ့က အဲဒီထောက် လှမ်းရေးတွေနဲ့ သွားပြီးဆွေးနွေးတယ်။ သူတို့ စတည်းချတဲ့အိမ်ကို တက်သွားပြီး ဆွေးနွေးတာပေါ့။ ခင်ဗျားတို့ အဲသလိုမလုပ်နဲ့။ ပြည်သူတွေ ကြောက်သွားအောင် မလုပ်ကြနဲ့။ ဘာညာပေါ့” ဒါကို ပြည်သူတွေက သိသွားတယ်။ သိသွားတော့ အဲဒီအိမ်ကို လူတွေက သွားဝိုင်းကြတယ်။ အိမ်ကလည်း လမ်းထောင့်မှာ ရှိတယ်။ ထောင့်ဆိုတော့ သူတို့လည်း ချက်ချင်း ပြေးလို့မလွတ်နိုင်ဘူး။ သပိတ်ကော်မတီက သူတို့ကို ပြောတာက “မင်းတို့ လူထုကို ဝန်ချတောင်းပန်လိုက်ပါ” လို့ ဆွေးနွေးညှိနှိုင်းတာကို သူတို့က ဖောလျှောလုပ်ပြီး ခေါင်းညိတ်တယ်။”   “ကျနော်ကိုယ်တိုင်လည်း အဲဒီအိမ်ရဲ့ ဝရံတာက ထွက်ပြီး ဒေါသထွက် ဆူညံပွက်နေတဲ့ လူအုပ်ကြီးကို စိတ်ထိန်းကြဖို့နဲ့ ကျနော်တို့ သပိတ်တိုက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ဆက်လုပ်နိုင်ဖို့ ဟစ်အော်ပြီး လူထုကို ပြောခဲ့တယ်။ အဲလိုပြောပြီး အိမ်ထဲကို လှည့်အဝင် ကျနော့်ခေါင်းကို တည့်တည့်မတ်မတ်ကြီး အုတ်ခဲကျိုးပိုင်းတလုံး လူအုပ်ထဲက ပစ်တာကို ခံလိုက်ရတယ်။ လေသံကို ဝှစ်ကနဲ ကြားပြီး ရှောင်လိုက်နိုင်လို့သာပေါ့။ နို့မဟုတ်ရင် ထောက်လှမ်းရေးထက်အလျင် ကျနော် မာလကီးယားမလားဘဲ ကိုကျော်ရေ”  “
Read more

“အမေရိကန်က ပုန်ကန်မှုနှိမ်နင်းရေးနဲ့ တည်ငြိမ်ရေးလုပ်ငန်းတွေကို အာရုံကျနေချိန်မှာ တရုတ်နဲ့ အိန္ဒိယလို အင်အားကြီးနိုင်ငံတွေဟာ အခြေခံအဆောက်အဦ၊ နည်းပညာနဲ့ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်”

■ အီရန်နဲ့ စစ်ခင်းမယ့်အကြံဟာ အမေရိကန်အတွက် ခြေလှမ်းအမှားလား ပါရှန်းပင်လယ်ကွေ့မှာ အမေရိကန် ရေတပ်အင်အား တိုးလာတယ်ဆိုတဲ့ သတင်းတွေကြောင့် ဝါရှင်တန်ဟာ အရှေ့အလယ်ပိုင်းမှာ နောက်ထပ်စစ်ပွဲတခု ဆင်နွှဲတော့မလားဆိုပြီး ခန့်မှန်းချက်တွေ ထွက်လာပါတယ်။ ဒီတခါတော့ အီရန်နဲ့ပေါ့။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အီရန်အနေနဲ့ ယူရေနီယံသန့်စင်မှုတွေကို အပြီးတိုင်ရပ်ဖို့၊ ဒုံးကျည်အစီအစဉ်တွေကို ထိန်းချုပ်ဖို့နဲ့
