အာရက္ခတိုင်းမ်စ် (၁ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် မြေပုံမြို့နယ်က ဆဋ္ဌမတန်း ကျောင်းသူတစ်ဦး ၅ ကြိမ်မြောက် အာရက္ခလောင်ပေါ်မှာ အမြင့်ဆုံးဆု ကျပ်သိန်း ၁၀၀၀ ကို ကံထူးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ လောင်ပေါ်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာနက ဒီကနေ့ နိုဝင်ဘာလ ၁ ရက်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ကံစမ်းမဲကို သက်ဆိုင်ရာတာဝန်ရှိသူတွေက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖွင့်လှစ်ကျင်းပပြီး ဆုအမျိုးအစားအသီးသီးက ကံထူးရှင် လောင်ပေါ်နံပါတ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
ပထမဆုကြီး ကျပ်သိန်း ၁၀၀၀ (သန်း ၁၀၀) ကို ရရှိသူက လက်ရှိ ဆဋ္ဌမတန်း (Grade-6) ပညာသင်ကြားနေတဲ့ ကျောင်းသူ တစ်ဦးဖြစ်ပါတယ်။
ဌာနရဲ့ ထုတ်ပြန်ချက်အရ ကံထူးရှင်တွေက သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာပြီး သတ်မှတ်ကာလအတွင်း ဆုငွေကို ထုတ်ယူနိုင်ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အကောက်အခွန်ဌာနက ဦးဆောင်ပြီး အာရက္ခလောင်ပေါ်ကို ရောင်းချနေတာဖြစ်ပြီး ဒီအစီအစဉ်က တရားမဝင် လောင်းကစားလုပ်ငန်းတွေကို လျော့နည်းပပျောက်စေဖို့နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ ရန်ပုံငွေ စုဆောင်းနိုင်ဖို့ ရည်ရွယ်တာဖြစ်ကြောင်း ဌာနက ဆိုပါတယ်။