ရက္ခိုင်ရှေ့တန်းကို ပို့ခံလိုက်ရနဲ့ စစ်မှုထမ်း အပတ်စဉ် ၅ တစ်ဖွဲ့လုံးနီးပါး သေဆုံး

အာရက္ခတိုင်းမ်စ် (၁၈ သြဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် ရှေ့တန်းကို အပို့ခံလိက်ရတဲ့ ရွေးတုအစိုးရရဲ့ စစ်မှုထမ်း အပတ်စဉ် ၅ တစ်ဖွဲ့လုံးနီးပါး သေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖထံ အလင်းဝင်လာသူ တပ်သား ဝင်းထက်စိုး ထံက သိရပါတယ်။

တပ်သား ဝင်းထက်စိုးဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးနောက် စစ်မှုထမ်း အပတ်စဉ် ၅ ကို တက်ရောက်ခဲ့ရတယ်လို့ သိရပါတယ်။

တပ်သား ဝင်းထက်စိုးကို သင်တန်းဆင်းပြီးနောက်တွင် ရက္ခိုင်ပြည် ရှေ့တန်းတနေရာကို ပို့ဆောင်ခဲ့ရာ သူတို့ တစ်ပတ်စဉ်လုံးနီးပါ သေဆုံးသွားပြီး သူဟာ မသေပဲ ကျန်ရှိနေခဲ့လို့ ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၆ တပ်ရင်းကို ပြန်လည် ရောက်ရှိလာသူ ဖြစ်တယ်လို့ သိရပါတယ်။

ရေစကြိုမြို့အခြေစိုက် တပ်ရင်း ၂၅၆ ကို ပြန်လည်ရောက်ရှိလာပြီးနောက် ရွေးတုအစိုးရတပ်အတွင်း ဆက်လက် နေထိုင်လိုခြင်း မရှိတော့တာကြောင့် ဩဂုတ်လ ၁၂ ရက် ည ၈ နာရီခန့်တွင် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ထံ ဆက်သွယ်ပြီး MA3 အမျိုးအစား သေနတ်တစ်လက်နဲ့အတူ အလင်းဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။

လက်နက်နဲ့အတူ အလင်းဝင်လာရောက်လာတဲ့ တပ်သား ထက်ဝင်းစိုးကို ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ဘေးကင်းလုံခြုံစွာ သွားရောက် ခေါ်ဆောင်ခဲ့ပြီး ဆုငွေကျပ် ၂၅ သိန်းချီးမြှင့်ကာ လုံခြုံစိတ်ချရတဲ့ နေရာကို ပို့ဆောင်ထားတယ်လို့လည်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ထံက သိရပါတယ်။

Related posts

ရခိုင်ဘုရင် သီရိသုဓမ္မရာဇာ၏ သက်တော်စောင့် ဂျပန်လူမျိုးဆာမူရိုင်းများကို ရှာဖွေခြင်း – ၂ (နိဂုံးပိုင်း)

စစ်တွေမြို့က မွတ်ဆလင်ကျေးရွာကို ဝမ်းပျက်ဝမ်းလျှောကြောင့် လော့ဒေါင်းချထား

သံတွဲ ကျောက်ကြီး ဗုံးကြဲခံရမှုတွင် ဒဏ်ရာရရှိသူတွေကို ULA က ၁၁၅ သိန်း ထောက်ပံ့