တောင်ကုတ်ကို စကမ ဗုံးကြဲ(Breaking News)

အာရက္ခတိုင်းမ်စ် (၂၆ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် တောင်ကုတ်မြို့ကို စစ်ကော်မရှင်က ဒီကနေ့ မွန်းလွဲ ၄ နာရီခန့်က ပေါင် ၅၀၀ ဗုံး တလုံး လာရောက် ကြဲချခဲ့တယ်လို့ သိရပါတယ်။

“ တပ်ဦးဘုန်းကြီးကျောင်းကို ကျတာ။ ကျောင်းကတော့ ရစရာမရှိအောင်ကို ပျက်စီးသွားတယ်” လို့ တောင်ကုတ်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ‌ပြောပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ သံတွဲ၊ တောင်ကုတ်၊ ဂွ နဲ့ အမ်းမြို့တို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုးစားနေပြီး မကြာခင် ထိန်းချုပ်နိုင်တော့မယ်လို့ ဝါဒဖြန့်ချီနေတာလည်း ဖြစ်ပါတယ်။

အာရက္ခတိုင်းမ်စ် သတင်းဌာနအနေနဲ့ ဆက်လက်ပြီး တင်ဆက်ပေးသွားပါမယ်။

Photo – APM

Related posts

မင်းပြားနဲ့ ကျောက်တော် ဗုံးကြဲခံရလို့ ပြည်သူ ၁ ဦး အကျဉ်းထောင်ဆေးဝန်ထမ်း ၁ ဦး နဲ့ ကလေး ၁ ဦး သေဆုံး

ကပစ ၁၆ အနီးတိုက်ပွဲတွင် စကမ အလောင်း ၂၀ ကျော်နဲ့ လက်နက်ခဲယမ်းများ AA ရရှိ

ဆောကို မိတ္ထီလာတပ်ကနေ ဒုတိယအကြိမ် စစ်အင်အား ထပ်မံပို့ဆောင်