Read more

မရဏ နာရီ (ပထမပိုင်း) 

အာရက္ခအားမာန်ရဲဘော်ကျော်ဟန် (အပိုင်း ၂၆)  ဌေးဝင်း ၁၉၉၀ ပြည့်နှစ် မတ်လကုန်ခါနီးလောက်မှာ ဆရာကြီး ဦးဦးသာထွန်း ထောင်ထဲ ရောက်လာတယ်။ ဆရာကြီး ဦးဦးသာထွန်းဟာ မင်းပြားမြို့နယ်ထဲက ရွာတရွာမှာ ရွေးကောက်ပွဲ စည်းရုံးရေးတရားဟောရင်း အဖမ်းခံရတယ်။ ရွေးကောက်ပွဲက မေလမှဆိုတော့ ရွေးကောက်ပွဲမဝင်ခင် တလကျော်ကျော် နှစ်လနီးနီးအချိန်ပေါ့။  ဒီကြားထဲမှာ တိုက်ကနေ အချုပ်ဆောင်ကို ငါ ရွှေ့ပြောင်းခံလိုက်ရတယ်။ ဖြစ်ပုံကတော့ ထောင်ထဲမှာ သတင်းစာသွင်းခွင့် ဖတ်ခွင့် မပေးထားဘူး။ ဒီတော့ သတင်းစာတွေကို အပြင်က ခိုးသွင်းပြီး ဖတ်ရတာပေါ့။ တနေ့မှာ ဦးသာကျော် ရုံးတက်ရက်မှာ ရုံးကအပြန်မှာ သတင်းစာတစောင်ကို ဝှက်ပြီးသွင်းယူတယ်။ သူယူလာတဲ့ အဲဒီသတင်းစာကို ငါတို့အချင်းချင်း လက်ဆင့်ကမ်း လဲလှယ် ဖတ်ကြတယ်လေ။  ညဘက်တခုမှာ ထောင်ကို အာဏာပိုင်တွေက ရှောင်တခင် ဝင်စစ်တယ်။ ဒါကို ထောင်စကားနဲ့ ပြောရရင် တလာစီတယ်ပေါ့။ ထောင်အာဏာပိုင်တွေ တလာစီချိန်မှာ အကျဉ်းသားအားလုံးဟာ အခန်းပြင်ထွက်ပေးရပြီး ပုံစံထိုင်ပေးနေရတယ်။ ဒီအချိန်မှာ ထိုင်တဲ့ပုံစံက တင်ပလ္လင်ခွေပြီး လက်သီးဆုပ်ကို ဒူးပေါ်တင် ခေါင်းငုံ့ ပုံစံ မဟုတ်ဘူး။ ဆောင်းခြောင့်ထိုင်ပြီး လက်ကို ရှေ့ချထားကာ ခေါင်းငုံ့ထိုင်နေရတဲ့ ပုံစံ။ အဲဒီအချိန်မှာ ထောင်ဝါဒါတွေဟာ အခန်းထဲဝင်ပြီး ရှိရှိသမျှဖွ မွှေနှောက်ပြီး ရှာတော့တာဘဲ။ ငါနေတဲ့အခန်းထဲမှာတော့ ငါရယ် ကိုဘနှောင်းရယ် ထွန်းဝင်းဆိုတဲ့ (၁၀) တန်းကျောင်းသားနဲ့ သုံးယောက်နေကြတယ်။ ရှာတော့ ငါ့အိပ်ရာအောက်က သတင်းစာတစောင်ရတယ်။ ရတော့ ငါ့ကိုစစ်တော့တာပေါ့။ ဒီသတင်းစာ ဘယ်သူ သွင်းလာလဲပေါ့လေ။ ဂွကျတာက ငါ သွင်းလာတယ်လို့ ပြောရအောင်ကလည်း သတင်းစာက ငါရုံးထွက်ပြီးမှ ထွက်တဲ့သတင်းစာ ဖြစ်နေတယ်။ သတင်းစာဆိုတာက ကြိုထုတ်ထားတာမှ မဟုတ်တာ။ အမှန်အတိုင်းဖွင့်ပြောလိုက်ရင်လည်း