အဥ္ဇနပူရမြို့ ရွှေပြည်စိုးရပ်ကွက်နေပြည်သူများ ကမ်းပြိုမှုကြောင့် အကူအညီ လိုအပ်နေ

အာရက္ခတိုင်းမ်စ် (၃၀ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် အဥ္ဇနပူရမြို့ ရွှေပြည်စိုးရပ်ကွက်နေ ပြည်သူတွေဟာ ကမ်းပါးပြိုမှုတွေကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

“စားရေးပါ နေရေးပါ တောင်းဆိုရဖို့ ဖြစ်နေတယ်။ မဟုတ်ရင် ဘယ်က ဝယ်နိုင်ဖို့လဲ။ အရီးမတို့မှာ သားသမီးအထောက်အကူလည်း ချမ်းသာတာကော မရှိ၊ ဒီနေ့ရမှ ဒီနေ့စားရတယ် အားလုံး ဒီနားကလူတွေက တစ်ယောက်လည်း ချမ်းသာတဲ့သူကော မရှိ၊ အားလုံးဆင်းရဲတယ်။ ဒီနေ့ရမှ ဒီနေ့စားရတယ်။ မဆိုကောင်းဆိုကောင်း မီးကြီးလောင်ရင်တောင် နေရာကျန်ခဲ့တယ်။ ပြန်ဆောက်လို့ရတယ်။ ဗုံးကြဲခဲ့လည်း နေရာတစ်ခု ကျန်ခဲ့တယ်။ ပြန်ဆောက်လို့ ရတယ်။ အခု ကမ်းပြိုတဲ့အခါ အရီးတို့ ဘယ်နေရာမှာ ဆောက်နေဖို့လဲ အခု ဆောက်ဖို့ နေရာကော မရှိ။ အဲဒါကြောင့်နဲ့ အရီးမတို့က စားရေး သောက်ရေး နေရေး ထိုင်ရေးကို တောင်းဆိုချင်တယ်” လို့ ရွှေပြည်စိုးရပ်ကွက်နေ ဒေါ်မြရီမေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဥ္ဇနပူရမြို့ ရွှေပြည်စိုးရပ်ကွက်ကို မြစ်ရေတိုက်စားမှာကြောင့် ယခုအခါ ပေ ၃၀ ခန့် (ဝါး ၃ ပြန်) ကမ်းပါးပြိုကျခဲ့တယ်လို့လည်း သိရပါတယ်။

“အခုက စားရေး သောက်ရေး ဒုက္ခကျနေတယ်။ နေဖို့ ထိုင်ဖို့ မရ လုပ်ဖို့ ကိုင်ဖို့ မရ၊ နံပတ် ၁ အချက်က ရေကြောင်းကို ပြောင်းပေးရဖို့” လို့ ဦးစောရွှေသာကလည်း အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

လမ်းမတော်ရပ်ကွက်နဲ့ ရွှေပြည်စိုးရပ်ကွက်တို့ လူနေအိမ် ၂၀ နီးပါး မြစ်ထဲသို့ ပါသွားခဲ့ပြီး လက်ရှိမှာတော့ ကမ်းပါးပြိုသွားတာနဲ့ ပါသွာတဲ့ အိမ်ကလူတွေကတော့ နီးစပ်ရာ ဆွေမျိုး၊ မိတ်ဆွေတွေခြံမှာ တဲထိုးနေကြသူတွေရှိသလို့ စုပေါင်းနေထိုင်ကြသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Related posts

သမိုင်းသစ်ကာလသို့ လျှောက်လှမ်းရာဝယ်

AA လှုပ်ရှားနေတယ်ဆိုပြီး ငေါတောင်ကို ရွေးတုတပ် ဗုံးကြဲဖျက်ဆီး

စစ်တွေမှာ လျှပ်စစ်မီးပေး၊ မီးကြိုးမဝယ်နိုင်သူ များပြား