အာရက္ခတိုင်းမ်စ် (၁၀ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူခရိုင်အတွင်း အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်ရောဂါအဖြစ်များနေတဲ့ ကျေးရွာ ၂ ရွာကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက စက်တင်ဘာလ ၆ ရက်နဲ့ ၇ ရက်မှာ ကွင်းဆင်း ဆေးကုသပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ကျေးရွာ ၂ ရွာကို ၂ ရက်တိုင်တိုင် ဒေသခံပြည်သူ ၂၃၇ ဦးကို ကွင်းဆင်းကာ ကျန်းမာရေးဆေးစစ်ပြီး ဆေးကုသမှု ပေးခဲ့တယ်လို့ သိရပါတယ်။
ကွင်းဆင်း ဆေးကုသရာတွင် အရေးပေါ် တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team- PRT) နဲ့ ULA ပါတီဝင်များလည်း ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒေသခံပြည်သူများကို အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်တတ်တဲ့ ရောဂါများနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်နဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှာ ရာသီဥတု အေးမြ စိုစွတ်တဲ့ မိုးရာသီနဲ့ ဆောင်းရာသီတို့တွင် အဖြစ်များတဲ့ တုတ်ကွေး (Influenza)၊ လေပြွန်ရောင်ခြင်း (Bronchitis)၊ အဆုတ်ရောင်ခြင်း (Pneumonia)၊ သာမာန်အဆုတ် အအေးမိခြင်း (Common Cold) စတဲ့ ရောဂါတွေ ဖြစ်တယ်လို့ သိရပါတယ်။
Photo – အာရက္ခပြည်သူ့ ကျန်းမာရေးဌာန