ယိုးချောင်းတံတားကို ဗုံးကြဲလို့ ၇ ဦးထက်မနည်း သေဆုံး

အာရက္ခတိုင်းမ်စ် (၁ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်၊ ဝါးတောင်ရပ်ရွာနဲ့ ပန်းဖဲချောင်းရပ်ရွာကြား စစ်တွေ-ရန်ကုန် အဝေးပြေးလမ်းမပေါ်က ယိုးချောင်းတံတားကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဒီကနေ့ ညနေ ၅ နာရီ ၂၅ မိနစ်ခန့်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဂျက်ဖိုက်တာက တံတားကို ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချခဲ့ပြီး လမ်းသွားလမ်းလာတွေအပါအဝင် ၇ ဦးထက်မနည်း သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေဆီက သတင်းရရှိခဲ့ပါတယ်။

“အကြမ်းဖက် ဖက်ဆစ် စကမ ​လေတပ်က ပြည်သူ​တွေ အဓိက သွားလာ​နေကြတဲ့ ​ကျောက်​တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကြားက ယိုး​ချောင်းတံတားကို ဗုံးကြဲဖျက်စီးသွားတယ်။ အဲဒီတံတားအနီး ဖြတ်သန်းသွားလာ​နေကြတဲ့ ပြည်သူ ၇ ဦး​သေဆုံးပြီး ၃ ဦး ဒဏ်ရာရလို့ ကနဦးသိရ” လို့ စာရေးဆရာ ဝေဟင်အောင်က ဆိုပါတယ်။

သေဆုံးသူ၊ ဒဏ်ရာရသူ အရေအတွက်က ပြောင်းလဲနိုင်ပြီး အချက်အလက်တွေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒီကနေ့ ညနေပိုင်း တစ်ချိန်တည်းမှာပဲ စစ်ကောင်စီက မြောက်ဦးမြို့ပေါ်ကိုလည်း ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

မြေပုံမြို့နယ်က ဆဋ္ဌမတန်းကျောင်းသူ အာရက္ခလောင်ပေါ် ၅ ကြိမ်မြောက်မှာ ပထမဆု ကျပ်သိန်း ၁၀၀၀ ရ

မင်းတုန်းဘက်ကနေ ရက္ခိုင်ရိုးမတက်ဖို့ စစ်ကောင်စီကြိုးပမ်း၊ သေဆုံးမှုများနေ

ရက္ခိုင်ပြည်ရောက် စစ်ကောင်စီဗိုလ်မှူး တိုက်ပွဲမှာ သေဆုံးတယ်လို့ မိသားစုနီးစပ်သူပြော၊ အလောင်းပြန်မရ