ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးတွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့ မီးရှို့ဖျက်ဆီး

အာရက္ခတိုင်းမ်စ် (၂၇ ဇွန် ၂၀၂၅)

ညီနောင်မဟာမိတ် ၃ ဖွဲ့ အုပ်ချုပ်နေတဲ့ မိုင်းယု ၁၀၅ မိုင် တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထိမ်းအမှတ်နေ့အဖြစ် ဇွန်လ ၂၆ ရက်က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“ ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို အများပြည်သူရှေ့မှာ မီးရှို့ဖျက်ဆီးတာ။ ပမာဏတော့ တော်တော်များပါတယ်” လို့ မိုင်းယု ၁၀၅ မိုင်က ဒေသခံ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မိုင်းယု ၁၀၅ မိုင်ဟာ တအာင်းပြည် တပ်မဟာ ၇ နယ်မြေ နမ့်ခမ်းခရိုင်တွင် တည်ရှိတာလည်း ဖြစ်ပါတယ်။

အဆိုပါ မိုင်းယု ၁၀၅ မိုင်ကို အာရက္ခတပ်တော် AA ၊ ကိုးကန့်တပ် MNDAA နဲ့ တအောင်းတပ် TNLA တို့ စုပေါင်း အုပ်ချုပ်နေတာလည်း ဖြစ်ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ အနေနဲ့ ဘိန်းဖြူ (ဆပ်ပြာခွက်) (၁၂) ခွက်၊ အထုပ် (၂) ထုပ်၊ အချိုရည်ပိုက်အတွင်းရှိ ဘိန်းဖြူ (၂၂၃) ခု၊ Happy Water (၅၆) ထုပ်၊ ယာမစိတ်ကြွဆေးပြား (၁၂၆၆၀) ပြား နဲ့ ဘိန်းမည်း (၁) ထုပ် တို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါ။

Related posts

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

တရားမဝင် အရက်များကို မောင်တောတွင် DLEPS  ဖမ်းဆီး