အာရက္ခတိုင်းမ်စ် (၃ ဒီဇင်ဘာ ၂၀၂၅)
ပလက်ဝခရိုင်တွင် ဒီဇင်ဘာလ ၁ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ခူမီးနှစ်သစ်ကူးပွဲတော်ကို အာရက္ခတပ်တော်ရဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ခူမီးနှစ်သစ်ကူးပွဲတော်ကို ခူမီးစာပေနဲ့ယဥ်ကျေးမှုအသင်းက ဦးဆောင်ကျင်းပတာလည်း ဖြစ်ပါတယ်။
“ ခူမီးလူမျိုးများဟာ ရှေးယခင်နှစ်များကပင် နှစ်စဉ်နှစ်တိုင်း ခူမီးသက္ကရာဇ် နှစ်ဆန်း (၁) ရက်၊ ဒီဇင်ဘာ ၁ ရက်နေ့ကို ခူမီးလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်အဖြစ် အထွဋ်တမြတ် တန်ဖိုးထားပြီး နှစ်သစ်ကူးပွဲတော် ကျင်းပပြုလုပ်ခဲ့ပါတယ်” လို့ ခူမီးစာပေနဲ့ယဉ်ကျေးမှုအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
အဆိုပါ ခူမီးနှစ်သစ်ကူးပွဲတော် ကျင်းပနိုင်ရေးအတွက် အာရက္ခတပ်တော် တာဝန်ရှိသူများက ငွေကျပ် ၅ သိန်း ထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။
“ ခူမီးလူမျိုးတို့ တန်ဖိုးထားတဲ့ နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ရန် လိုအပ်ပြီး အခက်အခဲများကို သက်ဆိုင်ရာ အစိုးရဌာနများက စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” လို့ အာရက္ခတပ်တော်က တာဝန်ရှိသူတဦးက ပြောပါတယ်။
အဆိုပါ ခူမီးနှစ်သစ်ကူးပွဲတော်ကို ဘာသာရေးခေါင်းဆောင်များ၊ မျိုးနွယ်စုခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ ခူမီးစာပေနဲ့ယဉ်ကျေးမှုအသင်းဝင်များ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ခရိုင်ပါတီကော်မတီဝင်များ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဌာနဆိုင်ရာများနဲ့ခူမီးလူမျိုးများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Photo & Ref: APM
2 Comment
phbuwenaslogin… the name is a mouthful! From what I saw, looks like a straightforward login page. If you’re already a member, should be easy peasy. If not, well, maybe look into what phbuwenas actually *is* first! Log in into phbuwenaslogin, if you dare!
Alright, who’s chasing the big one? Jackpot777br seems promising enough. The name alone gets you pumped, doesn’t it? I’ve put a few quid in, haven’t hit the jackpot YET, but there’s always tomorrow! See if you have better luck at jackpot777br.