ဉာဏ်တောနဲ့ရွှေသွန်းရွာတွင် TNLA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၁၉ ဇွန် ၂၀၂၅)

တအာင်းပြည် တပ်မဟာ ၃ နယ်မြေ နောင်ချိုမြို့နယ်ရှိ ဉာဏ်တော နဲ့ ရွှေသွန်းကျေးရွာတွင် TNLA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းမှာ ဉာဏ်တော နဲ့ ရွှေသွန်းကျေးရွာကို လက်နက်ကြီး ၃၈ လုံး၊ ဒရုန်းကိုအသုံးပြုပြီး ဗုံး ၁၀ လုံး ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

အလားတူ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နောင်ချိုမြို့နယ်က ရွှေညောင်ပင် နဲ့ ရေမောင်းတန်းကျေးရွာကိုလည်း လက်နက်ကြီး ၈ လုံး နဲ့ ဒရုန်းနဲ့ ဗုံး ၂၃ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၁၆ ရက် မနက် ၁၁ နာရီ ၄၀ ခန့်ကလည်း စစ်ကောင်စီရဲ့ ဆဗ္ဗဆယ်ကျေးရွာကို လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး လက်နက်စထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ အနေနဲ့ ငလျင်ဒဏ်သင့်ပြည်သူများနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာများတွင် ထိုးစစ်ဆင်ခြင်းများ ပြုလုပ်မှာမဟုတ်ဘဲ အပစ်ရပ်သက်တမ်းကာလကို ၁ လ သက်တမ်းတိုးထားပေမယ့် စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် နောင်ချိုမြို့နယ်အတွင်းမှာ တိုက်ပွဲ မကြာခဏဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

Related posts

ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံခါးပတ် ဒုတိယအကြိမ် ကာကွယ်လိုက်တဲ့ ဗန်

ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ပြီး ရက္ခိုင်မှာ မိုးကြီးနိုင်

AA က ရွေးတုတပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေ