NewsPolitic

၁၀၅ မိုင်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဒံပေါက်လှူဒါန်း

အာရက္ခတိုင်းမ်စ် (၁၅ ဧပြီ ၂၀၂၆)

ရှမ်းပြည် တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်းအတွင်းရှိ ကျင်စန်းကျော့ကုန်သွယ်ရေးဂိတ်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ စုပေါက်းပြီး ပြည်သူတွေကို ဒံပေါက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“မနေ့ကပေါ့ ၁၄ ရက် မနက်ပိုင်းက ကားကြီးဝန်းမှာရှိတဲ့ ပြည်သူတွေကို ဒံပေါက်လှူတယ်။ ပြီးတော့ ဘုန်းတော်ကြီးကျောင်းမှာလည်း ဒံပေါက်ဆွမ်းကပ်တယ်” လို့ မူဆယ်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ မိုင်းယု ၁၀၅ မိုင်၊ အောက်နမ့်ဟွယ်ကျေးရွာရှိ ဇေယျမင်္ဂလာကျောင်းတိုက်တွင်လည်း ဒံပေါက်ဆွမ်း လှူဒါန်း ဆက်ကပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ကျင်စန်းကျော့နယ်စပ် ကုန်သွယ်ရေးဂိတ်ပေါက်အပါအဝင် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကို ညီနောင်မဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ကတော့ အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ပဲ ဖြစ်ပါတယ်။

Related posts

TNLA ဥက္ကဌ ရဲ့ မိခင် ကွယ်လွန်လို့ AA ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

Rakhita Times

မာန်အောင်မှာ တနေ့ ၂နာရီသာ လျှပ်စစ်မီးရရှိ

Rakhita Times

အရပ်သားပြည်သူတွေ တိုက်ခိုက်ခံရမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက အာရုံစိုက်ကြရန် HDCO တိုက်တွန်း

Rakhita Times

22 comments

Leave a Comment