ရဲကို ဒီလပ် လို့ AA ပြောင်းသုံး

အာရက္ခတိုင်းမ်စ် (၃ ဖေဖော်ဝါရီ ၂၀၂၅)

ရက္ခိုင်ပြည်ရှိ လွတ်မြောက်နယ်မြေများတွင် အာရက္ခတပ်တော်က ရဲ ဆိုတဲ့ အသုံးအနှုန်းအစား ဒီလပ် (DELEPS) လို့ ပြောင်းလဲလိုက်တယ်လို့ ဒေသခံတွေ ဆိုပါတယ်။

အဆိုပါ ဒီလပ် (DELEPS) ရဲ့ စာလုံးအရှည်ဟာ Department of Law Enforcement and Public Security ဖြစ်ပြီး အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန ဖြစ်တယ်လို့ သိရပါတယ။

“ရက္ခိုင်ပြည်မှာ ရဲသားကို “ ဒီလပ်” ( DLEPS ) လို့ ခေါ်ရေ။ ရဲလို့ မသုံး။
အရှည်က ” (Department of Law Enforcement and Public Security- DLEPS) – ရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန ” မှတ်ထား “ ဒီလပ်” လို့ ခေါ်ကတ်ပါ။” လို့ စာရေးဆရာ ဝေဟင်အောင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားပါတယ်။

စစ်ကောင်စီသုံးနှုန်းခဲ့တဲ့ ရဲ အမည်ကို ဖျက်သိမ်းကာ ပြည်သူများအား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝန်ဆောင်မှုပေးသော ဌာနကို ဒီလပ်ဌာန/DLEPS ၊ ဝန်ဆောင်မှုပေးသူများကို ဒီလပ် လို့ ပြောင်းလဲလိုက်တယ်လို့ သိရပါတယ်။

Related posts

AA ရဲ့ လက်နက်ကိုင်မှုကြောင့် ရက္ခိုင်ပြည်သူတွေက သူတို့ဘဝကို ဖျက်ဆီးသလို ခံစားနေရလို့ ဒေါက်တာအေးမောင်ဆို

ဒိုင်ယာစပိုရာများရဲ့ မိခင်မြေတမ်းချင်း

ဆင်လန်တောင်အနီးတွင် စကမ က လက်နက်ကြီးစခန်း အခိုင်အမာတည်ဆောက်နေ