စစ်တွေခရိုင်တွင် AA က မိုင်း အလုံး ၂၀၀ ခန့် ရှင်းလင်းနိုင်ခဲ့

အာရက္ခတိုင်းမ်စ် (၁၈ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေခရိုင်တွင် အာရက္ခတပ်တော်က မေလ တစ်လအတွင်း မိုင်း အလုံးရေပေါင်း ၂၀၀ ခန့် ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

“မိုင်း အမျိုးအစားတွေက စုံတော့ စုံတယ်။ အလုံး ၁၉၉ လုံးကို ရှင်းလင်းနိုင်ခဲ့တယ်” လို့ စစ်တွေခရိုင်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်က ရှင်းလင်းနိုင်ခဲ့တယ် မိုင်းများမှာ MA4 အမျိုးအစားမိုင်း (၁၅၀) လုံး၊ MA2 အမျိုးအစားမိုင်း (၁၆) လုံးနဲ့ MA1 (တိုက်မိုင်း) အမျိုးအစားမိုင်း (၃၃) လုံး ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မိုင်းများကို စစ်တွေခရိုင်အတွင်းရှိ မြို့နယ်များက ရွေးတုအစိုးရတပ်ရဲ့ တပ်ရင်း၊ တပ်စခန်း အနီးဝန်းကျင်နဲ့ အများပြည်သူသုံး ကားလမ်းမ ဘေးယာတွင် ရှင်းလင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အလားတူ မတ်လ အတွင်းကလည်း အာရက္ခတပ်တော်က စစ်တွေခရိုင်အတွင်း မိုင်းအလုံးရေ ၁၉၆ လုံး နဲ့ ဖေဖော်ဝါရီလက မိုင်းအလုံးရေ စုစုပေါင်း ၂၆၂ လုံးကို ရှင်းလင်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်အန္တရာယ်ပညာပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်များ၊ မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေမှုများလည်း ဆက်လက် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
Photo – APM

Related posts

AA က ရွေးတုတပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေ

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ၇ ကြိမ်မြောက် အလှူငွေကို HDCO ကတဆင့် လှူဒါန်း

သံတွဲကို ရွေးတုတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