ဧရာဝတီကို ရွေးတုအစိုးရက ဗျူဟာမှူးများပို့ကာ AA ထိုးစစ်ကို ခုခံခိုင်းနေ

အာရက္ခတိုင်းမ်စ် (၂၉ ဇူလိုင် ၂၀၂၆)

ဧရာဝတီတိုင်းက မြို့နယ် ၂ ခု မှာ ရွေးတုအစိုးရက ဗျူဟာမှူးများကို ရှေ့တန်းပို့ကာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ခုခံရန် ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

“လောလောဆယ် သိရတာကတော့ ဗျူဟာမှူး ၃ ယောက်ကို ရေကြည် နဲ့ သာပေါင်းမြို့နယ်ထဲက ရွာတွေကို ပို့ထားတယ်။ ဒီရက်ပိုင်းထဲ ရောက်လာကြတာ။ လက်နက်တွေလည်း အများကြီး ပါလာတယ်ပြောတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရက ပို့လိုက်တဲ့ ဗျူဟာမှူးတွေဟာ ရေကြည်မြို့နယ်က ကမ္ဘား‎ကြီးရွာနဲ့ သာပေါင်းမြို့နယ်က သဲဖြူရွာမှာ တပ်ထိုင်ထားတယ်လို့လည်း ဒေသခံ‌တွေက ဆိုပါတယ်။

ရက္ခိုင်ပြည်နဲ့ ဧရာဝတီအစပ်တွင် ဖြစ်ပွားနေတဲ့ အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ တိုက်ပွဲအတွင်း အာရက္ခတပ်တော်ရဲ့ လက်ကြောင့် ရွေးတုအစိုးရတပ်က ဗိုလ်မှူးအဆင့် အရာရှိတွေပါ သေဆုံးမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရတပ်ရဲ့ ၂၂၇ ပွိုင့်ကုန်း အနောက်ဘက် ၁.၁ ကီလိုမီတာခန့်အကွာတွင် တပ်စွဲထားတဲ့ ပထမ ကာကင်းကုန်းနေရာနဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်တွင် ၂၂၇ ပွိုင့်ကုန်းကနေ ၁ ကီလိုမီတာခန့် အကွာအဝေးရှိ ဒုတိယ ကာကင်းကုန်း (တာဝါတိုင်စခန်းကုန်း) တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဇွန်လ ၁၇၊ ၁၉၊ ၂၁ ရက်များတွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရတပ်ရဲ့ ပွိုင့် ၂၈၈၊ ပွိုင့် ၁၈၈ နဲ့ ပွိုင့် ၁၄၈ ကုန်းတို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပါတယ်။

Related posts

မင်းပြားနဲ့ ပေါက်တော မြို့အမည်ပြောင်းပွဲကို တစ်နေ့တည်း တစ်ချိန်တည်း ပြုလုပ်

အမ်းထိုးစစ်ကို ဟန့်တားရန် AA က နတ်ရေကန်ကို မသိမ်းဘဲ တာဝါတိုင်စခန်းကိုသာ အခြေကုပ်ထား

နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို ရက် ၁၀၀ အတွင်း မဖြေရှင်းနိုင်လို့ စောမြရာဇာလင်းပြော