သံတွဲမြို့နယ် ကျောက်ကြီးရွာကို ရွေးတုအစိုးရ ဗုံးကြဲ(Breaking News)

အာရက္ခတိုင်းမ်စ် (၁၀ သြဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲခရိုင် သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို ရွေးတုအစိုးရတပ်က ဒီကနေ့ နေ့လည် ၁ နာရီခွဲခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကနဦး သိရပါတယ်။

“လေယာဉ်လာတာ ဒါနဲ့ဆို ၃ စီးမြောက် ရှိနေပြီ။ လောလောဆယ် ကျောက်ကြီးကိုတော့ ကြဲသွားတယ် ကြားတယ်။ ကျန်တာတော့ သေချာ မသိရသေးဘူး။ အပြင်ကို မထွက်ရဲသေးဘူး” လို့ သံတွဲမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သတင်း အသေးစိတ်ကို ဆက်လက် တင်ဆက်ပေးပါမယ်။

Related posts

စစ်တွေ-ပုဏ္ဏားကျွန်းအစပ်မှာ စစ်ကောင်စီရေတပ် စစ်ရေယာဉ်တစ်စီးကို AA က တိုက်ခိုက်ဖျက်စီး

ရက္ခိုင်မှာ စပါးတစ်တောင်း ၉ ကီလိုဂရမ် (သို့) နို့ဆီဘူး ၅၅ ဘူးထက်မပိုအောင် ULA/AA စံသတ်မှတ်

နန်းကျားရွာ ဗုံးကြဲမှု သတင်းမှန်ကြောင်း Myanmar Witness အတည်ပြု