ချင်းတောင်ပိုင်းတွင် AA အင်အား ၈၀၀ ခန့် တပ်ဖြန့်ထားလို့ ရွေးတုအစိုးရ ခန့်မှန်း

အာရက္ခတိုင်းမ်စ် (၆ ဇူလိုင် ၂၀၂၆)

ချင်းပြည်တောင်ပိုင်းဖြစ်တဲ့ မင်းတပ်၊ ကန်ပက်လက် စစ်မျက်နှာတွင် အာရက္ခတပ်တော်က စစ်အင်အား ၈၀၀ ခန့် တပ်ဖြန့်ထားတယ်လို့ ရွေးတုအစိုးရက ခန့်မှန်းထားကြောင်း သိရပါတယ်။

“ စစ်ထောက်လှမ်းရေးတွေဘက်က အာရက္ခတပ်ရဲ့ အင်အား ၈၀၀ ဝန်းကျင်ခန့် ဖြည့်တင်းထားတယ်လို့ ဆိုပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

စစ်ကောင်စီရဲ့ အင်အားထောင်ကျော်ပါတဲ့ ချင်းတောင်ပိုင်း ထိုးစစ်ကို အာရက္ခတပ်တော်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ပူပေါင်းပြီး အောင်မြင်စွာ ဟန့်တားထားနိုင်တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမန်ကလည်း ပြောကြားထားပါတယ်။

ရွေးတုအစိုးရတပ်က ချင်းတောင်ပိုင်း စစ်မျက်နှာကို အင်အား ၂၀၀၀ ဝန်းကျင် အသုံးပြုထားပြီး တစ်လကျော်ကာလအတွင်း ရာနဲ့ချီပြီး သေဆုံးမှုတွေ ရှိထားပြီး အင်အား အလုံးအရင်း ပြန်လည် ဖြည့်တင်းနိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

“ အာရက္ခတပ်ရဲ့ အင်အား ၈၀၀ ဆိုတဲ့ သတင်းသာ မှန်ကန်ခဲ့မယ်ဆိုရင် ချင်းတော်လှန်ရေးတပ်တွေဘက် အင်အား ၇၀၀ ဝန်းကျင် ရှိတယ်ဆိုပါစို့ ။ (ခန့်မှန်းချက်မျှသာ ဖြစ်ပါတယ် ) စုစုပေါင်း အင်အား ၁၅၀၀ ခန့်ရှိမယ့် ပတ်လည်ခံစစ်ကို အကြမ်းဖက်တပ်ဘက် အင်အား ၄၅၀၀ အသုံးပြုနိုင်မှသာ ရရှိပါလိမ့်မယ်။ လေကြောင်း အရေးသာမှုဆိုတဲ့ အချက်ကို ထည့်တွက်မယ်ဆိုပါက အင်အား ၃၀၀၀ မဖြစ်မနေ သုံးစွဲရပါလိမ့်မယ်” လို့လည်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

ချင်းပြည်တောင်ပိုင်းကို ပြန်ထိန်းချုပ်နိုင်ဖို့အတွက် အင်အား နှစ်ထောင်လောက်ထိ အသုံးပြုခဲ့တဲ့ ရွေးတုအစိုးရတပ်ရဲ့ ထိုးစစ်ကို ချင်းပြည်သူ့တပ်မတော် အနေနဲ့ အာရက္ခတပ်တော်အပါ အခြားမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး အောင်မြင်စွာ ဟန့်တားနိုင်ခဲ့တယ်လို့ ဆလိုင်းယောမန်က ဆိုထားပါတယ်။

Related posts

ရေကြည်မှာ စစ်ရေးရှုံးနိမ့်နေလို့ ကွင်းကောက်ကို ရွေးတုအစိုးရ စစ်ကား ၁၀ စီး အင်အားဖြည့်တင်း

တိုက်ပွဲကြားက စစ်ရှောင်ကလေးနဲ့ ငွေကြေးမပြည့်စုံတဲ့ ကလေးတွေကို ဦးစားပေး ပညာသင်ပေးနေ

သံတွဲ လက်ပံစုရွာတွင်လည်း လေဆင်နှာမောင်းတိုက်လို့ အိမ် ၂၀ ကျော် ပျက်စီး