NewsPolitic

ငလုံးစုရွာ ဗုံးကြဲခံရမှုကြောင့် သေဆုံးသူများတွင် သက်ကြီးရွယ်အိုနှစ်ဦး နဲ့ အသက်မပြည့်သူတဦးပါဝင်

အာရက္ခတိုင်းမ်စ် (၁၄ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ငလုံးစု အထက်ရွာနဲ့ အောက်ရွာကို စစ်ကော်မရှင်က ဒီဇင်ဘာ ၁၁ ရက်၊ ညပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ရှစ်ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဆိုပါတယ်။

ဒီဖြစ်စဉ်မှာ သေဆုံးခဲ့သူတွေထဲ အမျိုးသား ငါးဦး နဲ့ အမျိုးသမီး သုံးဦး သေဆုံးခဲ့ပြီး ၎င်းတို့အနက် အသက် ၁၇ နှစ် ကနေ အသက် ၈၇ အရွယ်ထိ ပါဝင်တယ်လို့ သိရပါတယ်။

“အများစုက စစ်ရှောင်နေကြတာ။ ရွာမှာ ကျန်တာက အနည်းစုလောက်ပဲ။ ရွာခံတွေက တခြားမှာ စစ်ရှောင်နေရာကနေ ရွာခဏပြန်လာတဲ့ချိန် ခုလို ဗုံးကြဲခံရတာ” လို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါ့အပြင် အဆိုပါ ဖြစ်စဉ်အတွင်း အသက် ၁၅နှစ် ကနေ အသက် ၆၈ နှစ်အရွယ်ရှိတဲ့ အမျိုးသား ၉ ဦး နဲ့ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၁၆ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

Related posts

တောင်ကုတ် ကင်းတောင် ရွာမကို စစ်ကောင်စီဗုံးကြဲ

Rakhita Times

စစ်မှုထမ်းရန် လာရောက်တဲ့ ၁၃ နှစ်ရွယ် ကလေးကို မိဘထံ AA ပြန်အပ်

Rakhita Times

နတ်ရေကန်ကို အင်အင်ဖြည့်တဲ့စစ်ကြောင်း ၃ မိုင်အလိုတွင် တပ်ပျက်ပြေး

Rakhita Times

983 comments

Leave a Comment