AA တပ်ဖွဲ့ဝင် ၂၀ အပါ ၃၂ ဦး အလင်းဝင်တယ်လို့ ရွေးတုအစိုးရ ဝါဒဖြန့်

အာရက္ခတိုင်းမ်စ် (၃၀ ဇူလိုင် ၂၀၂၆)

အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင် ၂၀ အပါအဝင် တော်လှန်ရေးတပ်ဖွဲများက တပ်ဖွဲ့ဝင် စုစုပေါင်း ၃၂ ဦး အလင်းဝင်ရောက်လာတယ်လို့ ရွေးတုအစိုးရက ဇူလိုင်လ ၂၉ ရက်မှာ ဝါဒဖြန့်ချီခဲ့ပါတယ်။

ရွေးတုအစိုးရထံ အာရက္ခတပ်တော်မှ အလင်းဝင်လာသူများမှာ ဂွမြို့နယ်က ၄ ဦး၊ သံတွဲမြို့နယ်က ၆ ဦး၊ တောင်ကုတ်မြို့နယ်က ၁ ဦး၊ မင်းပြားမြိုနယ်က ၁ ဦး၊ ရမ်းဗြဲမြို့က ၁ ဦး၊ မြေပုံမြို့က ၂ ဦး၊ ပလက်ဝမြို့နယ်က ၃ ဦး၊ ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်က ၁ ဦး ၊ လေးမျက်နှာမြို့နယ်က ၁ ဦး တို့ဖြစ်တယ်လို့ ဆိုပါတယ်။

လားတူ အလင်းဝင်လာတဲ့ PDF တပ်ဖွဲ့ဝင်များမှာ ဧရာဝတီတိုင်း ရေကြည်မြို့နယ်က ၂ ဦး၊ ပုသိမ်မြို့နယ်က ၂ ဦး၊ ဓနုဖြူမြို့နယ်က ၂ ဦး၊ လေးမျက်နှာမြို့နယ်က ၃ ဦး၊ အင်္ဂပူမြို့နယ်က ၁ ဦး၊ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က ၁ ဦး၊ ဒဂုန်ဆိပ်ကမ်းမြို့နယ်က ၁ ဦး ဖြစ်ပြီး BPLA က နှစ်ဦးပါဝင်တယ်လို့လည်း ဆိုပါတယ်။

အလင်းဝင်လာသူများဟာ လက်နက်ခဲယမ်းတွေဖြစ်တဲ့ မောင်းပြန်ရိုင်ဖယ် ၂ လက်၊ MA 2 မောင်းပြန်ရိုင်ဖယ် ၁ လက်၊ BA – 63 ၂ လက်၊ Type- 81 ၅ လက်၊ M 22 ၁ လက် ၊ LM -16 ပါရီ ၁ လက်၊ AK – 47 ၁ လက်၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၆ လုံး၊ ကျည်မျိုးစုံ ၄၅၆ တောင့်နဲ့ ကျည်အိမ်မျိုးစု ၂၀ တိုကို အပ်နှံခဲ့ပြီး အလင်းဝင်လာသူများကို ၁ ဦးလျှင် ဆုကြေးငွေ ၃ သိန်း စီပေးခဲ့ပြီး လက်နက် တစ်ခုစီအတွက် သိန်း ၅၀ စီ ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဆိုပါအခမ်းအနားကို ရွေးတုအစိုးရတပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နဲ့ ဝန်ကြီးချုပ် ဦးအေးကျော်တို့ တက်ရောက်ခဲ့ကြပြီး၊ အမှန်စင်စစ်တွင် အလင်းဝင်လာသူများမှာ အဖွဲ့အစည်းဝင်များမဟုတ်ဘဲ တပ်တွင်းမိသားစုဝင်များကိုသာ လူစားထိုးကာ လိမ်လည်ရိုက်ကူး ပုံဖော်ခဲ့ခြင်း ဖြစ်တယ်လို့ သတင်းအထူးတပ်ဖွဲ့-ပုသိမ်က ဆိုပါတယ်။

Related posts

သမိုင်းသစ်ကာလသို့ လျှောက်လှမ်းရာဝယ်

AA လှုပ်ရှားနေတယ်ဆိုပြီး ငေါတောင်ကို ရွေးတုတပ် ဗုံးကြဲဖျက်ဆီး

စစ်တွေမှာ လျှပ်စစ်မီးပေး၊ မီးကြိုးမဝယ်နိုင်သူ များပြား