မင်းပြားခရိုင်က ကူးတို့များ စနစ်တကျလုပ်ဆောင်ထားခြင်း ရှိ၊ မရှိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စစ်ဆေး

အာရက္ခတိုင်းမ်စ် (၃ မတ် ၂၀၂၆)

ရက္ခိုင်ပြည် မင်းပြားခရိုင်အတွင်း လေလံအောင်ထားတဲ့ ကူးတို့များ စနစ်တကျ လုပ်ဆောင်နေခြင်း ရှိ၊ မရှိကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မြေပြင်ဆင်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

လေလံအောင်မြင်ထားတဲ့ ကူးတို့ပိုင်ရှင်တွေအနေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တရားဝင်သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာရမယ့်အချက်များ နဲ့ အခွန်အခများကိုလည်း စနစ်တကျပေးဆောင်ရန် ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကူးတို့ပို့ဆောင်ရာတွင်လည်း ပြည်သူများ အသက်အန္တရာယ်မဖြစ်စေရေးအတွက် အသက်ကယ်ဆယ်ရေးအင်္ကျီ (သို့မဟုတ်) ဂါလံဘူးများကို လှေပေါ်တွင်တင်ဆောင်ထားရန်၊ လှေပေါ်မူတည်ပြီး လူဆန့်သလောက်သာ တင်ဆောင်သွားရန်နဲ့ ကူးတို့ဆိပ်ကမ်းများကိုလည်း စနစ်တကျ ပြုလုပ်ရန် လိုအပ်ကြောင်း အသိပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကွင်းဆင်းစစ်‌ဆေးမှုကို အာရက္ခပြည်သူ့တော်လှန်းရေးအစိုးရ မြို့နယ်ဒီလပ်ဌာန၊ အခွန်ဌာန၊ စည်ပင်ဦးစီးဌာနနဲ့ မီးသတ်ဌာနများက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့တာလို့လည်း သိရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ လေလံလုပ်ငန်းများက ရရှိလာတဲ့ ဝင်ငွေများကို ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးနဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ပြန်လည်အသုံးချသွားမှာဖြစ်ပြီး နောင်ကာလများတွင်လည်း စည်းကမ်းလိုက်နာမှု ရှိ၊ မရှိ ကို ဆက်လက် စောင့်ကြည့် စစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။

Ref & Photo-Golden Era Media

Related posts

ကျောက်ဖြူတွင် ဂျိုင်ရိုကော်ပတာများ စတင်လေ့ကျင့်နေ

မာန်အောင်လေဆိပ်ကို ATR 72-600 လေယာဉ် ဆင်းနိုင်အောင် လုပ်မယ်လို့ ရွေးတုအစိုးရ ပြော

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ NDEP နဲ့ ဒီမိုလက်ညှိုးအတုများ

6 Comment

Casino_wjkt မတ် 24, 2026 - 3:33 မနက်

Casino Pinco предоставляет доступ к современным слотам и популярным играм.
Casino Pinco
Современные технологии обеспечивают стабильность и комфорт.

Casino_ywkt မတ် 24, 2026 - 5:37 မနက်

Casino Pinco предоставляет доступ к современным слотам и популярным играм.
Pinco Casino
Служба поддержки работает оперативно и профессионально.

Casino_kdkt မတ် 25, 2026 - 1:33 ညနေ
Casino_kokt မတ် 26, 2026 - 2:25 ညနေ
CoreySen မေ 5, 2026 - 9:51 မနက်

Apres une navigation complete https://www.bonback.com/forum/topic/49692/le-meilleur-casino-fran%C3%A7ais-en-ligne-%E2%80%93-notre-guide-ultime-pour-jouer-gagnant casino promotion casino je note une bonne ergonomie avec une bonne securite.

Add Comment