ရက္ခိုင်အဆိုတော် ALPHA ကို စကမ ဖမ်းဆီး(Breaking News)

အာရက္ခတိုင်းမ်စ် (၃ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်အဆိုတော် ALPHA ကို စစ်ကော်မရှင်က ဒီကနေ့ နေ့လည် ၂ နာရီကျော်တွင် ရန်ကုန်မြို့ ကျောက်မြောင်းတွင် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“ ဘာကြောင့် ဖမ်းတာလဲလို့ မပြောဘူး။ ဒီအတိုင်း အခန်းကို ဝင်စီးပြီး ဖမ်းသွားတယ်” လို့ ကျောက်မြောင်းနေ ရက္ခိုင်သားတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်အဆိုတော် ALPHA ဟာ 11/Arakan သီချင်းနဲ့ အောင်မြင်တဲ့ အနုပညာသမား တဦးဖြစ်ပြီး လက်ရှိတွင်လည်း တေးရေး၊ တေးဆိုနေသူတဦးဖြစ်ပြီး အမည်ရင်းမှာ ဇွဲပြည့်ပိုင် ဖြစ်ပါတယ်။

အာရက္ခတိုင်းမ်စ် သတင်းဌာနက ဆက်လက်တင်ဆက်ပေးသွားပါမယ်။

Related posts

ULA/AA အနေနဲ့ ရက္ခိုင်အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သူ ထွန်းလင်းသိန်းကို ထိရောက်စွာအရေးယူပေးရန် BWU နဲ့ MwiM တောင်းဆို

ARO ခေါင်းဆောင် အဗ္ဗဒူဟာလင်း ပစ်သတ်ခံရ

နတ်ရေကန်စစ်မျက်နှာတွင် လာသမျှတပ်မတွေကို AA စစ်ဦးချိုးနိုင်ခဲ့

1 Comment

karayaz.ru ဧပြီ 13, 2026 - 6:14 ညနေ
Add Comment