AA နဲ့ MNDAA တို့ မိုင်းယု ၁၀၅ မိုင်တွင် ဆိုလာလမ်းမီး ၁၉၀ နီးပါး တပ်ဆင်ပေး

အာရက္ခတိုင်းမ်စ် (၂ အောကတိုဘာ ၂၀၂၆)

ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ညီနောင်မဟာမိတ်အုပ်ချုပ်ရေးဒေသ၊ မိုင်းယု ၁၀၅ မိုင်တွင် မြို့တွင်းလမ်းမတလျှောက် ဆိုလာလမ်းမီးများ တပ်ဆင်ပေးခဲ့ကြောင်း သိရပါတယ်။

တန်ဖိုး မြန်မာကျပ်ငွေ သိန်းနှစ်ရာ့ရှစ်ဆယ်ကျော် တန်ဖိုးရှိ ဆိုလာလမ်းမီး ၁၈၈ လုံးကို မိုင်းယု ၁၀၅ မိုင်အဝင်က စတင်ပြီး ကျင်စန်းကျော့လမ်းခွဲအထိ လျှပ်စစ်ဌာနနဲ့အတူ စက်တင်ဘာလ ၂၈ ရက်နေ့က စတင် တပ်ဆင်ပေးနေတယ်လို့လည်း သိရပါတယ်။

အရင်နှစ်များက တပ်ဆင်ထားတဲ့ ဆိုလာလမ်းမီးများမှာ မီးအလင်းရောင် အားနည်းသောကြောင့် ပြန်လည်ဖြုတ်သိမ်းခဲ့ပြီး အခုလို ဆိုလာအသစ် အလုံးကြီးများနဲ့ ပြန်လည် အစားထိုး တပ်ဆင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ထို့အပြင် ဖြုတ်သိမ်းခဲ့တဲ့ ဆိုလာလမ်းမီး အဟောင်းများကိုလည်း ရပ်ရွာအတွင်းတွင် ပြန်လည် တပ်ဆင်ပေးသွားမယ်လို့ သိရပါတယ်။
Photo – Mine Yu News

Related posts

ကျောက်တော်ဈေး ဗုံးကြဲခံရမှုကို စစ်လော်ဘီများက ဂြိုလ်တုပုံဟောင်းသုံး ဝါဒဖြန့်နေ

စစ်ကောင်စီရဲ့ ကျောက်တော် ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ရာဇဝတ်မှုမြောက်လို့ Fortify Rights ဆို

ကျောက်တော် ဗုံးကြဲခံရမှုအပေါ် သက်သေအထောက်အထားများ ပေးပို့ရန် IIMM တောင်းဆို