မောင်တောတွင် တစ်ရက်အတွင်း မိုင်း ၆၇ လုံး AA ရှင်းလင်းပေး

အာရက္ခတိုင်းမ်စ် (၂၆ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် မောင်တောမြို့နယ်တွင် အာရက္ခတပ်တော်က ဇူလိုင်လ ၂၅ ရက် တစ်ရက်အတွင်း ရွေးတုအစိုးရတပ်နဲ့ ARSA၊ RSO တို့ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း အလုံးရေ ၆၇ လုံး ရှင်းလင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ဒီတစ်ခါ တပ်တော်က ရှင်းလင်းပေးခဲ့တဲ့ နေရာတွေက မူဆလင်တွေ အများစု သွားလာကြတဲ့ လမ်းတလျောက်ကို ရှင်းပေးခဲ့တယ်။ မနက် ၇ နာရီကနေ နေ့လည် ၁ နာရီလောက်ထိ ရှင်းပေးတာ၊ ၆၇ လုံး ရှင်းလင်း ရရှိခဲ့တယ်” လို့ မောင်တောမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်က ရက္ခိုင်ပြည် မောင်တောမြို့နယ် ဇူလာ (မူဆလင်)၊ ဟိုရီတာလာ(မူဆလင်)၊ ဤတာလီယာ(မူဆလင်)၊ ဇာင်တီလာ (မူဆလင်) စတဲ့ ရွာချင်းဆက်လမ်းတလျောက်ကို ရှင်းလင်းပေးခဲ့တာလည်း ဖြစ်ပါတယ်၊

တွေ့ရှိခဲ့တဲ့ မြေမြှုပ်မိုင်း အမျိုးအစားတွေကတော့ M-14 အမျိုးအစားတွေ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ဇူလိုင်လ ၃ ရက်ကလည်း ရက္ခိုင်ပြည် မောင်တောမြို့နယ်တွင် ရွေးတုအစိုးရတပ်နဲ့ ARSA၊ RSO တို့ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း ၃၅ လုံးကို အာရက္ခတပ်တော်က တစ်ရက်တည်း ရှင်းလင်းနိုင်ခဲ့ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်အန္တရာယ်ပညာပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်များ၊ မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေမှုများလည်း ဆက်လက် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်ပြည်ရဲ့ ၉၂ ရာခိုင်နှုန်းကျော်ကို AA ထိန်းချုပ်ထား

ဂွမြို့နယ်က ဆေးကုသစရိတ် မတတ်နိုင်တဲ့ ၈တန်းကျောင်းသားအတွက် အကူညီလိုအပ်နေ

စက်ဘီးဝယ်ပြီးအပြန် ကားတိုက်လို့ ထိုင်းတွင် ရက္ခိုင်လူမျိုး ခမီအမျိုးသမီးတစ်ဦးသေဆုံး