သွင်းလာတဲ့လူက အသက်ကြီးနေတဲ့လူဖြစ်သလို NLD ပါတီက ရက္ခိုင်ပြည်ဥက္ကဌလည်း ဖြစ်တယ်။ သူ ဒေါက်ခတ်ခံရမှာ သေချာတယ်။ ဒီတော့ ငါက မသိဘူးလို့ဘဲ ဘူးခံရတော့တာပေါ့။ သူတို့က ငါ့ကို မင်းအိပ်ရာအောက် ရောက်နေတာ မင်းမသိရဘူးလားလို့ မေးတာပေါ့။ ငါကလည်း ရှေးနည်းအတိုင်း ဘူးကွယ်ငြင်းတော့ တလာစီရာမှာ လိုက်ပါလာတဲ့ ဒု-ထောင်ပိုင်က ဒေါကန်တာပေါ့။ “မင်းအိပ်ရာအောက်ကို မြွေဝင်ရင်ရော မင်း မသိဘဲ နေမလား” ဆိုတော့ ငါလည်း တိတ်နေတာပေါ့။ မင်းဝန်ခံ။ ဝန်မခံရင် မင်းကို ထောင်းတွင်းပြစ်ဒဏ်ပေးမယ်။ မင်းကို နေရာပြောင်းပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ဘာဘဲပြောပြော တိုက်ထဲမှာ နေရတာက အဆောင်နေရတာထက် ပိုပြီးကောင်းတာကို ငါသိတယ်။ သို့သော်လည်း ငါ အမှန်အတိုင်း ပြောလိုက်ရင် ဦးသာကျော် အသက်ကြီးသူ လူကြီးတယောက် အပြစ်ပေး အရေးယူတာ ခံရမယ်။ သူ့ကို အပြစ်ပေးခံရစေမဲ့အစား ငါဘဲခံလိုက်မယ်ဆိုပြီး ငါက ဝန်မခံတဲ့အတွက် ငါ့ကို နောက်တနေ့မှာပဲ အချုပ်သား အများကြီးထားတဲ့ အချုပ်ဆောင် အဆောင် ၂ အခန်း ၅ ကို ပို့လိုက်တယ်။ ဒေါက်တော့မခတ်ဘူး။ အခန်းမှာ လူ (၃၀) လောက်ရှိတယ်။ ပြစ်မှုမျိုးစုံနဲ့ဘဲ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီမှာ အရေးခင်းကာလတုန်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတောခိုလာသူ မင်းပြားက ကိုကိုဦးဆိုတဲ့ ကျောင်းသားကို အခန်းထဲမှာ လာတွေ့ တယ်။  ငါနေရတဲ့အခန်းလူကြီးက ခင်မောင်အေး။ သူက ကျေးပင်ကြီးရပ်ကွက်က ဦးမောင်စောဖြူထမင်းဆိုင်က အကြီးဆုံးသား။ MI 10 က စစ်ထောက်လှမ်းရေး လေးယောက်ကို သတ်မှုနဲ့ အဖမ်းခံထားရတဲ့သူ။ သူက ငါ့ကို အခန်း ရဲ့ဘုရားစင်အောက်မှာ နေရာကောင်းကောင်းချပေးတယ်။ ပြီးတော့ ငါနဲ့အပြင်မှာကတည်းက ရင်းနှီးတဲ့ ခင်မောင်အေးရဲ့ အမှုတွဲဖြစ်တဲ့ ကိုမောင်လှဖြူ။ ကိုမောင်လှဖြူဆိုတာက စစ်တွေမှာ သိပ်ကို နာမည်ကြီးတဲ့ လူငယ်သိုင်းသမား။ သိုင်းမှာ သိပ်ထူးချွန်တဲ့သူ။ သူက အချုပ်ထောင်ရုံးတာဝန်ခံ။ ကိုနိုင်နိုင်က အခန်း (၄) က အခန်းလူကြီးဖြစ်တယ်။ နောက်တယောက်က သိန်းအောင်ကျော်။ သူကလည်း အဆောင် ၂ အခန်း ၂ က အခန်းလူကြီးဘဲ။  ပြီးတော့ သိန်းအောင်ကျော်က ဆေးရုံကိုလည်းကိုင်ထားတဲ့ ဆေးရုံတာဝန်ခံ။ ဒီအဖြစ်အပျက်နဲ့တွဲပြီး ငါ ပိုမှတ်မိနေစေတာ နောက်တခုက ငါ့ကို အချုပ်ဆောင်ထဲပို့ပြီး နှစ်ရက်အကြာမှာ ဆရာကြီး ဦးဦးသာထွန်း ထောင်ထဲကိုရောက်လာတာပါဘဲ။  ဆရာကြီးဆိုတာက ရက္ခိုင်လူမျိုးတွေ အလွန် ချစ်ခင်လေးစား ကြည်ညိုခြင်းခံရတဲ့ ပညာရှင်တဦးပါ။ ပြီးတော့ ဉာဏ်ပညာပိုင်းမှာလည်း အံ့ခမန်း ထူးချွန်တဲ့ ပါရမီရှင်ပေါ့။ တိုင်းပြည်နဲ့ လူမျိုးအတွက် အရေးအကြီးဆုံး အချိန်ရောက်လာတဲ့အခါ လူကြည်ညိုခံ လေးစားခံ ပညာရှိ ပညာရှင်ဆိုတဲ့ နေရာမှာ အခန့်သား မနေနိုင်ဘဲ ‌ဘေးအန္တရာယ် ရောပြွမ်းနေတဲ့ နိုင်ငံရေးလောကထဲသို့ ဇရာအရွယ်ရောက်နေသော်လည်း သူ့ခေတ် သူ့ကာလ က ပေးလာတဲ့ သမိုင်းပေးတာဝန်တရပ်ကို ရဲရဲဝံ့ဝံ့ ပြတ်သားစွာ ယူခဲ့သူပါ။ ဆရာကြီးဟာ ဒီမိုကရေစီအရေး။ တိုင်းရင်းသား တန်းတူအခွင့်အရေး ရရှိရန် တိုက်ပွဲဝင်ဖို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာ နာယကကြီးအဖြစ် ရှေ့တန်းက တာဝန်ယူခဲ့တယ်။ ပြီးတော့ ကျောက်တော်မြို့ မဲဆန္ဒနယ် အမှတ် (၁) ရဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးလည်း ဖြစ်တယ်။ ဆရာဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စည်းရုံးရေးခရီးစဉ်အဖြစ် အနယ်နယ် အရပ်ရပ်ကို မဲဆွယ် တရားဟော ထွက်ခဲ့တယ်။ မင်းပြားမြို့နယ်၊ ပြားချောင်းကျေးရွာ မဲဆွယ် တရားဟောပွဲမှာ တရားဟောနေစဉ် ဖမ်းဆီးခံခဲ့ရတယ်။ ရင်နာစရာ အလွန်ကောင်းတဲ့ သမိုင်းအမည်းကွက်တခုက ဆရာကြီးကို အမှုဆင် တရားစွဲသူဟာ မဆလတဦးဖြစ်တဲ့ ရက္ခိုင်လူမျိုး ဗိုလ်ချုပ်တဦးလည်းဖြစ်တဲ့ သူရဦးစောဖြူ ဖြစ်နေတယ်။ သူရစောဖြူဟာ လေယာဉ်မောင်းတာ အရမ်းတော်တယ်လို့ နာမည်ကြီးတဲ့ ပိုင်းလောဖြစ်သလို