အာရက္ခတိုင်းမ်စ် (၁၂ မေ ၂၀၂၅)
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ဆရာ၊ ဆရာမ ၂ ဦးနဲ့ ကလေး ၁၀ ယောက် အပါအဝင် ကျောင်းသားကျောင်းသူ ၅၀ ဝန်းကျင် ထိခိုက်သေဆုံးနိုင်တယ်လို့ ဒီပဲယင်းမြို့နယ်က ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူတွေထံကနေတဆင့် သိရပါတယ်။
ဒီနေ့ မေလ ၁၂ ရက် မနက် ၉ နာရီ ၅၅ မိနစ်ဝန်းကျင်အချိန်မှာ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် လတ်တလောမှာ ကျောင်းတက်နေတဲ့ ကလေး ၁၀ ယောက်နဲ့ ဆရာ၊ ဆရာမ ၂ ယောက်အပါအဝင် ရုပ်အလောင်း ၁၃ လောင်း အတည်ပြုထားနိုင်ပြီး ကူညီကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေလျက် ရှိပါတယ်။
အဆိုပါ အိုးထိန်းတွင်းကျေးရွာရှိ စာသင်ကျောင်းက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကြားကာလပညာရေးကျောင်းဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီစာသင်ကျောင်းကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်အခြေအနေတွေကို ဆက်လက်စုံစမ်းနေတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း အသိပေးထုတ်ပြန်ထားပါတယ်။
ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာ လေကြောင်းတိုက်ခိုက်မှုဟာ စစ်ကိုင်းတိုင်းအတွင်း ဒုတိယမြောက်ကလေးသူငယ်သေဆုံးမှုအများဆုံးတိုက်ခိုက်မှုအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး စစ်ကောင်စီဟာ ဒီနေ့ ၁ ရက်အတွင်းမှာပဲ စစ်ကိုင်းတိုင်းကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး အားလုံးဟာ စာသင်ကျောင်း၊ ဆေးခန်း စတဲ့ အရပ်သားပစ်မှတ်တွေချည်းဖြစ်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားပေမယ့်လည်း နိုင်ငံတစ်ဝန်းမှာ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ အဆိပ်ငွေ့ဗုံးတွေ ကြဲပြီး ထိုးစစ်ဆင်တာတွေကို လုပ်ဆောင်လျက်ရှိပါတယ်။
ဓာတ်ပုံများကို t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်
10 Comment
1xbet 1xbet .
гидроизоляция подвала цена гидроизоляция подвала цена .
усиление грунта цена за м3 usilenie-gruntov-1.ru .
ремонт бетонных конструкций инъектирование ремонт бетонных конструкций инъектирование .
ремонт бетонных конструкций материалы ремонт бетонных конструкций материалы .
инъектирование грунта цена инъектирование грунта цена .
ремонт бетонных конструкций торкретирование remont-betona-1.ru .
стоимость гидроизоляции подвала gidroizolyacziya-podvalov.ru .
йога порно онлайн йога порно онлайн .
гидроизоляция подвала цена гидроизоляция подвала цена .