တောင်ကုတ်မှာ စက်လှေမြုပ်လို့ ၄ ဦးသေ၊ ၈ ဦး ပျောက်ဆုံးနေ

အာရက္ခတိုင်းမ်စ် (၁ သြဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် မနေ့က (၃၁ ဇူလိုင်) ညနေဖက်က စက်လှေတစ်စီး နစ်မြုပ်လို့ ပြည်သူ ၄ ဦး သေဆုံးပြှီး ၈ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

“ပညာရေ ဝန်ထမ်းတွေပါ။ အစည်းအဝေးတက်ရင် လစာ ထုတ်သွားကြတာ၊ အပြန်မှာ လှိုင်းကြီးပြီးတော့ မြုပ်သွားတာ။ ကျောင်း ဆရာ၊ ဆရာမတွေလေ။ ဖောင်းခါးနဲ့ ကလိန်တောင်ရွာတွေကို ပြေးဆွဲနေတဲ့ စက်လှေပါ” လို့ တောင်ကုတ်မြို့နယ် ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ စက်လှေနစ်မြုပ်မှုကြောင့် တောင်ကုတ်မြို့နယ်က ပန်းတင်း၊ ဖောင်းခါး၊ ကလိန်တောင်နဲ့ တန်းလွဲရွာမက ပညာရေးဝန်ထမ်းတွေ သေဆုံးခဲ့တာလို့လည်း သိရပါတယ်။

“အမျိုးမျိုးတော့ ပြောနေကြတယ်။ စက်လှေမှာ ၁၅ ယောက် ပါသွားတယ်။ တချို့ကကျတော့ ၁၃ ယောက် ပါသွားတယ်ပေါ့။ အတိအကျ သိရဖို့က ခက်ပါတယ်။ ဆက်သွယ်ရေးက အရင်လို ဖုန်းဆက်လို့လည်း ရတာမဟုတ်တော့လေ။ ညနေလောက်ဆိုရင်တော့ အတိအကျ သိရလောက်မှာပါ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

အသေစိတ် သတင်းအချက်အလက်ကို အာရက္ခတိုင်းမ်စ်က ဆက်လက် တင်ဆက်ပေးပါမယ်။

Related posts

AA က ရွေးတုတပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေ

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ၇ ကြိမ်မြောက် အလှူငွေကို HDCO ကတဆင့် လှူဒါန်း

သံတွဲကို ရွေးတုတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