ကြောင်လျှာရွာအနီးက ရွေးတုအစိုးရ တပ်စွဲထားတဲ့ တောင်ကုန်း ၂ ခု AA သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၃ ဇွန် ၂၀၂၆)

ဧရာဝတီတိုင်း ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ရိုးမအစပ်ရှိ ရွေးတုအစိုးရ တပ်စွဲထားတဲ့ တောင်ကုန်း ၂ ခုကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ဇွန်လ ၁ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“ကြောင်လျှာကျေးရွာနားက စစ်တပ်ရဲ့ စိုးမိုးတောင်ကုန်းလို့ ခေါ်မှာပေါ့။ ခြေကုတ်စခန်းကုန်း ၂ ခုကို AA နဲ့ မဟာမိတ်တွေ သိမ်းပိုက်လိုက်တယ်။ သုံ့ပန်း အရှင် ၁၀ ယောက်လည်း ရလိုက်တယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဧရာဝတီတိုင်း သာပေါင်း၊ ရေကြည် နဲ့ လေးမျက်နှာမြို့နယ်တွေမှာ အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ တိုက်ပွဲတွေပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

ရွေးတုအစိုးရက သာပေါင်းမြို့နယ်က မရမ်းချို၊ ညောင်မှော်သောင်တန်း၊ ရွှေရင်မျှော်ကုန်း၊ ဘုရားကြီး စတဲ့နေရာတွေမှာ စစ်မှုထမ်းဆင်း တပ်သားသစ်တွေကို အင်အားဖြည့်တင်းထားတယ်လို့ သိရပါတယ်။

ရွေးတုအစိုးရက အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေကို ခုခံရန်အတွက် ပုသိမ်မြို့ ငဝန်မြစ်အတွင်းက ဘုရာကြီးကျေးရွာတဝိုက်မှာ စစ်ရေယာဉ်တွေ အထိုင်ချဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

Related posts

AA ပစ်လိုက်တဲ့ လက်နက်ကြီးကျည် စစ်တွေက စစ်တပ်သင်တန်းကျောင်းကို ကျရောက်ပေါက်ကွဲ

မွတ်ဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ အရေးပါတဲ့ တရုတ်ရဲ့ကဏ္ဍ

စစ်တွေမြို့ထဲကို လက်နက်ကြီး ၅ ခုခန့် ကျရောက်ပေါက်ကွဲ