စစ်တွေ ဆန်ပြဿနာမှာလည်း ရက္ခိုင်တွေကို သတ်ခဲ့တဲ့ တရားခံအဖြစ် ရက္ခိုင်တွေက မှတ်ယူထားကြတယ်။ ဒါက ဘာကိုပြသလဲဆိုရင် ကိုယ့်လူမျိုးပေမဲ့ ရန်သူ့ဘက်တော်သား အာဏာရှင်တွေရဲ့ အလိုတော်ရိ အစေအပါးဖြစ်သွားတဲ့အခါ အလွန်ကြောက်စရာကောင်းတဲ့ ပုဆိန်ရိုးတချောင်း ဖြစ်သွားတယ် ဆိုတာပါဘဲ။ သူက ဆရာကြီးကို အမျိုးသားရေး တရားဟောတယ်လို့ စွဲချက်တင်ပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်။ ငါနဲ့ သိန်းအောင်ကျော်က အသက် နည်းနည်းကွာတယ်။ သူ့အမနဲ့မှ ကျောင်းနေဘက်။ ဒါပေမဲ့ သိန်းအောင်ကျော်ဆိုတာက စစ်တွေမြို့မှာ လူသိများသူ။ လူချစ်လူခင်များသူ။ စစ်တွေမှာပြောကြတဲ့ စကားနဲ့ဆိုရင် “ခေါင်းပေါ်” တွေထဲက တယောက်ပေါ့။  အဲဒီခေတ် အဲဒီအခါ ငါတို့ကျင်လည်ရတဲ့ စစ်တွေမြို့က လူငယ်စရိုက်ဆိုတာက တပါတီ အာဏာရှင် မဆလ ဖန်တီးထားတဲ့ လူငယ်ထုကို မူးယစ်ဆေးဝါးနဲ့ နစ်မျောခိုင်းနေတဲ့အချိန်။ ဖန်စီဒိုင်းတို့ မော်ဖိန်းတို့ လူငယ်တွေကြား ခေတ်စားတဲ့ ကာလပေါ့။ လူငယ်ထုက အဲဒီလောက အဲဒီအဝန်းအဝိုင်းထဲကမှာ တဝဲဝဲ လည်နေကြတယ်။ တချို့တချို့ကတော့ ဒီအဝိုင်းအဝန်းက လွတ်ကင်းကြတာလည်း ရှိကြပါတယ်။ မိဘဩဇာ မိဘလောင်းရိပ်မှာ ပိပိရိရိနေတဲ့သူတွေကတော့ လွတ်တာပေါ့လေ။ မိဘလောင်းရိပ်အောက်မှာ နေတဲ့ထဲကတောင်မှ လွတ်လပ်မှုကို တိတ်တခိုးရှာဖွေသူတွေက ဒီအဝန်းအဝိုင်းထဲ ရောက်လာတဲ့ အချို့တွေလည်း ရှိတာပေါ့။ သိန်းအောင်ကျော်နဲ့ ပတ်သက်လို့ ငါ မမေ့နိုင်တာတခုက ငါ အချုပ်ကနေ တရားရုံးထွက်စဉ်က စစ်တွေမြို့ထဲက စီဘီ အချုပ်ခန်းထဲမှာ ခဏဆုံကြတုန်းပေါ့။ ငါက စစ်ကြောရေးမှာ ခံထားရလို့ ဂိနေချိန် သူက “ကိုကျော် ဘာမှ အားမငယ်နဲ့။ ကျနော်တို့ ရှိတယ်”။ “ထောင်ထဲကို လာခဲ့” “ထောင်ထဲရောက်ရင် ကိုကျော် ဘာမှ ပူစရာမလိုဘူး။ ထောင်ထဲမှာ အကို့သူငယ်ချင်းတွေ အားလုံးကို စီးထားတယ်” လို့ ပြောဖူးတာ ရှိတယ်။  ပြီးတော့ အဲဒီ ထောက်လှမ်းရေးသတ်မှုထဲက ငါ့သူငယ်ချင်းတယောက်ဖြစ်တဲ့ ကိုမောင်လှဖြူဟာ အဲဒီတုန်း က အချုပ်ရုံးမှာ တာဝန်ကျနေလို့။ သူက ငါ့ကို အဆောင်ကို ခေါ်ထားဖို့ ထောင်မှူးကို ပြောပေးပါသေးတယ်။ ဒါပေမဲ့ ထောင်မှူးက ငါ့ကို အဆောင်မှာထားလို့ မဖြစ်ကြောင်း ပြန်ပြောတယ်။ ဒါကြောင့် ငါဟာ ကြိုးတိုက်ထဲ ရောက်သွားခဲ့ရတာ။  ငါ ထောင်ထဲရောက်တော့ ဟုတ်တယ် သူပြောတဲ့အတိုင်းဘဲ။ ငါ့ကို သိန်းအောင်ကျော်တို့အုပ်စုက အကောင်း ဆုံး ဝန်းရံကြတယ်။ ငါက သူတို့နဲ့ ရင်းတဲ့သူမို့ ဒီလိုဆက်ဆံတာလားလို့ ထင်စရာရှိတယ်။ မဟုတ်ဘူး။ သူတို့က တထောင်လုံးက အကျဉ်းသားအားလုံးကို အတတ်နိုင်ဆုံး ဖေးမကူညီကြတယ်။ ဒီလို ဝန်းရံနိုင်ဖို့အတွက် သူတို့တွေ ဦးဆောင်ပြီး တိုက်ပွဲဝင်ထားလို့ ခုလို ထောင်ထဲက အကျရော အချုပ်သားတွေပါ မြန်မာနိုင်ငံက အခြားထောင်တွေနဲ့ နှိုင်းစာရင် အများကြီး သက်သာမှုရှိတယ်ဆိုတာ အတွေ့အကြုံရင့်တဲ့ အကျဉ်းသားကြီးတွေကတဆင့် ငါ သိလာရတယ်။ ဒါကြောင့် ငါသိချင်လို့ သိန်းအောင်ကျော်ကို မေးကြည့်တော့ သူက ငါ့ကို ဘုရားဝင်းထဲက သစ်ပင်‌‌အောက် တနေရာမှာ ပြောပြခဲ့တာ။  ဘုရားဝင်းဆိုလို့ ဒီစစ်တွေထောင်ထဲက ဘုရားမှာလည်း သူ့သမိုင်းနဲ့သူ ရှိတယ်။ ဒီဘုရားရဲ့ဒကာက မူဆလင်ဘင်္ဂလီလူမျိုး ကာဆိမ်း။ သူက အသက်ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတယောက်ဆီက ပစ္စည်းလု လူသတ် အလောင်းဖျောက်ဖျက်မှုနဲ့ သေဒဏ်ချခံခဲ့ရတဲ့သူ။ သူဟာ သေဒဏ်ချခံခဲ့ရလို့ အရမ်းဘဲ တုန်လှုပ်‌ခြောက်ချားပြီး ကြောက်စိတ်ဝင်သွားတယ်။ ကာဆိမ်း ကြိုးတိုက်ထဲမှာရှိနေတုန်း ပုသိမ်ကျောင်းက ကျောင်းထိုင်ဆရာတော်ကလည်း မတရားအသင်းဆက်သွယ်မှုနဲ့ ဆက်သွယ်တယ်လို့ အစိုးရက စွပ်စွဲတဲ့အတွက် ထောင်ထဲကို ရောက်လာတယ်။ ဆရာတော့်ကို အဆောင်မှာမထားဘဲ ကြိုးတိုက်ထဲမှာ ထည့်ထားတယ်။ သဘောကတော့ ဒစရိုက်မှုမျိုးစုံနဲ့ ကျလာတဲ့လူတွေနဲ့ မထားချင်လို့ရယ်။ နားအေးပါးအေး နေပါစေလို့ ထားပေးတာလည်း ဖြစ်နိုင်တယ်။ ဒီလိုနဲ့ ကာဆိမ်းနဲ့ ဆရာတော်တို့ တွေ့ကြဆုံကြရာက ခင်မင် ရင်းနှီးလာကြတာပေါ့။ ဆရာတော်ဟာ ကာဆိမ်းနဲ့ စကားပြောရင်း ဘုရားတရားအကြောင်းတွေ အလျဉ်းသင့်သလို ပြောပြ ဟောပြရာကနေ ကာဆိမ်းဟာ ဗုဒ္ဓရဲ့တရားဓမ္မကို နားလည် လက်ခံလာတယ်။ စိတ်ဝင်စားလာတယ်။ ကံ ကံ၏ အကျိုးကို ကောင်းစွာ သဘောပေါက် လက်ခံလာတယ်။ အဲဒါကြောင့် အစ္စလမ်ဘာသာဝင်ကနေ ဗုဒ္ဓဘာသာသို့ ထောင်တွင်းမှာဘဲ ဆရာတော့်အထံမှာ ကူးပြောင်းခဲ့တယ်လေ။ ဒါကြောင့် သူဟာ ထောင်တွင်းမှာ ညာဏ်တော် သုံးပေလောက်ရှိတဲ့ ကြေးဆင်းတုတော်တဆူကို လှူဒါန်းခဲ့တယ်။ ဒါကတော့ ပုသိမ်ဆရာတော်ရဲ့ သီလ သမာဓိ ပညာ စတဲ့ စွမ်းအားက သူ့ကို ဗုဒ္ဓရဲ့ မေတ္တာတရားအောက်ကို ရောက်အောင် လုပ်ဆောင်ခဲ့တယ်လို့ ဆိုရမှာဘဲ။ တကယ်တော့ ပုသိမ်ဆရာတော်ဆိုတာကလည်း ရက္ခိုင်မှာ နာမည်ကြီးလေ။ အောက်မှာ ဆက်လက်ဖော်ပြမဲ့အကြောင်းက သိန်းအောင်ကျော် ငါ့ကို ပြောပြခဲ့တဲ့ သူတို့ ဖြစ်စဉ်ထဲက အကြောင်းအရာ တချို့ပါဘဲ။ သူက ငါ့ကို ကိုကျော်လို့ ခေါ်တယ်။ ငါကတော့ သူဟာ ငါ့ထက်ငယ်ပေမဲ့ သူ့ နာမည်ကို ခေါ်ပြီး ပြောလေ့ရှိတယ်။ ကိုကျော်လို့ ခေါ်ရခြင်းက ငါ့နာမည်မှာ ကျော်ပါလို့ ဖြစ်သလို ငါတို့ခေတ်က ရုပ်ရှင်မင်းသား ကျော်ဟိန်းက လျှမ်းလျှမ်းတောက် အောင်မြင်ချိန်ဖြစ်လို့ ငါတို့ကလည်း ကျော်ဟိန်းစတိုင် ဖမ်းကြတယ်လေ။  ဒါကြောင့်လည်း ပါမှာပေါ့။ ထောင်တွင်းဖြစ်ပေမဲ့ ဘုရားဝင်းဆိုတော့ တိတ်ဆိတ် ငြိမ်သက်ခြင်း အေးငြိမ်းခြင်းဆိုတဲ့ ခံစားမှုကို ရစေတာဘဲလို့ ငါ ထင်မိတယ်။ အဲဒီ တိတ်ဆိတ်မှုကို စတင်ပြီး ဖျက်လိုက်တာက သိန်းအောင်ကျော်ရဲ့ စကားသံပါဘဲ။  “ကိုကျော်ရေ ကျနော် ဒီအကြောင်းတွေ ပြန်ပြောရမယ်ဆိုရင် ကျနော့်ဘဝ တစိတ်တဒေသကိုလည်း အရင်ပြောမှ ပြည့်စုံမယ်လို့ ထင်တယ်”  သိန်းအောင်ကျော်က ဆိုတော့ ငါကလည်း  “အေး.. ပြောပါ။ ဒီထောင်ထဲမှာဆိုတာက ငါတို့ အချင်းချင်း ကိုယ့်အကြောင်း သူ့အကြောင်း ဒီလိုဘဲ ပြောရင်း ပစ္စုပ္ပန်ကို ကျော်ဖြတ်နေကြရတာ မဟုတ်လား။ ပြောပါ ငါ နားထောင်ချင်တယ်” 
Read more