မင်းတုန်းဘက်ကနေ ရက္ခိုင်ရိုးမတက်ဖို့ စစ်ကောင်စီကြိုးပမ်း၊ သေဆုံးမှုများနေ

အာရက္ခတိုင်းမ်စ် (၁ နိုဝင်ဘာ ၂၀၂၆)

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းကနေ ရက္ခိုင်ရိုးမပေါ်ကို စစ်ကောင်စီတပ်က နေ့စဉ် တက်ဖို့ ကြိုးပမ်းနေပေမယ့် ထိခိုက်သေဆုံးမှုတွေ များနေကြောင်း သိရပါတယ်။

မင်းတုန်းဒေသအနောက်ခြမ်းက ရိုးခြေကျေးရွာတွေကနေ စစ်ကြောင်း ၃ ခုနဲ့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းမဟာတပ်တွေက ပူးပေါင်း ခုခံနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ရက္ခိုင်ရိုးမပေါ်ကို ခြေကုပ်ရဖို့ လေကြောင်းတိုက်ခိုက်မှု အမျိုးမျိုး သုံးနေတယ်လို့လည်း သိရပါတယ်။

စစ်မှုထမ်းအများအပြားကို အသုံးပြုပြီး တက်ခိုင်းနေပေမယ့် ထိတွေ့မှုတိုင်းမှာ သေဆုံးသူများနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော် သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် တောင်ကုတ်မြို့ကို စစ်ကောင်စီတပ်က ပြန်သိမ်းဖို့ အနီးဆုံးနေရာ မင်းတုန်းမြို့နယ်အနောက်ဘက်ကနေ အင်အားအများအပြားနဲ့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

ရက္ခိုင်ရိုးမနဲ့ အနီးဆုံး ပြောင်း၊ ထန်းပင်ကုန်း၊ ဖြူကန်၊ ထိန်ကိုင်းနဲ့ တမာကျေးရွာတွေမှာ စစ်ကောင်စီတပ်က အနည်းဆုံး အင်အား နှစ်ထောင်ဝန်းကျင် တပ်စွဲထားတယ်လို့ သိရပါတယ်။

Related posts

မြေပုံမြို့နယ်က ဆဋ္ဌမတန်းကျောင်းသူ အာရက္ခလောင်ပေါ် ၅ ကြိမ်မြောက်မှာ ပထမဆု ကျပ်သိန်း ၁၀၀၀ ရ

ရက္ခိုင်ပြည်ရောက် စစ်ကောင်စီဗိုလ်မှူး တိုက်ပွဲမှာ သေဆုံးတယ်လို့ မိသားစုနီးစပ်သူပြော၊ အလောင်းပြန်မရ

ဝီရဌာနီမြို့ပေါ်နဲ့ ရွာချောင်းကြီးကို Y12 နဲ့ ဗုံး ၃၄ လုံးခန့် ကြဲ၊ ကလေး ၂ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရ