အာရက္ခတိုင်းမ်စ် (၃၀ သြဂုတ် ၂၀၂၅)
ရက္ခိုင်ပြည် စစ်တွေမြို့ကနေ စစ်ကော်မရှင်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ပုဏ္ဏားကျွန်းမြို့နယ် ဒေသခံ အများစု နေရပ်စွန့်ခွာ ထွက်ပြေးနေကြပါတယ်။
ပဒေသာ၊ ငှက်ကြီးကျွန်း၊ အလယ်ချောင်း၊ တန်ဘက်လမ်း၊ ကျွဲထိုး စတဲ့ ကျေးရွာများက ဒေသခံပြည်တွေဟာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရတာလည်း ဖြစ်ပါတယ်။
“ စကမ တပ်ကနေ အဆက်မပြတ် လက်နက်ကြီးပစ်ခတ်နေပြီး ဒရုန်းတွေကိုလည်း ပိုသုံးလာတယ်။ နေ့စဥ်လိုကို ပစ်ခတ်နေတာ” လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေဖြစ်တဲ့ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့ ကို စစ်ကော်မရှင် ပစ်ခတ်နေတာကြောင့် စစ်တွေမြို့နယ်နဲ့ နီးတဲ့ ကျေးရွာက ပြည်သူတွေဟာ ဘေးကင်းရာသို့ ရွှေ့ပြောင်းနေကြတာလည်း ဖြစ်ပါတယ်။
သြဂုတ်လ ၂၆ ရက်က စစ်တွေမြို့ ပါဒလိတ်အခြေစိုက် စစ်ကော်မရှင်တပ်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပုဏ္ဏားကျွန်းမြို့ ငှက်ကြီးကျွန်းကျေးရွာက နေအိမ်အချို့ ပျက်စီးခဲ့ပါတယ်။
2 Comment
charter yacht Montenegro rent a yacht in Montenegro with captain
sailing charter Montenegro https://rent-a-yacht-montenegro.com