ရက္ခိုင်ကိုပို့မယ့် ဘိလပ်မြေအိတ် ၈၅၀ ကို ဘင်္ဂလားဒေ့ချ်ရေတပ် ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၂၁ ဧပြီ ၂၀၂၆)

ဘင်္ဂလားဒေ့ချ်နိုင်ငံကနေ ရက္ခိုင်ပြည်ကို တင်ပို့မယ့် ဘိလပ်မြေအိတ် ၈၅၀ ကို ဧပြီလ ၁၉ ရက် ညဖပ်က ဘင်္ဂလားဒေ့ချ်ရေတပ် (နေဗီ) တစီးကနေ ဘုတ်နဲ့ ကုန်ပစ္စည်းများကို ဖမ်းဆီးခဲ့တယ်လို့ Bangladesh Navy က ဧပြီလ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီလ ၁၉ ရက် ည ၁၁ နာရီခန့်အချိန်တွင် ဘင်္ဂလားဒေ့ချ်ရေတပ် (နေဗီ) တစီးကနေ ဘင်္ဂလားဒေ့ချ်နိုင်ငံ စိန့်မာတင်ကျွန်း မီးလင်းတိုင်ကနေ ၁၂ မိုင်ခန့်အကွာတွင် ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

“တာကာငွေ ၁၅.၁ သန်း တန်ဖိုးရှိတဲ့ ဘိလပ်မြေအိတ် ၈၅၀ နဲ့အတူ ကုန်သည် ၁၁ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်” လို့လည်း ဆိုပါတယ်။

အဆိုပါ ဖမ်းဆီးခံရသူတွေနဲ့ ပစ္စည်းများကို သက်ဆိုင်ရာ အာဏာပိုင်များထံ လွှဲပြောင်းပြီး ဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

အလားတူ ရက္ခိုင်ပြည်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ဘိလပ်မြေတင်ဆောင်လာတဲ့ မူဆလင် ၈ ဦးကို ‎ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် (Bangladesh Coast Guard) က မတ်လ ၂၇ ရက်မှာလည်း ဖမ်းဆီးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်အနေနဲ့ ‎မှောင်ခိုရောင်းဝယ်မှုကို ကာကွယ်ရန်အတွက် ရေကြောင်းမှောင်ခိုကူးမှုနဲ့ လူကုန်ကူးမှု တားဆီးရေး ကမ်းရိုးတန်းစောင့်တပ်ရဲ့ စစ်ဆင်ရေးတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Related posts

အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်းတွင် ကလေး ၁၂ ယောက်ထိ ရှိလာ

အမ်းမြို့နယ်က မိန်းကလေးငယ်ကို ပညာဆက်လက်သင်ယူနိုင်ရန် ထောက်ပံ့ကူညီထား

စာရေးဆရာ ဝေဟင်အောင် ULA ဗဟိုကတဆင့် သိန်း ၂ ထောင်လှူဒါန်း

1 Comment

exigen.com.au ဇူလိုင် 22, 2026 - 11:09 မနက်

usa online casino

References:
exigen.com.au

Add Comment