NewsPolitic

ရက္ခိုင်အဆိုတော် ALPHA ကို စကမ ဖမ်းဆီး(Breaking News)

အာရက္ခတိုင်းမ်စ် (၃ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်အဆိုတော် ALPHA ကို စစ်ကော်မရှင်က ဒီကနေ့ နေ့လည် ၂ နာရီကျော်တွင် ရန်ကုန်မြို့ ကျောက်မြောင်းတွင် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“ဘာကြောင့် ဖမ်းတာလဲလို့ မပြောဘူး။ ဒီအတိုင်း အခန်းကို ဝင်စီးပြီး ဖမ်းသွားတယ်” လို့ ကျောက်မြောင်းနေ ရက္ခိုင်သားတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်အဆိုတော် ALPHA ဟာ 11/Arakan သီချင်းနဲ့ အောင်မြင်တဲ့ အနုပညာသမား တဦးဖြစ်ပြီး လက်ရှိတွင်လည်း တေးရေး၊ တေးဆိုနေသူတဦးဖြစ်ပြီး အမည်ရင်းမှာ ဇွဲပြည့်ပိုင် ဖြစ်ပါတယ်။

အာရက္ခတိုင်းမ်စ် သတင်းဌာနက ဆက်လက်တင်ဆက်ပေးသွားပါမယ်။

Related posts

ရက္ခိုင်ပြည်သို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ချင်းပြည်သူ့တပ်မတော်ကို ဖိတ်ခေါ် တွေ့ဆုံ

Rakhita Times

ဒေါက်တာညိုကို အားကိုးရတဲ့ သူပုန်ဖြူလို့ ဒေါက်တာဇော်ဝေစိုးပြော

Rakhita Times

AA ကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စွပ်စွဲချက်ဟာ မရိုးနိုင်တဲ့ ဗျူဟာလို့ ခိုင်သုခ ပြော

Rakhita Times

208 comments

Leave a Comment