NewsPolitic

ခူမီးနှစ်သစ်ကူးပွဲတော် AA တက်ရောက်

အာရက္ခတိုင်းမ်စ် (၃ ဒီဇင်ဘာ ၂၀၂၅)

ပလက်ဝခရိုင်တွင် ဒီဇင်ဘာလ ၁ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ခူမီးနှစ်သစ်ကူးပွဲတော်ကို အာရက္ခတပ်တော်ရဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ခူမီးနှစ်သစ်ကူးပွဲတော်ကို ခူမီးစာပေနဲ့ယဥ်ကျေးမှုအသင်းက ဦးဆောင်ကျင်းပတာလည်း ဖြစ်ပါတယ်။

“ခူမီးလူမျိုးများဟာ ရှေးယခင်နှစ်များကပင် နှစ်စဉ်နှစ်တိုင်း ခူမီးသက္ကရာဇ် နှစ်ဆန်း (၁) ရက်၊ ဒီဇင်ဘာ ၁ ရက်နေ့ကို ခူမီးလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်အဖြစ် အထွဋ်တမြတ် တန်ဖိုးထားပြီး နှစ်သစ်ကူးပွဲတော် ကျင်းပပြုလုပ်ခဲ့ပါတယ်” လို့ ခူမီးစာပေနဲ့ယဉ်ကျေးမှုအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါ ခူမီးနှစ်သစ်ကူးပွဲတော် ကျင်းပနိုင်ရေးအတွက် အာရက္ခတပ်တော် တာဝန်ရှိသူများက ငွေကျပ် ၅ သိန်း ထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။

“ခူမီးလူမျိုးတို့ တန်ဖိုးထားတဲ့ နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ရန် လိုအပ်ပြီး အခက်အခဲများကို သက်ဆိုင်ရာ အစိုးရဌာနများက စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” လို့ အာရက္ခတပ်တော်က တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါ ခူမီးနှစ်သစ်ကူးပွဲတော်ကို ဘာသာရေးခေါင်းဆောင်များ၊ မျိုးနွယ်စုခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ ခူမီးစာပေနဲ့ယဉ်ကျေးမှုအသင်းဝင်များ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ခရိုင်ပါတီကော်မတီဝင်များ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဌာနဆိုင်ရာများနဲ့ခူမီးလူမျိုးများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Photo & Ref: APM

Related posts

စစ်ကောင်စီဟာ “စစ်ရှုံးတပ်” ဖြစ်နေပြီလို့ AA ပြော

Rakhita Times

ရက္ခိုင်မှာ မိုးဆက်ကြီးနိုင်

Rakhita Times

မင်းပြားတွင် သြဂုတ်လအတွင်း သိန်း ၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

Rakhita Times

133 comments

Leave a Comment