AA ထံ စစ်မှုထမ်းရန် ‌ရောက်လာတဲ့ အသက်မပြည့်သေးတဲ့ ကလေး ၃ ဦးကို မိဘထံ ပြန်လည်အပ်နှံ

အာရက္ခတိုင်းမ်စ် (၁၉ သြဂုတ် ၂၀၂၆)

အာရက္ခတပ်တော်ထံ စစ်မှုထမ်းရန် ရောက်ရှိလာတဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦးကို သြဂုတ်လ ၁၈ ရက်က မိဘတွေထံ ပြန်လည် အပ်နှံခဲ့တယ်လို့ သိရပါတယ်။

အာရက္ခတပ်တာ်ထံ မိမိဆန္ဒအလျောက် စစ်မှုထမ်းရန် လာရောက်ကြတဲ့ ကလေးငယ် ၃ ဦးကတော့ ပုဏ္ဏားကျွန်းမြို့နယ် ကြံခင်းကျေးရွာက အသက် ၁၃ နှစ်အရွယ် မောင်ကျော်ဆန်းဦး၊ မောင်စိုးနိုင်ဦး နဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဝင်းမင်းသန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ကလေးငယ် ၃ ဦးဟာ သြဂုတ်လ ၁၃ မိဘတွေကို အသိမပေးဘဲ မိမိ ဆန္ဒအလျောက် အာရက္ခတပ်တော်ထံ စစ်မှုထမ်းရန် လာရောက်ခဲ့တာလို့ သိရပါတယ်။

အာရက္ခတပ်တော်က မိမိဆန္ဒအလျောက် စစ်မှုထမ်းရန် လာ‌ရောက်တဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦးကို ကလေးမိဘတွေဖြစ်တဲ့ ဦးစောမြ၊ ဦးအောင်အောင်သန်းနဲ့ ဦးမောင်တင်ရွှေထံ ပြန်လည် အပ်နှံပေးခဲ့တာလို့ သိရပါတယ်။

Ref & Photo – ONN

Related posts

ရခိုင်ဘုရင် သီရိသုဓမ္မရာဇာ၏ သက်တော်စောင့် ဂျပန်လူမျိုးဆာမူရိုင်းများကို ရှာဖွေခြင်း – ၂ (နိဂုံးပိုင်း)

စစ်တွေမြို့က မွတ်ဆလင်ကျေးရွာကို ဝမ်းပျက်ဝမ်းလျှောကြောင့် လော့ဒေါင်းချထား

သံတွဲ ကျောက်ကြီး ဗုံးကြဲခံရမှုတွင် ဒဏ်ရာရရှိသူတွေကို ULA က ၁၁၅ သိန်း ထောက်ပံ့