ကျောက်ဖြူက ကျေးရွာအချို့ကို စစ်ကော်မရှင် မီးရှို့ဖျက်စီး

အာရက္ခတိုင်းမ်စ် (၁၅ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်က ကျေးရွာအချို့ကို စစ်ကော်မရှင်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ကုလဘာကိုဆိုရင် ဒရုန်းနဲ့ ဗုံးကြဲပြီး ဖျက်စီးတယ်။ လိပ်ခမော်ရွာကျတော့ စစ်သားတွေကိုယ်တိုင် မီးတိုက် (ရှို့) သွားတယ်။ ရှုံးမဲ မဲပြီး ဖျက်စီးသွာတာ” လို့ ကျောက်ဖြူမြို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ကျောက်ဖြူမြို့နယ်က အမှတ် ၃၂ ရဲတပ်ရင်းနဲ့ ဓညဝတီရေတပ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေပြီး စစ်ကော်မရှင်အနေနဲ့ မကျဆုံးစေရေးအတွက် အသည်းအသန် ခုခံနေတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်အနေနဲ့ ကျောက်ဖြူမြို့နယ်က ကြက်တိန်၊ စည်​မော်၊ စစ်​တော နဲ့ ဦးကင်းရွာကို မီးရှို့ဖျက်စီးခဲ့လို့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

“ကြက်တိန်၊ စည်မော်၊ စစ်တော နဲ့ ဦးကင်းက မိသားစုဦးရေ ၂၃၃ စုကို ဝေဟင်အောင်ပရဟိတက လာရောက်လှူဒါန်းပေးခဲ့လို့ လတ်တလော စားဝတ်နေရေး အဆင်ပြေနေတယ်” လို့ ကျောက်ဖြူမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကျောက်ဖြူမြို့နယ်က အမှတ် ၃၂ ရဲတပ်ရင်းကိုသာ အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့ရင် စစ်ကော်မရှင်တပ်သားတွေအနေနဲ့ ကျောက်ဖြူမြို့ထဲကသာ ခုခံရတော့မယ့် အခြေအနေလည်း ဖြစ်နေတယ်လို့ ကျောက်ဖြူဒေသခံတွေထံက သိရပါတယ်။

ဓာတ်ပုံ – ကြက်တိန်၊ စည်​မော်၊ စစ်​တော နဲ့ ဦးကင်းရွာက တိမ်းရှောင်လာသော ပြည်သူများ

Related posts

မိုင်းယု ၁၀၅ မိုင်မှာ ညီနောင်မဟာမိတ်အဖွဲ့ ဘောလုံးပြိုင်ပွဲပြုလုပ်

ပုဏ္ဏားကျွန်းတိုက်ပွဲအတွင်း AA သိမ်းဆည်းရမိတဲ့ စစ်အသုံးအဆောင်များ

တရုတ်နယ်စပ် ခေါင်လန်ဖူးရှိ ရွေးတုတပ် ဗျူဟာစခန်းကို KIA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်