AA ရဲ့ ပစ်ခတ်မှုကြောင့် နေဗီတစီး မီးလောင်

အာရက္ခတိုင်းမ်စ် (၂၉ ဩဂုတ် ၂၀၂၅)

အာရက္ခတပ်တော်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စစ်ကော်မရှင်ရဲ့ နေဗီတစီး မီးလောင်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ နေဗီတစီးကို သြဂုတ်လ ၂၉ ရက် ညနေ ၅ နာရီခွဲခန့်မှာ အာရက္ခတပ်တော်ရဲ့ ကမ်းခြေစောင့်တပ်က ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။

“ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်သင်္ဘောတစီးကို မာန်အောင် နဲ့ ရမ်းဗြဲကျွန်းကြားမှာ ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့တယ်” လို့ အာရက္ခတပ်တော်ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အတည်ပြု ပြောကြားပါတယ်။

အာရက္ခတပ်တော်က ပစ်ခတ်လိုက်လို့ မီးလောင်ခဲ့တဲ့ စစ်ကော်မရှင်ရဲ့ နေဗီအမျိုးအစားဟာ Frigate အမျိုးအစား ဟုတ် မဟုတ် အတိအကျ မသိရပေမယ့် စစ်ရေယာဥ်အကြီးအစားဖြစ်တယ်လို့လည်း ဦးခိုင်သုခက ဆိုပါတယ်။

အာရက္ခတပ်တော်က ပစ်ခတ်လိုက်တဲ့ စစ်ကော်မရှင်ရဲ့ နေဗီဟာ ကမ်းခြေနဲ့ မီတာ တသောင်းကျော် အကွာအဝေးကနေ သွားလာနေလည်း ဖြစ်ပါတယ်။

အလားတူ သြဂုတ်လ ၉ ရက်ကလည်း ရက္ခိုင်ပြည် ငပလီကမ်းခြေက ပြန်လာတဲ့ စစ်ကော်မရှင်ရဲ့ နေဗီတစီးကို ဧရာဝတီတိုင်း ဘောမိတွင် အာရက္ခတပ်တော်က ပစ်ခတ်ခဲ့လို့ မီးလောင် ရေထဲနစ်မြုပ်ခဲ့ပါတယ်။

Related posts

မြေပုံမြို့မပန်းခြံမှာ လူငယ်တွေ စုပေါင်းပြီး သန့်ရှင်းရေးပြုလုပ်

MNDAA နဲ့ စစ်ကောင်စီ နေပြည်တော်မှာ ငြိမ်းချမ်းရေး ဆွေးနွေး

ဂိတ်တွေမှာ စစ်ဆေးခံရနိုင်တဲ့ ဖုန်းထဲက ဓာတ်ပုံနဲ့ ရုပ်သံတွေ ဖျက်ထားဖို့ ခရီးသွားဝန်ဆောင်မှုအသင်း ထုတ်ပြန်