အာရက္ခတိုင်းမ်စ် (၄ ဇူလိုင် ၂၀၂၅)
ရက္ခိုင်ပြည် အမ်း နဲ့ မြေပုံမြို့နယ်ကို စစ်ကောင်စီက ဒီနေ့မှာ လေယာဉ်နဲ့ ဗုံးလာကြဲတယ်လို့ သ်ိရပါတယ်။
အမ်းမြို့ကို မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချခဲ့ပြီး မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို ဆက်လက် ဗုံးကြဲခဲ့လို့ ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ပျဉ်းတောရပ်ကွက်ကို ဗုံးကျလို့ စာသင်ကျောင်းတော့ ပျက်စီးသွားတယ်။ လူနေအိမ် အချို့လည်း ပျက်စီးသွားတယ်” လို့ အမ်းမြို့ဒေသခံ ၁ ဦးက အာရက္ခတိုင်းမ်ကို ပြောပါတယ်။
အလားတူ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ကြဲချခဲ့လို့ ဒေသခံပြည်သူ အနည်းဆုံး ၂ ဦး သေဆုံးခဲ့တယ်လို့ နရိဉ္စရာသတင်းဌာနက ရေးသားထားပါတယ်။
စစ်ကောင်စီဟာ ကမ်းထောင်ကြီးမြို့ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၅ ရက်ကလည်း လာရောက်ဗုံးကြဲခဲ့လို့ အရွယ်မရောက်သေးတဲ့ ကလေးငယ်အပါအဝင် ၂ ဦး သေဆုံးခဲ့ပါတယ်။
1 Comment
Главный принцип работы — медицинская обоснованность процедур. Капельница помогает облегчить проявления похмельного и абстинентного синдрома, но сама по себе не устраняет причины алкогольной зависимости. После стабилизации врач может предложить дальнейшее лечение, психотерапию, кодирование, реабилитацию и поддержку родственников. Если вы хотите получить подробную информацию о том, сколько стоит вывод из запоя, какие процедуры проводятся на дому и в клинике, можно позвонить в центр и задать вопросы консультанту. Первичная консультация по организационным вопросам может предоставляться бесплатно.
Ознакомиться с деталями – https://vyvod-iz-zapoya-ehlektrostal3.ru/