အာရက္ခတိုင်းမ်စ် (၁၈ သြဂုတ် ၂၀၂၆)
ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ်ကို ရွေးတုအစိုးရတပ်က ဒီကနေ့ မနက်ပိုင်မှာ ထပ်မံ လာရောက် ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“တံတားဦးလေတပ်ကို ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ်တွင် မနက် ၉ နာရီ ၁၈ မိနစ်ခန့် အချိန်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ Yak-130 Fighter Jet (၁) စီး အနောက်အရပ်က ဆင်းသက်” လို့ ရွေးတုအစိုးရတပ်ရဲ့ လေယာဉ်စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။
လက်ရှိမှာတော့ ရွေးတုအိုးရတပ်က ရသေ့တောင်မြို့နယ်ကို ဗုံး ၃ လုံး ကြဲချခဲ့တယ်လို့ သိရပြီး နေရာ အတိအကျနဲ့ ပျက်စီးစာရင်းကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အလားတူ ရွေးတုအစိုးရတပ်ဟာ မနေ့ကလည်း ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းကျေးရွာကို ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ အာရက္ခတပ်တော်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်ဇီးကိုင်းကျေးရွာနေ ဒေါ်သန်းမေနု နဖူးတွင် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။