ဂွမြို့နယ်ကို စကမက နေ့စဉ်ရက်ဆက် လက်နက်ကြီးနဲ့ ပစ်ခတ်နေ

အာရက္ခတိုင်းမ်စ် (၂၄ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ဂွမြို့နယ်က ကျေးရွာတွေကို စစ်ကော်မရှင်ရဲ့ နေဗီကနေ လက်နက်ကြီးနဲ့ နေ့စဉ် ရက်ဆက် ဆိုသလို ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ ၂၂ ရက်နေ့ ညက ဆိုရင် နေဗီ ၃ စီးကနေပြီးတော့ လက်နက်ကြီးနဲ့ ၁၅ ခါတောင် ပစ်တယ်” လို့ ဂွမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်က စစ်ကော်မရှင်ရဲ့ နေဗီ ၃ စီးကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ဂွချောင်းမကြီး အနီးရှိ ရေလယ်ကျောက်ပုံပေါ် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

“ ပြီးခဲ့တယ် ၂၀ ရက်နေ့ ညကလည်း ဂွမြို့ဖက်ကို နေဗီကနေ ၅ ကြိမ် ပစ်တယ်။ ဘယ်နေရာကို ကျတယ်တော့ မသိဘူး။ ပြည်သူတွေ အတော်လေး သတိထား နေနေရတယ်” လို့လည်း သူက ထပ်မံ ပြောပါတယ်။

စစ်ကော်မရှင်ဟာ နိုဝင်ဘာလ ၂၁ ရက် နေ့ခင်းဖက်တွင် ဂွမြို့နယ် ကျိန္တလီမြို့ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချခဲ့လို့ ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်က လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို နေ့စဉ်ဆိုသလို လေကြောင်း၊ ရေကြောင်းကနေ တိုက်ခိုက်လျက် ရှိနေတာကြောင့် အာရက္ခတပ်တော်က ရက္ခိုင်ပြည်က ပြည်သူတွေ သတိထားနေထိုင်ကြဖို့ အသိပေး တိုက်တွန်းထားပါတယ်။

Related posts

ညသန်းခေါင် ဂျက်ဖိုက်တာနဲ့ ကျောက်တော်ကို ဗုံးကြဲ(Breaking News)

၂၀၂၇ အတွင်း ကျန်မြို့ကို သိမ်းမယ့် AA ကို တရုတ်သဘောထား ဘယ်လိုရှိနိုင်လဲ

မင်းပြားကို စကမ လေယာဉ် ၈ စီးနဲ့ ဗုံးပတ်ကြဲ(Breaking News)

3 Comment

auto 790 ဖေ‌ဖော်ဝါရီ 24, 2026 - 8:28 ညနေ

A convenient car catalog https://auto.ae/catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.

https___ja_ffen မတ် 12, 2026 - 4:48 မနက်

Sprawdz poradnik analog vs digital fpv, jesli szukasz najlepszych wskazowek przy wyborze kamery FPV na start.
Sprawdzenie kompatybilnosci mechanicznej i elektrycznej pozwoli uniknac problemow podczas montazu.

rent yacht montenegro 802 မေ 5, 2026 - 2:01 ညနေ

rent a yacht Montenegro https://rent-a-yacht-montenegro.com

Add Comment