ဂွကနေ ငပလီထိ ကမ်းခြေတကြောကို မအလ က ရုရှားကို ရောင်းစားထား

အာရက္ခတိုင်းမ်စ် (၃ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ဂွမြို့နယ်ကနေ ငပလီမြို့နယ်အထိ ကမ်းခြေတကြောလုံးကို ရွေးတုအစိုးရ သမ္မတ မင်းအောင်လှိုင်က ရုရှားကို ရောင်းစား (ငှားစား) ထားပြီလို သိရပါတယ်။

“ဂွ ကနေ ငပလီထိကိုလေ ရုရှားကို သဘောတူညီမှူနဲ့ ရောင်းစားထားပြီးပြီ။ ရုရှားတွေက ဖူးခက်လို လုပ်ပစ်မယ်ဆိုပြီး prototype တွေတောင် ထုတ်ပြပြီးနေပြီ လွန်ခဲ့တဲ့ ၄ လ လောက်တည်းက။ အဲ့အတွက် ဆွေးနွေးပွဲကို Mercure hotel မှာ လုပ်တာ။ ဝန်ထမ်းတွေလည်း နှုတ်ပိတ်ခိုင်းထားတာ။ တက်ရောက်သူနဲ့ ဝန်ထမ်းတချို့တွေပဲ သိကြတာ။ ဒါကြောင့် ပြန်ရအောင်ရယ် ကမ်းခြေတစ်လျှောက်ရယ်ကို အတော် ပစ်မှတ်ထားနေတယ်” လို့ သတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရ သမ္မတ မင်းအောင်လှိုင်ဟာ ဩဂုတ်လ ၁၇ ရက်ကလည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံကို တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပါတယ်။

“ငပလီကမ်းခြေကို ရောင်းစား (အငှား) ခဲ့တာ သေချာလောက်တယ်။ ဘာလို့ဆို မအလ က ပေးမှ ပူတင်ကလည်း ပြန်ပေးမှာလေ။ မအလမှာက နိုင်ငံခြားငွေနည်းနေပြီ။ လက်နက်တွေကို အကြွေးလိုချင်တာနေမှာပေါ့။ အဲတော့ ငပလီကို ပေးမယ်ပြောပြီး သူလိုတာ တောင်းလိုက်တာ နေမယ်။ အဲဒါကြောင့် ဂွကနေ ငပလီထိကို ဒီကောင်တွေ လက်နက်တွေနဲ့ ခြိမ်းခြောက်ပြီး ပြန်ယူချင်တာနေမယ်။ မအလက သူကောင်းဖို့ဆို ဘာမဆို လုပ်မှာပဲ” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိင်ပြည် ဂွကမ်းခြေကနေ ငပလီကမ်းခြေအထိကို ရွေးတုအစိုးရတပ် စစ်သင်္ဘောပေါ်ကနေ ဒီကနေ့ မနက် ၁၁ နာရီက စတင်ကာ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

အလားတူ အာရက္ခဒေသ ပြည်သူများအနေနဲ့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်​ရဲ့ လေကြောင်း၊ ရေကြောင်းရန်ကို အထူးသတိထားကြရန် အသိပေးအပ်ပါတယ်လို့လည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။

Related posts

ရက္ခိုင်က မြို့ ၃ မြို့ကို ရွေးတုတပ် ဂျက် ၄ စီးနဲ့ အကြိမ် ၃၀ ခန့် တိုက်ခိုက်

ပုဏ္ဏားကျွန်းကို ရွေးတုတပ် ဗုံးကြဲနေ(Breaking News)

ဂွကနေ ငပလီကမ်းခြေထိ နေဗီကနေ လက်နက်ကြီးနဲ့ တိုက်ခိုက်နေ(Breaking News)