အာရက္ခတိုင်းမ်စ် (၂၁ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် ဝီရဌာနီမြို့နယ်က ဒေသခံပြည်သူတချို့ဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်းက တိုက်ခိုက်နေတဲ့ လက်နက်ကြီးရန်ကြောင့် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“အခုလည်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒီအနီးအနားက ရွာတွေကနေ တခြားနေရာတွေကို တိမ်းရှောင်သွားကြတယ်။ ထွက်ပြေးသွားကြတာတွေ ရှိပါတယ်။ အခုလို ဗုံးကြဲတိုက်ခိုက်လို့ပါ” လို့ ဝီရဌာနီမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဝီရဌာနီမြို့နယ်က တောင်ဖူးရွာကို မနေ့က (၂၀ စက်တင်ဘာ) ညဉ့်အချိန်မှာ ဗုံး ၅ ကြိမ် လာကြဲခဲ့သလို ဒီနေ့ မနက်ပိုင်းမှာလည်း နောက်ထပ် ၃ ကြိမ်အထိ လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
“လွန်ခဲ့တဲ့ ၂ ရက်လောက်ကလည်း အဲဒီရွာကို လက်နက်ကြီးနဲ့ ပစ်တယ်။ လက်နက်ကြီး ၃ လုံးပါ။ ရွာ အနီးအနားတွေမှာကျတယ်။ ညကလည်း ၁၂ နာရီခွဲကနေ ၁ နာရီခွဲကြားထဲမှာ လေယာဉ်နဲ့လာပြီးတော့ ၄-၅-၆ ကြိမ် လာပြီးတော့ ကြဲပါတယ်။ တစ်လုံး တစ်ခေါက်။ တစ်ခေါက်ဆို လေး၊ ငါး၊ ခြောက်လုံး ကြဲပါတယ်။ မနက်ကလည်း ၅ နာရီခွဲ ၆ နာရီဝန်းကျင်မှလည်း ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်လာပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အရင်ကလည်း ဒီ ပေါက်တော တိုက်ပွဲမှာလည်း အဲဒီရွာကို စစ်တပ်က နေဗီနဲ့ ကမ်းထိုးတက်ပြီး ရွာက အိမ်ခြေ ၆၀၊ ၇၀ လောက်ကို မီးရှို့ခဲ့တာ ရှိပါတယ်” လို့ သူက အာရက္ခတပ်တော်က ထပ်မံ ပြောပါတယ်။
ရွေးတုအစိုးရတပ်က စက်တင်ဘာလ ၄ ရက်က စတင်ပြီး အာရက္ခတပ်တော် သိမ်းပိုက် ထိန်းချုပ်ထားနဲ့ နယ်မြေတွေကို စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်ခဲ့ပြီး လက်ရှိမှာတော့ အာရက္ခတပ်တော်ရဲ့ တန်ပြန်တိုက်စစ်ကြောင့် အထိနာ ရှုံးနိမ့်နေလို့ အများပြည်သူရှိရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲနေတာဖြစ်တယ်လို့ ဒေသခံတွေက စွပ်စွဲပြောဆိုကြပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီတပ် လေကြောင်းရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရ