၁၀၅ မိုင်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဒံပေါက်လှူဒါန်း

အာရက္ခတိုင်းမ်စ် (၁၅ ဧပြီ ၂၀၂၆)

ရှမ်းပြည် တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်းအတွင်းရှိ ကျင်စန်းကျော့ကုန်သွယ်ရေးဂိတ်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ စုပေါက်းပြီး ပြည်သူတွေကို ဒံပေါက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“မနေ့ကပေါ့ ၁၄ ရက် မနက်ပိုင်းက ကားကြီးဝန်းမှာရှိတဲ့ ပြည်သူတွေကို ဒံပေါက်လှူတယ်။ ပြီးတော့ ဘုန်းတော်ကြီးကျောင်းမှာလည်း ဒံပေါက်ဆွမ်းကပ်တယ်” လို့ မူဆယ်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ မိုင်းယု ၁၀၅ မိုင်၊ အောက်နမ့်ဟွယ်ကျေးရွာရှိ ဇေယျမင်္ဂလာကျောင်းတိုက်တွင်လည်း ဒံပေါက်ဆွမ်း လှူဒါန်း ဆက်ကပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ကျင်စန်းကျော့နယ်စပ် ကုန်သွယ်ရေးဂိတ်ပေါက်အပါအဝင် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကို ညီနောင်မဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ကတော့ အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ပဲ ဖြစ်ပါတယ်။

Related posts

စကစ က ငပြီကျွန်းကို ကမ်းတက်တိုက်ခိုက်နေချိန်တွင် AA က စစ်တွေမြို့နယ်ကို တန်ပြန်ထိုးစစ်ဆင်

ထိခိုက်သေဆုံးမှု များနေလို့ ပုသိမ် နတခကို စစ်ကောင်စီ အင်အားထပ်ဖြည့်

ဂျပန် SV လိဂ်အဖွင့်မှာ ရက္ခိုင်သူ မရည်မွန်မြတ် MVP ဆုရ