အမ်းထိုးစစ်ကို ဟန့်တားရန် AA က နတ်ရေကန်ကို မသိမ်းဘဲ တာဝါတိုင်စခန်းကိုသာ အခြေကုပ်ထား

အာရက္ခတိုင်းမ်စ် (၂၉ ဇူလိုင် ၂၀၂၆)

ရွေးတုအစိုးရရဲ့ အမ်းမြို့နယ်ကို ထိုးနိုင်တဲ့ ထိုးစစ်ကို ဟန့်တားနိုင်ရန် အာရက္ခတပ်တော်က မသိမ်းဘဲ တာဝါတိုင်စခန်းတွင်သာ အခြကုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

“သဘာဝဓာတ်ငွေ့ပိုက်လိုင်း Sub Station ရှိတဲ့ တာဝါတိုင်စခန်းကုန်းကို ခြေကုပ်ယူထားပြီး အကြမ်းဖက်တပ်ရဲ့ အမ်းရိုးမချီ စစ်ကို ဟန့်တားထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ပန်းတောင်းတပ်နယ် ညောင်ကျိုးစစ်မျက်နှာမှာကဲ့သို့ ညောင်ကျိုးဗျူဟာကုန်းစခန်းကို ခြေကုပ်ယူထားပြီး ဆင်လန်ကနေတဆင့် လေသာတောင်ကို ဖြတ်ကျော်လာမယ့် အကြမ်းဖက်စစ်ကြောင်းတွေကို ဟန့်တားထားသလိုမျိုး ဖြစ်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

အာရက္ခတပ်တော်အနေနဲ့ နတ်ရေကန်ကမ္ဘာလုံးစခန်းကို သိမ်းနိုင်ခဲ့ရင် ပဒါန်းတပ်နယ်ကို ခြိမ်းခြောက်နိုင်ပေမယ့် နတ်ရေကန်ကမ္ဘာလုံးစခန်းဟာ လေကြောင်းပစ်မှတ်တစ်ခုဖြစ်ပြီး မကွေးလေတပ်စခန်းဌာနချုပ်နဲ့ အလွန်နီးကပ်လို့ မသိမ်းတာ ဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။

“တာဝါတိုင်စခန်းမှာ Sub Station ရှိနေတာကြောင့် စစ်တပ်ဘက်က လက်နက်ကြီးရော လေကြောင်းရော လက်လွယ်စပါယ် အသုံးမပြုရဲတဲ့ အခွင့်အရေး အပြည့်အဝ ရယူထားခြင်း ဖြစ်ပါတယ်” လို့လည်း CDM ဗိုလ်ကြီးဇင်ယော်က ထပ်မံ ဆိုပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရတပ်ရဲ့ ၂၂၇ ပွိုင့်ကုန်း အနောက်ဘက် ၁.၁ ကီလိုမီတာခန့်အကွာတွင် တပ်စွဲထားတဲ့ ပထမ ကာကင်းကုန်းနေရာနဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်တွင် ၂၂၇ ပွိုင့်ကုန်းကနေ ၁ ကီလိုမီတာခန့် အကွာအဝေးရှိ ဒုတိယ ကာကင်းကုန်း (တာဝါတိုင်စခန်းကုန်း) တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပါတယ်။

အလားတူ ၂၀၂၆ ခုနှစ် ဇွန်လ ၁၇၊ ၁၉၊ ၂၁ ရက်များတွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရတပ်ရဲ့ ပွိုင့် ၂၈၈၊ ပွိုင့် ၁၈၈ နဲ့ ပွိုင့် ၁၄၈ ကုန်းတို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပါတယ်။

Related posts

သမိုင်းသစ်ကာလသို့ လျှောက်လှမ်းရာဝယ်

AA လှုပ်ရှားနေတယ်ဆိုပြီး ငေါတောင်ကို ရွေးတုတပ် ဗုံးကြဲဖျက်ဆီး

စစ်တွေမှာ လျှပ်စစ်မီးပေး၊ မီးကြိုးမဝယ်နိုင်သူ များပြား