NewsPolitic

ငလုံးစုရွာ ဗုံးကြဲခံရမှုကြောင့် သေဆုံးသူများတွင် သက်ကြီးရွယ်အိုနှစ်ဦး နဲ့ အသက်မပြည့်သူတဦးပါဝင်

အာရက္ခတိုင်းမ်စ် (၁၄ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ငလုံးစု အထက်ရွာနဲ့ အောက်ရွာကို စစ်ကော်မရှင်က ဒီဇင်ဘာ ၁၁ ရက်၊ ညပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ရှစ်ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဆိုပါတယ်။

ဒီဖြစ်စဉ်မှာ သေဆုံးခဲ့သူတွေထဲ အမျိုးသား ငါးဦး နဲ့ အမျိုးသမီး သုံးဦး သေဆုံးခဲ့ပြီး ၎င်းတို့အနက် အသက် ၁၇ နှစ် ကနေ အသက် ၈၇ အရွယ်ထိ ပါဝင်တယ်လို့ သိရပါတယ်။

“အများစုက စစ်ရှောင်နေကြတာ။ ရွာမှာ ကျန်တာက အနည်းစုလောက်ပဲ။ ရွာခံတွေက တခြားမှာ စစ်ရှောင်နေရာကနေ ရွာခဏပြန်လာတဲ့ချိန် ခုလို ဗုံးကြဲခံရတာ” လို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါ့အပြင် အဆိုပါ ဖြစ်စဉ်အတွင်း အသက် ၁၅နှစ် ကနေ အသက် ၆၈ နှစ်အရွယ်ရှိတဲ့ အမျိုးသား ၉ ဦး နဲ့ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၁၆ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

Related posts

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွင် တရားမဝင် ပြင်ပအရက်ကို ဒီလပ် ဖမ်းဆီး

Rakhita Times

မြွေပွေးကိုမှ ခါးပိုက်ပိုက်ခဲ့မိတဲ့ ငါ့အဖြစ်

Rakhita Times

AA သင်တန်းပေးခဲ့တဲ့ နွေဦးတော်လှန်ရေးတပ် သင်တန်းဆင်း

Rakhita Times

983 comments

Leave a Comment