ငလုံးစုရွာ ဗုံးကြဲခံရမှုကြောင့် သေဆုံးသူများတွင် သက်ကြီးရွယ်အိုနှစ်ဦး နဲ့ အသက်မပြည့်သူတဦးပါဝင်

အာရက္ခတိုင်းမ်စ် (၁၄ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ငလုံးစု အထက်ရွာနဲ့ အောက်ရွာကို စစ်ကော်မရှင်က ဒီဇင်ဘာ ၁၁ ရက်၊ ညပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ရှစ်ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဆိုပါတယ်။

ဒီဖြစ်စဉ်မှာ သေဆုံးခဲ့သူတွေထဲ အမျိုးသား ငါးဦး နဲ့ အမျိုးသမီး သုံးဦး သေဆုံးခဲ့ပြီး ၎င်းတို့အနက် အသက် ၁၇ နှစ် ကနေ အသက် ၈၇ အရွယ်ထိ ပါဝင်တယ်လို့ သိရပါတယ်။

“ အများစုက စစ်ရှောင်နေကြတာ။ ရွာမှာ ကျန်တာက အနည်းစုလောက်ပဲ။ ရွာခံတွေက တခြားမှာ စစ်ရှောင်နေရာကနေ ရွာခဏပြန်လာတဲ့ချိန် ခုလို ဗုံးကြဲခံရတာ” လို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါ့အပြင် အဆိုပါ ဖြစ်စဉ်အတွင်း အသက် ၁၅နှစ် ကနေ အသက် ၆၈ နှစ်အရွယ်ရှိတဲ့ အမျိုးသား ၉ ဦး နဲ့ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၁၆ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

Related posts

ဘင်္ဂလား ငါးခိုးဖမ်းသမားများ ရက္ခိုင်ရေပိုင်နက်ထဲထိ ဝင်ရောက် ဒါးမြတိုက်နေ

မီးလောင်မြေသို့ သွားရောက်ခြင်း

မြောက်ဦးတွင် ကလေးငယ် ၄ ဦးကို မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်အားထုတ်သူ ၁ ဦးကို ဒီလပ် ဖမ်းဆီး