အာရက္ခတိုင်းမ်စ် (၁၃ ဧပြီ ၂၀၂၆)
ရက္ခိုင် နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး မကြာမီ ပြန်လည်စတင်တော့မယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်နယ်ဝန်ကြီး Md Rajib Ahsan က ပြောကြားခဲ့တယ်လို့ Jago News 24 တွင် ရေးသား ဖော်ပြထားပါတယ်။
“ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား နယ်စပ်ကုန်သွယ်ရေးကို Teknaf Land Port ကတဆင့် မကြာမီ ပြန်လည်စတင်တော့မယ်” လို့ ဘင်္ဂလားဒေ့ရှ် ပြည်နယ်ဝန်ကြီး Md Rajib Ahsan က ပြောကြားခဲ့ပါတယ်။
အချိန်ကြာမြင့်စွာ ရပ်ဆိုင်းနေခဲ့ပြီးနောက် လုပ်ငန်းပြန်လည်စတင်ရန် ပြင်ဆင်မှုများကို ပြန်လည်သုံးသပ်နေတယ်လို့ ဧပြီလ ၇ ရက်က ဆိပ်ကမ်းသို့ သွားရောက်လည်ပတ်စဉ် ဘင်္ဂလားဒေ့ရှ် ပြည်နယ်ဝန်ကြီး Md Rajib Ahsan က ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ရက္ခိုင်ပြည် မောင်တောမြို့နယ်ရှိ ကညင်ချောင်းစီးပွားရေးဇုန် (Kanyin Chaung Economic Zone) နဲ့ ၂ မိုင်ခန့်အကွာ နတ်မြစ်ကမ်းဘေးတွင် တည်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ့ဖ် (Teknaf) ဆိပ်ကမ်းကို ရေကြောင်းခရီး ၁၅ မိနစ်ခန့်သာ ကွာဝေးတာလည်း ဖြစ်ပါတယ်။
စစ်ကော်မရှင်လက်ထက်တွင် ရက္ခိုင်ကနေ ရေချိုငါး၊ ကြက်သွန်၊ ဂျင်း၊ အုန်းသီး၊ ငါးခြောက်နဲ့ အခြားသော လယ်ယာထွက်ကုန်များကို အဓိကတင်ပို့ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ ပလတ်စတစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနဲ့ အဝတ်အထည်များကို အဓိကတင်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။