ပုဏ္ဏားကျွန်းကို ရွေးတုတပ်က တပ်မ ၁၀၁ အပြင် ALP ပါ အသုံးပြု တိုက်ခိုက်နေ

အာရက္ခတိုင်းမ်စ် (၁၆ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းကို ရွေးတုအစိုးရတပ်က စက်တင်ဘာလ ၄ ရက်က စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အဆိုပါ တိုက်ခိုက်မှုကို တပ်မ ၁၀၁ အပြင် ALP တပ်ဖွဲ့ဝင်တွေပါ အသုံးပြု တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“အကြမ်းဖက်တပ်ဟာ ပုဏ္ဏားကျွန်းတိုက်စစ်မှာ တပ်မ ၁၀၁ တစ်မလုံးအပြင် ဒေါ်စောမြရာဇာလင်း ရဲ့ ALP တပ်ဖွဲ့တွေကိုပါ အသုံးပြုထားတာကို တွေ့ရပါတယ်။ ကွမ်းတောင်ကျေးရွာတဝိုက်ကို ဒရုန်းတွေ ဖောဖောသီသီ အသုံးပြုပြီး သိမ်းပိုက်နိုင်ရေး ကြိုးစားနေတာကို တွေ့ရပါတယ်။ အာရက္ခတပ်ဘက်ကလဲ ဒရုန်းနဲ့ အပြန်အလှန် တိုက်စစ်ဆင်လာခဲ့တာကြောင့် မြေပြင်တိုက်ပွဲထက် ဒရုန်းစစ်ဆင်ရေး ဆင်နွှဲနေတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်” လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။

ဒီကနေ့မှာလည်း ရွေးတုအစိုးရတပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ နေ့လည် ၁၂ နာရီလောက်မှာ ပုဏ္ဏားကျွန်းမြို့နယ်ကို လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့နဲ့ အနီးတဝိုက်ကို စက်တင်ဘာလအတွင်း လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေပြီး စက်တင်ဘာလ ၇ ရက်က ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျကျေးရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့လို့ နေအိမ် ၄ လုံး ပျက်စီးခဲ့ရပါတယ်။

အလားတူ စက်တင်ဘာလ ၁၁ ရက်မှာလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

Related posts

ရက္ခိုင်သည် အာရီယန်မဟုတ်

AA စနိုက်ဘာလက်ချက်နဲ့ ကပစ ၁၆ တိုက်ပွဲတွင် ဗိုလ်မှူးတစ်ဦး သေဆုံး

အဥ္ဇနပူရမှာ ခိုးခံရတဲ့ စက်လှေ ၄၀ ကျော်ကို ဒီလပ်က ပိုင်ရှင်တွေဆီ ပြန်အပ်