မောင်တောတွင် တစ်ရက်အတွင်း မြေမြှုပ်မိုင်း ၃၅ လုံး AA ရှင်းလင်း

အာရက္ခတိုင်းမ်စ် (၄ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် မောင်တောမြို့နယ်တွင် ရွေးတုအစိုးရတပ်နဲ့ ARSA၊ RSO တို့ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း ၃၅ လုံးကို အာရက္ခတပ်တော်က တစ်ရက်တည်း ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

“မနေ့က ၃ ရက်နေ့ကပေါ့ လဘော်ဇားတံတားနားကနေပြီးတော့ ဂေါင်ညာရွာနားအထိ မိုင်းရှင်းလင်းရေးတွေ လုပ်တာမှာ မြေမြှုပ်မိုင်း ၃၅ လုံးကို ရှင်းလင်းပေးနိုင်ခဲ့တာ” လို့ မောင်တောမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ရှင်းလင်းနိုင်ခဲ့တဲ့ မြေမြှုပ်မိုင်း အမျိုးအစားတွေကတော့ M-14 အမျိုးအစား မြေမြှုပ်မိုင်းတွေဖြစ်တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၁ ရက် ကလည်း မောင်တောမြို့က ရွေးတုအစိုးရတပ် တပ်စွဲနေခဲ့တဲ့ အမှတ် (၇၆၆) တပ်ရင်းနေရာ၊ ကားလမ်းမနဲ့ မြကန်သာဆည်အနားတွင် စစ်ကျန် M-14 မိုင်း (၇၈) လုံးကို ရှင်းလင်းပေးခဲ့ပါတယ်။

အလားတူ အာရက္ခတပ်တော်က ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၅ ရက် နဲ့ ၆ ရက် မှာ မောင်တောမြို့နယ်အတွင်းက မြေမြှုပ်မိုင်း ၁၂၈ လုံးကိုလည်း ရှင်းလင်းပေးခဲ့ပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ သူစစ်ရှုံးနယ်မြေတွေမှာ မြေမြှုပ်မိုင်း မြောက်များစွာကို မြှုပ်နှံထားခဲ့တာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်အန္တရာယ်ပညာပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်များ၊ မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေမှုများလည်း ဆက်လက် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

Related posts

ရခိုင်ဘုရင် သီရိသုဓမ္မရာဇာ၏ သက်တော်စောင့် ဂျပန်လူမျိုးဆာမူရိုင်းများကို ရှာဖွေခြင်း – ၂ (နိဂုံးပိုင်း)

စစ်တွေမြို့က မွတ်ဆလင်ကျေးရွာကို ဝမ်းပျက်ဝမ်းလျှောကြောင့် လော့ဒေါင်းချထား

သံတွဲ ကျောက်ကြီး ဗုံးကြဲခံရမှုတွင် ဒဏ်ရာရရှိသူတွေကို ULA က ၁၁၅ သိန်း ထောက်ပံ့

1 Comment

zimerov ertover ဩဂုတ် 2, 2026 - 12:51 ညနေ

I like this web blog so much, saved to my bookmarks.

Add Comment