ရမ်းဗြဲ အနီး စစ်သင်္ဘောတွေ ရပ်နားထားလို့ တံငါသည်တွေ စားဝတ်နေရေး ခက်ခဲနေ

အာရက္ခတိုင်းမ်စ် (၂၂ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည် ရမ်းဗြဲမြို့နယ်ရှိ ပင်လယ်တွင် စစ်သင်္ဘောတွေ ရပ်နားထားလို့ ရမ်းဗြဲမြို့နဲ့ ကျောက်နီမော်ရွာက တံငါသည်တွေ စားဝတ်နေရေး ခက်ခဲနေတယ်လို့ သိရပါတယ်။

“၁၂ ရက်နေ့မှာ ကျောက်နီမော်က ငါးဖမ်းလှေတစီးကို စစ်တပ်က ဖမ်းပြီးတော့ ဖမ်းမိထားတဲ့ ငါးနဲ့ ငါးဖမ်းပစ္စည်းတွေ သိမ်းသွားပြီး နောက်တခါ ထမ်းဖမ်းခံရရင် သတ်ပစ်မယ်လို့ပြောပြီး ပြန်လွှတ်လိုက်တော့ ဘယ်သူမှ ပင်လယ်ထဲ ငါးဖမ်းမထွက်ရဲကြတော့ဘူး။ ငါးဖမ်းမထွက်ရဲတာ ၁၀ ရက်ရှိလာပြီ။ စားဝတ်နေရေး တကယ်ကို ကျပ်တည်းနေကြပြီ” လို့ ရမ်းဗြဲမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဧပြီလ ၁၂ ရက်က စစ်သင်္ဘော ၂ စီး ရပ်နားထားပေမယ့် ဧပြီလ ၁၉ ရက်မှာတော့ ၄ စီးအထိ ရပ်နားထားပြီး ရမ်းဗြဲမြို့နယ်ကို ဒရုန်းတွေနဲ့ ကင်းထောက် နေတယ်လို့လည်း သိရပါတယ်။

စစ်ကော်မရှင်ရဲ့ စစ်သင်္ဘော ၄ စီးရဲ့ တည်နေရာတွေဟာ ရမ်းဗြဲကျွန်း၊ ကျောက်နီမော်ရွာနဲ့ တောင်ကုတ်မြို့နယ် ကျောင်းချောင်းရွာကြား ပင်လယ်ပြင်မှာ ဖြစ်ပါတယ်လို့ TNISO က အတည်ပြုထားပါတယ်။

Copernicus ဂြိုလ်တုဓါတ်ပုံမှာ ကျောင်းချောင်းရွာအရှေ့မြောက်ဘက်မှာ မီးလောင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မီးခိုးလုံးကို မြင်တွေ့ရပြီး (အစိမ်းရောင် အဝိုင်းကွက်) ဒီဒေသဟာ ပင်လယ်ကမ်းစပ်ဖြစ်ကာ စိုစွတ်တဲ့ သဘာဝပတ်ဝန်းကျင် ရှိတာကြောင့် တောမီးလောင်တာ ဖြစ်ဖို့ ရာခိုင်နှုန်းနည်းပါတယ်။ အဲဒါကြောင့် မြန်မာစစ်တပ်က ကမ်းစပ်တွေကို ဒရုန်းကနေတဆင့် ဗုံးကြဲမှုတွေကြောင့် မီးလောင်တာ ဖြစ်နိုင်ခြေရှိပါတယ်လို့လည်း TNISO က ဆိုပါတယ်။

Related posts

အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်းတွင် ကလေး ၁၂ ယောက်ထိ ရှိလာ

အမ်းမြို့နယ်က မိန်းကလေးငယ်ကို ပညာဆက်လက်သင်ယူနိုင်ရန် ထောက်ပံ့ကူညီထား

စာရေးဆရာ ဝေဟင်အောင် ULA ဗဟိုကတဆင့် သိန်း ၂ ထောင်လှူဒါန်း

3 Comment

https://iraqitube.com/@annabelleheste?page=about ဇွန် 26, 2026 - 1:06 မနက်

References:

Cherokee casino west siloam springs https://iraqitube.com/@annabelleheste?page=about

thefusionflix.com ဇွန် 27, 2026 - 6:52 ညနေ

References:

Legiano Casino Bewertung thefusionflix.com

https://adufoshi.com ဇွန် 29, 2026 - 12:29 မနက်

References:

Legiano Casino Auszahlung https://adufoshi.com

Add Comment