AA ကို ‘ဝ’ က လက်နက်ထောက်ပံ့ပေးတာ မဖြစ်နိုင်၊ သူ့ဘာသာ သူ ဝယ်သုံးတာ ဖြစ်နိုင်

အာရက္ခတိုင်းမ်စ်(၂၁ ဩဂုတ် ၂၀၂၅)

အာရက္ခတပ်တော်ကို “ဝ’ က လက်နက်ထောက်ပံ့ပေးတာ မဖြစ်နိုင်ဘဲ သူ့ဘာသာသူ ဝယ်သုံးတာ ဖြစ်နိုင်တယ်လို့ ဒေါက်တာလှကျော်ဇော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“လက်နက်က ဒီလို သိပ်ခက်ခက်ခဲခဲ ရှာနေစရာမလိုဘူး။ ကပစ တို့ ဘာတို့ကလည်း ထုတ်ရောင်းနေတာပဲလေ။ ငွေရှိရင် ဝယ်လို့ရနေတာပဲ။ AA ကို ဘယ်လိုလုပ် ဒီ ‘ဝ’ တပ်က ပေးလို့ရမလဲ။ ဒီလောက် အဝေးကြီး။ AA သူ့ဘာသာသူ ဝယ်ခြမ်းနေတာ ဖြစ်မှာပေါ့” လို့ သူက ပြောပါတယ်။

‘ဝ’ ဘက်က ဘယ်အဖွဲ့အစည်းကိုမှ လက်နက်မထောက်ပံ့တော့တဲ့အတွက် တော်လှန်ရေးရပ်တန့်သွားမယ် ဆိုတာက မဖြစ်နိုင်ဘူးလို့ သူက ပြောပါတယ်။

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဟာ‘ဝ’ တပ်ဖွဲ့ရဲ့ ဘယ်အဖွဲ့အစည်းကိုမှ လက်နက်နဲ့ ငွေကြေး မထောက်ပံ့ပေးတော့ကြောင်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ကိုးကန့် တပ် MNDAA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် ( SSPP/ SSA) တပ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက်  ဩဂုတ်လ ၂၀ ရက်မှာ အခုလို ထုတ်ပြန်ကြေညာခဲ့တာပါ။

“သူတို့‌ ထောက်ပံ့လို့ တော်လှန်ရေးဖြစ်တာမှ မဟုတ်ဘဲ။ ‘ဝ’ မထောက်ပံ့လို့ တော်လှန်ရေး ဆက်မဖြစ်ဘူးဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒီလိုတော့ ရှိတယ်။ တော်လှန်ရေးသမားတွေဘက်ကတော့ တစ်စုံတစ်ရာ ဘယ်လိုခေါ်မလဲ နှောင့်နှေးတာ ခက်ခဲတာတွေတော့ ရှိသွားနိုင်တာပေါ့။ ဒါပေမယ့် ဒါမျိုးက ထူးဆန်းတာမှ မဟုတ်ဘဲလေ။ ကျမတို့ တော်လှန်ရေးလုပ်နေတာ နည်းတဲ့နှစ်လည်း မဟုတ်ဘူး။ နွေဦးတော်လှန်ရေး ၄ နှစ် ၅ နှစ်လောက်ပဲ မဟုတ်ဘူး။ ၁၉၆၂ ဇူလိုင် ၇ ရက်နေ့ကတည်းက စခဲ့တဲ့ တော်လှန်ရေး။ ဒါ တက်လိုက် ကျလိုက်နဲ့ ဒီတစ်ခါ တော်လှန်ရေးကတော့ ဘယ်လောက်အခက်အခဲတွေ့တွေ့၊ ဘယ်လိုအကြောင်းအရာတွေပဲ ဖြစ်ဖြစ် ရှေ့ဆက်သွားကြမှာပဲလေ။ တစ်စုံတစ်ရာတော့ အခက်အခဲတွေ၊ အနှောင့်အယှက်တွေ ရှိနိုင်တာပေါ့။ တော်လှန်ရေးဆိုတာ တစ်ချိုးတည်းသွားတာမှ မဟုတ်ဘဲ” လို့ သူက ပြောပါတယ်။

UWSA ဒုဥက္ကဋ္ဌ က”ဝ” ပြည်နယ်သည် မည်သည့် လက်နက် နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်ကြောင်း၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ သို့မဟုတ် မည်သည့် အဖွဲ့အစည်းကို မည်သည့် အကြောင်းပြချက်၊ အချိန်မရွေး၊ မည်သည့် နေရာ၌ဖြစ်စေ ငွေကြေး အကူအညီပေးမည် မဟုတ်ကြောင်း ပြောဆိုခဲ့တာပါ။

ဒါ့အပြင် အခု ဆုံးဖြတ်ချက်ကိုလည်း အများပြည်သူသို့ တရားဝင် ကြေညာမည်ဖြစ်ပြီး အဖွဲ့အစည်းများ အနေ ဖြင့် လက်နက်နှင့် စက်ကိရိယာများ၊ ငွေကြေးအကူအညီများ သို့မဟုတ် အခြား ထိုကဲ့သို့သော ကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် “ဝ” ပြည်နယ်ကို ထပ်မံနှောင့်ယှက်ခြင်းမှ ရှောင်ကြဉ်ရန် အဖွဲ့အစည်းများအား တိုက်တွန်း အပ်ပါသည်လို့ ပြောထားပါတယ်။

ရှမ်းမြောက်က မြို့အများအပြားကို သိမ်းပိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ ‘ဝ’ အနေနဲ့ ကိုးကန့် နယ်မြေဘက်ကို ကုန်စည်တွေမရောက်အောင် တင်းကျပ်ဖို့ တရုတ်က စပြီး ဖိအားပေးခဲ့တာပါ။ 

အဲဒီနောက် TNLA နဲ့ MNDAA ကို လက်နက်ခဲယမ်းတွေ၊ စားနပ်ရိက္ခာ၊ စက်သုံးဆီ၊ ဆေးဝါးတွေကို ရောင်းချမပေးရန် UWSA ကိုပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

‘ဝ’ က အခုလို လက်နက်နဲ့ ငွေကြေးမထောက်ပံ့ပေးတော့တဲ့အတွက် အာရက္ခတပ်တော်အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့ဟာ စစ်‌ရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုကို ပြန်စဉ်းစားရမယ့် အနေအထားရှိကြောင်းလည်း သုံးသပ်နေကြပါတယ်။

Related posts

အစိုးရ အပြောင်းအလဲနှင့် ပညာရေး အပြောင်းအလဲဟု ဆိုကြသော်လည်း အမှန်ဆိုလျှင်

ဝီရဌာနီမြို့နယ်ရှိ‌ ဒေသခံတွေအတွက် ARAKAN လူငယ်ပရဟိတအသင်းက HDCO နဲ့ ပူးပေါင်းလှူဒါန်း

ငပလီကို ကမ်းတက်နိုင်ရန် ရွေးတုအစိုးရ ကြံစည်နေ

3 Comment

rent yacht montenegro 61 မေ 5, 2026 - 5:54 ညနေ
Bmraleva ဇွန် 1, 2026 - 10:32 ညနေ

tadalafil 20 mg para que sirve how much tadalafil should i take liquid tadalafil

Behaleva ဇွန် 2, 2026 - 5:36 မနက်

maximum dose of cialis how to flush cialis out of your system max dose of cialis

Add Comment