ဂွမြို့နယ်က ကျိန္တလီနဲ့ ရေကျော်ရွာကို ရွေးတုအစိုးရ ဗုံးကြဲ၊ ပြည်သူ ၆ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၆ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ဂွမြို့နယ်က ကျိန္တလီမြို့နဲ့ ရေကျော်ရွာကို ရွေးတုအစိုးရက ဇွန်လ ၂၇ ရက် (ဒီကနေ့) ညနေဖက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ ညနေ ၃ နာရီကျော်လောက်မှာ ရေကျော်ရွာကို အရင်ချတယ်။ ပြီးတော့ ကျိန္တလီကို ချခဲ့တယ်။ နှစ်နေရာကို ၁၀ မိနစ်လောက် ခြားပြီးတော့ ချသွားတာ” လို့ ဂွမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ်ဟာ ရေကျော်ရွာကို ပေါင် ၅၀၀ ဗုံးတစ်လုံးနဲ့ ပေါင် ၃၀၀ ဗုံးတစ်လုံး ၂ လုံး ကြဲချခဲ့ပါတယ်။ အဆိုပါ ဗုံးကြဲချမှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိသွားသူမှာ အသက် ၁၀ နှစ်အရွယ် မောင်ထက်မြတ်သူ၊ အသက် ၁၃ နှစ်အရွယ် မဆုမြတ်မွန်၊ အသက် ၃၅ နှစ်အရွယ် ကိုဆန်းမင်း၊ အသက် ၄၅ နှစ်အရွယ် ဦးဝေရာမင်းနဲ့ အသက် ၇၅ နှစ်အရွယ် ဦးဖိုးနီ ဖြစ်တယ်လို့ သိရပါတယ်။

“ ကျိန္တလီကို ဒီနေ့ထပ်ကြဲတာ ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့လေ။ အမှတ် ၂ ရပ်ကွက်ထဲကို ကျတယ်” လို့ ကျိန္တလီမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့သူကတော့ ကျိန္တလီမြို့က အသက် ၁၈ နှစ်အရွယ် မဆောင်းဟေမာန်ခင် ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရွေးတုအစိုးရတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရှိသူတွေကို ဆေးကုသမှုပေးနေတယ်လို့လည်း သိရပါတယ်။

Photo – APM (ဓာတ်ပုံ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်)

Related posts

ကြက်တောပြင်ကနေ ကျောက်ဖြူကို မသွားဖို့ AA ပိတ်ထား

ကျောက်ဖြူတွင် ရွေးတုအစိုးရ ထိုးစစ်မဆင်ဘဲ အထိနာခဲ့တဲ့ နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်နေ

AA အပါ ညီနောင်မဟာမိတ်အဖွဲ့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဖျက်ဆီး